Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Friday 21 December 2012

ဒီဇင်ဘာအလွမ်း

ဆောင်းနှင်းတွေ ဝေတဲ့
ဒီဇင်ဘာကို ရောက်ခဲ့ပြန်ပြီ..
နွေရယ်မိုးရယ် မပီပြင်
ဆောင်းရာသီမရှိတဲ့မြေမှာ
အပူငွေ့ကို ငြိမ်းအေးစေတဲ့
နှင်းငွေ့တွေ မရှိ
အီကွေတာ ရပ်ဝန်းမှာ
မပျော်သော်လည်း ခရီးဆက်ရင်း
ချစ်သော နှင်းပွင့်များကို
လွမ်းမိပါသည်။

၂၁၊၁၂၊၂၀၁၂။ ၁၀း၅၈

Thursday 13 December 2012

စာတွေဖတ်ရင်း စာရေးကြမယ်


မြန်မာပြည်မှာ စာဖတ်ခြင်း၊ စာရေးခြင်း ယဉ်ကျေးမှုတရပ် ပြန့်ပွားလာအောင် စာပေပညာရှင်များနဲ့         
ဝါသနာရှင်များက အားထုတ်ကြိုးပမ်း နေကြတာကို အားကျစိတ်ဖြစ်လို့၊ ကျွန်မလည်း ၀ါသနာရှင်  တစ်ဦးအဖြစ် ပါဝင်ခဲ့မိပါပြီ။ အပြင်စီး မဂ္ဂဇင်းကြောင့် ကျွန်မအိပ်မက် မက်ဖူးတဲ့စာရေးသူဘ၀ကို ခြေလှမ်းစနိုင်ခဲ့ ပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက စာရေးချင်တဲ့ ၀ါသနာပိုးလေး ရှိနေခဲ့ပါတယ်။
ကျောင်းမှာ စာစီစာကုံးရေးတာ ကျွန်မပျော်ပါတယ်။ ကျွန်မရေးတဲ့ စာစီစာကုံးတွေ အရမ်းကြီး မကောင်းပေမဲ့ ဆရာ၊ ဆရာမတွေ သဘောကျ အောင်ရေးနိုင်ခဲ့ ပါတယ်။ ဆယ်တန်းတုန်းကဆို ရေသည်ပြဇာတ် သင်တဲ့ အချိန်မှာ အကြာခဏအိပ်ငိုက်တတ် လို့ ဆရာမက ကျွန်မကိုမကြည်ပါဘူး။ ကျွန်မရေးတဲ့ စာစီစာကုံးတွေ ဖတ်ရတော့မှ ဆရာမကျွန်မကို ပြန်ကြည်သွားပါတယ်။ ကျွန်မမှာ အဲဒီလိုအစွမ်းအစလေးတော့ ရှိခဲ့ပါတယ်။
ဆယ်တန်းစာမေးပွဲဖြေပြီးတော့ အားတဲ့အချိန်တွေမှာ စာတွေများများဖတ်ဖြစ်လာပြီး၊ စာရေးဆရာတွေကို အားကျတဲ့စိတ် ဖြစ်လာပါတယ်။ အတွေ့အကြုံတွေ ရင့်ကျက်လာတဲ့အခါ စာတွေရေးမယ်လို့ စိတ်ကူးဖြစ်ခဲ့ ပါတယ်။

Friday 2 November 2012

မိုးကလေးက အေးအေး

မိုးကလေးက အေးအေး
ချစ်ခင်သူတွေနဲ့ ဝေးဝေး
အခန်းကျဉ်းလေးထဲမှာ
တကိုယ်တည်း ဆွေးဆွေး..

Saturday 27 October 2012

အရက်ကြိုက်သော ကျွန်မရွာသားများ


မြန်မာပြည်မှာ အရက်သောက်တဲ့ ယဉ်ကျေးမှုတရပ် ထွန်းကားနေတာ စစ်တမ်းကောက်မယ်ဆိုရင် လူဦးရေတ၀က်လောက်က အရက်သောက်သူတွေ ဖြစ်မယ်ထင်တယ်။ မြန်မာအမျိုးသား အမျးစု အရက်သောက်တတ်ကြတာမို့ ကျွန်မနဲ့ ခင်မင်ရင်နှီးတဲ့ သူတွေထဲမှာ အရက်သောက်တဲ့သူတွေ တော်တော်များများ ရှိပါတယ်။ အထူးသဖြင့်တော့ ကျွန်မရဲ့ရွာသား ငယ်ပေါင်းကြီးဖော်တွေပဲ ဖြစ်ပါတယ်။

ကျွန်မတို့ရွာမှာ အမျိုးသားကိုးဆယ် ရာခိုင်နှုန်းက အရက်သောက်ကြပါတယ်။ အမျိုးသား ဆယ်ယောက်ရှိရင် ကိုးယောက်က အရက်သောက်တတ်တာ တကယ့်ဖြစ်ရပ်မှန်ပါ။ ကျွန်မအကို အကြီးဆုံးဆိုရင် ရွာမှာမောင်မူး ကို ဖြစ်လို့နေပါတယ်။ စာလိုပြောရင်တော့ Binge drinker အရက်ကို အလွန်အကျွံသောက်သူ ဖြစ်နေ ပါတယ်။ မြန်မာပြည်မှာ အရက်အလွန် အကျွံသောက်တဲ့ လူဦးရေတိုးလာတာဟာ ကောင်းသောအလား အလာ မဟုတ်ပါဘူး။

ကျွန်မချစ်တဲ့ ရွှေကရင်တွေဟာလည်း  အရက်နဲ့ထန်းရည်ကို အလွန်ကြိုက်ကြ ပါတယ်။

Thursday 18 October 2012

မနက်ဖြန်အတွက်ဆုတောင်း


မနက်ဖြန်ဆိုတာ မျှော်လင့်ချက်တခုလေလား...
ချိုတချည် ခါးတလှည့်၊
ပါရမီနဲသူတွေအဖို့
ချိုသောမနက်ဖြန်တွေက
လက်ချိုးရေနိုင်လောက်အောင်
ရှားပါးလွန်းပါတယ်။

မနက်ဖြန်မှာ
ကြုံလာရမဲ့ အချိုအခါး
ဒုက္ခတွေနဲ့ဝေးရာ

Sunday 7 October 2012

မာနနှင့်အပြိုင်


လောကမှာ အချစ်မရှိရင် နေလို့ရပေမဲ့ ရေမရှိရင်တော့ နေလို့မရဘူး”
နီလာတယောက် မကျေမနပ်နဲ့ ရေရွတ်နေပြီ။ ဒီနေ့ အဆောင်မှာ ရေပျက်လို့ တဆာင်လုံး စိတ်ညစ်နေကြ တယ်။ စနေကျောင်းပိတ်ရက်မို့ တော်ပါသေးဧ။်။ ရည်းစားနဲ့ ချိန်းထားသူတွေတော့ အပြင်ထွက်ခါနီး ရေမချိုးရလို့ တော်တော်ဒှုက္ခရောက် ကြသည်။
ကျောင်းပိတ်ရက်မှာ လျှော်ဖို့စုထားတဲ့ အ၀တ်တွေတော့ ပုပ်စော်နံနေပြီ။ အိမ်သာတွေလည်း ရေမသုံးရတော့ တော်တော် အနံ့ထွက်နေတယ်။ အဆောင်မှူး မအီကတော့ ပြောပါတယ်။ တရက်ထဲပျက်မှာပါတဲ့။ အဆောင်သူတွေ စိတ်ညစ်ညစ်နဲ့ လူစုပြီး စကားဝိုင်းဖွဲ့ နေကြလေသည်။
“သယ်ရင်းတို့သိလား.. မနေ့ကတွေ့ခဲ့တဲ့ ကိုလူချောက သင်္ချာမေဂျာက ကင်းတဲ့”
“ဟုတ်လား တော်တော်ဖြောင့် တာနော်
မိန်းကလေးတွေ ဆုံကြပြီဆိုရင် ယောက်ျားတွေအကြောင်းနဲ့ အချစ်အကြောင်း ပြောတတ်ကြတာ သဘာဝပါ။ ဘယ်ငတိကတောဖြင့် ဘယ်လို၊ ကိုအ၀ှာက ဘယ်လိုကြောင်တယ် စသဖြင့်စုံလို့။ ချစ်ဖူးသူတွေက အချစ် အကြောင်းပြောပြတဲ့အခါ အချစ်ကို စူးစမ်းချင်သူတွေက စိတ်ဝင်တစား နားထောင်ကြဧ။်။

Monday 1 October 2012

ဒရယ်ဖို

စာရေးဆရာ ချစ်စံဝင်းရေးတဲ့ စာတစ်ပုဒ်ထဲက ဟာသဆန်ဆန် ဒရယ်ဖိုအကြောင်းလေး ပြန်ပြောပြချင်တယ်။
တောကျွမ်းတဲ့ မုဆိုးတွေ ဒရယ်မောင်နှံကိုတွေ့ရင် အမကို ဘယ်တော့မှ အရင်မပြစ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ အမကို အရင်ပြစ်လိုက်ရင် ဒရယ်ဖိုက သူ့အသက်ဘေးလွတ်အောင် အမှီးတန်းနေအောင် ထွက်ပြေးသွားတာ။ အဲဒီတော့ ဒရယ်တစ်ကောင်ပဲ မိတယ်။
နှစ်ကောင်လုံးမိချင်ရင် ဒရယ်ဖိုကို အရင်ပြစ်ရတယ်တဲ့။ ဒရယ်ဖိုကို မြှားမှန်သွားရင် ဒရယ်မလေးမှာ ချစ်သူကိုပြစ်မပြေး နိုင်ပဲ အနားကမခွာနိုင် ဖြစ်နေတော့၊ မုဆိုး ဒုတိယအကြိမ် ပြစ်တဲ့ မြှားမှန်ပြီး သေပွဲဝင်ရှာတယ် ဆိုပဲ။ မုဆိုးကတော့ ဒရယ်နှစ်ကောင် တပြိုင်တည်း ဖမ်းလိုက်နိုင်တာပေါ့။
ယောက်ျားတွေကို ဒရယ်ဖိုနဲ့တော့ မနှိုင်းချင်ပါဘူး။
ဇီဇာကြောင်တယ်လို့ ပြန်ပြောမှာကြောက်လို့...:D

ဘာရယ်ဟုတ်ဘူး။ ပျော်စေပျက်စေရေးလိုက် တာပါ။

ပျော်ရွှင်ကြပါစေ...

စံပယ်ဖြူ

Sunday 30 September 2012

ရင်ခွင်မဲ့ ဘ၀များ


လောကမှာ တရားအရိပ်ပြီးရင် မိဘမေတ္တာရိပ်ထက် လုံခြုံတဲ့အရိပ် မရှိနိုင်ဘူးဆိုတာ လူတိုင်းလက်ခံထားတဲ့ အမှန်တရားပါ။ မိခင်တွေကသာ သားသမီးတွေကို အသက်ပေးပြီး စောင့်ရှောက်ကြသလို၊ ဖခင်တွေက သားသမီးတွေကို ဘ၀တခုလုံးပေးဆပ်ပြီး ကျွေးမွေးစောင့်ရှောက် ကြသူတွေပါ။ မိဘအရိပ်နဲ့ကင်းကွာပြီး ရင်ခွင်မဲ့ဘ၀နဲ့ ကြီးပြင်းရတဲ့သူတွေ ဘ၀ကိုဘယ်လို အဓိပ္ပါယ်ဖွင့်ကြမှာပါလိမ့်။
ကျွန်မ သူနာပြူတက္ကသိုလ်တက်တုန်းက ရွှေဂုံတိုင် မိဘမဲ့ကလေးထိန်းကျောင်းကို လေ့လာရေးသွားခဲ့ ရပါတယ်။ အသက် (၅)နှစ်အောက် မိဘမဲ့ကလေးတွေကို စောင့်ရှောက်တဲ့ လူမှုဝန်းထမ်းဦးစီဌာန လက်အောက်က ဌာနတခုဖြစ်ပါတယ်။ ကျွန်မတို့ ရောက်သွားတော့ ဌာနအကြီးအကဲနဲ့ ၀န်ထမ်းအချို့က ကလေးထိန်းကျောင်းရဲ့ ဆောင်ရွက်ချက်တွေနဲ့ ကျွန်မတို့ သိချင်တာတွေကို ရှင်းပြပေးပါတယ်။သူတို့ရှင်းပြတာတွေ နားထောင်ပြီးတော့ ကျွန်မတို့ ကလေးတွေနဲ့တွေ့ရ ပါတယ်။ဆင်တူဝတ်စုံတွေနဲ့ ကလေးငယ်တွေ ကျွန်မတို့ကို အပြေးအလွှား ဆီးကြိုဖက်တွယ်ကြပါတယ်။ သူတို့လေးတွေ ယုယချီပိုးခံချင်လို့ ပြေးဖက်လာကြတာပါ။ ကျွန်မတို့သူငယ်ချင်းတစုလည်း တယောက်ကို ကလေးနှစ်ယောက်စီ ချီထားကြပါတယ်။ ကြာကြာမချီနိုင်တော့ ကြမ်းပြင်မှာ တင်ပလင်ခွေထိုင်ပြီး၊ ကလေးနှစ်ယောက်ကို ပေါင်တဖက်စီပေါ် တင်ထားကြပါတယ်။ ကြင်နာယုယမှုကို အငန်းမရ လိုချင်မွတ်သိပ်နေရှာတဲ့ ရင်ခွင့်မဲ့ကလေးတွေကို မြင်ရတာ ကြေကွဲစရာကောင်းပါတယ်။

Saturday 8 September 2012

ဆေးလိပ်သောက်သူတို့ဧ။် ရှူးဖိနပ်ကိုစီးကြည့်ခြင်း


ဆေးရုံမှာ အလုပ်လုပ်တဲ့ သူနာပြုတွေ ဆရာဝန်တွေအတွက် အမှာစကားတစ်ခွန်း ရှိပါတယ်။ သင်ကိုယ်တိုင် လူနာရဲ့ရှူးဖိနပ်ထဲ ၀င်နေကြည့်ပါတဲ့။ ကိုယ်ချင်းစာရမယ်လို့ ဆိုလိုတာပါ။ ကိုယ်ချင်းစာတယ် ဆိုတာ  တခြားတယောက်ရဲ့ နေရာမှာဝင်နေပြီး ခံစားသုံးသပ်ခြင်း၊ ထပ်တူခံစားပြီး စာနာနားလည်ပေးနိုင်ခြင်း ပဲဖြစ်ပါတယ်။
လူနာတစ်ဦး မှန်မှန်ကန်ကန် ပြောတာကို သဘောကျမိ ပါတယ်။ သူနာပြုတွေ ဆရာဝန်တွေက လူနာရဲ့ ရှူးဖိနပ်ထဲ ၀င်နေကြည့်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့လေ။ လူနာရဲ့ဖိနပ်ကို သူနာပြုသမားတော် တွေ စီးလို့မတော်နိုင်ပါဘူးတဲ့။ မှန်ပါတယ်။ ကျွန်မတို့ တခြားတယောက်၇ဲ့ ဖိနပ်ကိုစီးရင် တော်ဖို့ခဲယဉ်း ပါတယ်။ စီးတဲ့ဖိနပ် နံပါတ်တူရင်တောင်မှ နည်းနည်းချောင်နေတာ၊ ကြပ်နေတာမျိုးတွေ ရှိနေပါတယ်။ သို့ကလိုပဲ လူတွေကို ထပ်တူခံစား နားလည်နိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ပါတယ်။
ဆေးလိပ်သောက်သူတွေရဲ့ ဖိနပ်ကိုစီးပြီး ကျွန်မဒီစာကို ရေးပါတယ်။ မတော်တဲ့ ဖိနပ်ကိုစီးပြီးတော့လည်း လမ်းလျှောက်လို့ ရတာပဲလေ။ ကျွန်မ ဆေးလိပ်ကိုနှစ်ခြိုက်စွာ စွဲလန်းနေတဲ့သူဆိုပါစို့။ ဘာကြောင့်ဆေးလိပ် စွဲသွားသလဲ။ ငယ်ငယ်ကပေါ့။ ရွာမှာနေတော့ လူကြီးတွေက ဆေးလိပ်မီးညှိခိုင်းတယ်လေ။ ဘာရယ်ဟုတ်ဘူး၊ ဆေးလိပ်မီးညှိရင်းနဲ့ စမ်းဖွာကြည့်လိုက်တယ်။ အဲဒီလို စမ်းဖွာကြည့်ရင်းနဲ့ ဆေးလိပ်ကိုကြိုက်ပြီး စွဲသွားတယ်။


Wednesday 5 September 2012

အပျင်းရောဂါစွဲကပ်လာ မြန်စွာကုဖို့ပြင်...


မူလတန်းဖတ်စာမှာ သင်ရတဲ့ ပျင်းရိခြင်းအကြောင်း (၆)ပါးကို မှတ်မှိကြလားမသိဘူး။ စောသည်၊ဆာသည်၊ နောက်ကျသည်နှင့် အေးသည်၊ ပူသည်၊ ပြည့်အင့်သည်ဆိုတဲ့ ပျင်းရိခြင်းအကြောင်းတွေကို ကျွန်မတော့ အလွတ်ရနေသေးတယ်။ တခါတလေ ဘာအကြောင်းမှမရှိပဲ ပျင်းတာလည်းရှိသေးတယ်။ (Being lazy without reason) အကြောင်းမရှိပဲ ပျင်းရိခြင်းမျိုးပါ။
ကျွန်မရဲ့ အပျင်းကြီးတဲ့ ၀ါသနာဗီဇအကြောင်းကို ပြောပြချင်တယ်။ ပျင်းတာကို အားကျစေချင်လို့ မဟုတ်ဘူး။ ပြောပြစရာတွေရှိနေလို့။ ငယ်ငယ်က ကျွန်မအင်မတန် ပျင်းတယ်။ အပျင်းထူလွန်းတဲ့ ကျွန်မကို အစ်မက ဘာပြောလဲသိလား။ နင်တနေ့တနေ့ အပျင်းရည်ထွက်တာကို စုထားရင် တနေ့ရေတစ်ပုံးလောက်ရမယ်လို့ ပြောပါတယ်။ တခါတလေကျတော့ ချစ်စနိုးနဲ့ ကျွန်မကိုစာသားလေး တစ်ခုရွတ်ပြပါတယ်။ “အပျင်းရောဂါ စွဲကပ်လာ မြန်စွာကုဖို့ပြင်.. မကုစားပဲအပျင်းစွဲ ငမွဲငတေပင် “ ဆိုတဲ့ စာကိုရွတ်ပြတယ်။ ငယ်သေးတော့

Sunday 2 September 2012

သူငယ်ချင်းတွေမို့

အချစ်ဦးလို့ မဆိုချင်တော့ဘူး
သူငယ်ချင်းတွေပဲမို့......
....တကယ်ဆို ဒို့နှစ်ယောက်
အတူရွှင်ပျော် ရွှေလက်တွဲဖို့
ဖူးစာနတ်မရေးခဲ့တာကို
မသိနားမလည်စွာ
အဖြူရောင်စည်းကို ကျော်ခဲ့ကြတယ်။
 
ရင်ခုန်သံတွေထပ်တူ
နှလုံးသားချင်း နီးခဲ့ဖူးသူတွေ.....

Friday 31 August 2012

မနေ့က ဝေဒနာ

မနေ့ကအကြောင်းကို ပြန်တွေးပြီး ရေးလိုက်မိပြန်ပြီ။ မနေ့က မနက်ပိုင်း ကျောင်းကိုသွား၊ ကထိကနဲ့တွေ့ပြီး ကျောင်းစာကိစ္စတွေ ပြောဖြစ်ခဲ့တယ်။ မလာယာတက္ကသိုလ် (University of Malaya) က ဆရာမတွေ စေတနာကောင်းကြ ပါတယ်။ မေတ္တာဆိုတာ အပိုင်းအခြား အကန့်အသတ်မရှိသလို၊ ဆရာနဲ့တပည့်ကြားမှာလည်း ဘာသာ လူမျိုး အသားအရောင် ဆိုတာတွေက ပိုင်းခြားကန့်သတ် နိုင်စွမ်းမရှိပါဘူး။ ကျောင်းကမပြန်ခင် စာကြည့်တိုက်မှာ စာအုပ်ငှားပြီး၊ ရွှေမြန်မာများစုဝေးရာ  ကိုတာရာယာကို သွားပါတယ်။

Thursday 30 August 2012

ဆရာမပြောတဲ့ ကိုလံဘတ်ပုံပြင်




ကျောင်းဆရာ ဆရာမတွေ စာသင်ရင်းနဲ့ ကြုံရင်ကြုံသလို ပုံပြင်ဝတ္ထုတွေ ပြောပြပြီး ကျောင်းသားတွေကို ဆုံးမကြတာကို စာသင် သားတိုင်း ကြုံဖူးကြပါလိမ့်မယ်။ ကျွန်မ ငါးတန်းတုန်းက သင်္ချာဆရာမ ဒေါ်သန်းသန်းဌေးက ကိုလံဘတ်အကြောင်းကို ပြောပြပြီး လူသဘာဝလေးကို ဖွင့်ပြခဲ့ပါတယ်။

ဆရာမပြောပြတဲ့ ကိုလံဘတ်အကြောင်းက ကျွန်မတို့ ကမ္ဘာ့သမိုင်းမှာသင်ရတဲ့ နယ်မြေသစ်ရှာဖွေတဲ့ ကိုလံဘတ်လား၊ တခြား တယောက်လားတော့ မသိပါဘူး။ ဆရာမပြောပြတာ ဒီလိုပါ။ တနေ့မှာ ရှင်ဘုရင်က ကိုလံဘတ်ရဲ့ အစွမ်းအစကို လူထုပရိတ်သတ် သိအောင်ပြချင်တဲ့အတွက် အစည်းအဝေး ဆင့်ခေါ်ပါတယ်။ တက်ရောက်လာတဲ့ ပရိတ်သတ်တွေထဲမှာ ကြက်ဥပြုတ်ကို ထောင်နိုင် တဲ့သူပါရင် ထောင်ပြဖို့ ဖိတ်ခေါ်ပါတယ်။ အချို့ပရိတ်သတ်တွေက ဘုရင်ဖိတ်ခေါ်တဲ့အတိုင်း  ကြက်ဥပြုတ်ကို ကြိုးစားထောင်ကြည့် ကြပါတယ်။ ကြက်ဥက လုံးချောနေတော့ ဘယ်သူမှရအောင် မထောင်နိုင်ကြပါဘူး။ စာဖတ်သူတွေထဲမှာ ကြက်ဥပြုတ်ကို ထောင်ပြ နိုင်တဲ့သူတွေ ပါနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ ကြက်ဥကိုထောင်လို့ ရသလဲဆိုတာလေးကို စဉ်းစားကြည့်ပြီးမှ ကိုလံဘတ်ရဲ့ နည်းလမ်းကို ဖတ်ကြည့်ရင် ပိုကောင်းပါတယ်။

ပရိတ်သတ်ထဲမှာ အစွမ်းပြမဲ့လူ မရှိတော့ဘူးဆိုတဲ့အခါ ရှင်ဘရင်က ကြက်ဥပြုတ်ထောင်ပြဖို့ ကိုလံဘတ်ကို ဖိတ်ခေါ်လိုက်ပါတယ်။ ဥာဏ်ကြီးရှင်ကိုလံဘတ်က ကြက်ဥပြုတ်ရဲ့ ထိပ်တဖက်ကို ခုံစောင်းနဲ့ အသာလေး ထုချေလိုက်ပါတယ်။ ထုချေလိုက်တော့ ကြက်ဥခွံ ကြေသွားပြီမို့၊ ကြက်ဥထိပ်တဖက်က ထောင်လို့ရအောင် ပြားသွားပါတယ်။ ဒီတော့ ကိုလံဘတ်က ထိပ်တဖက်ပြား သွားတဲ့ ကြက်ဥကို ခုံပေါ်မှာ ထောင်ပြလိုက်ပါတယ်။ ကိုလံဘတ် ကြက်ဥပြုတ်ထောင်ပြတဲ့ နည်းလမ်းက ဘာမှမခက်ပါဘူး။  လွယ်လွယ်လေး ဆိုပေမဲ့ ပုရိတ်သတ်တွေမှာမရှိတဲ့ စိတ်ကူးဥာဏ်မျိုး ကိုလံလတ်မှာရှိတာမို့ ချီးကျုးထိုက်ပါတယ်။ ဒါပေမဲ့ ဆရာမပြောပြတဲ့ ပုရိတ်သတ်ရဲ့ တုန့်ပြန်မှုက တမျိုးပါ။ ကိုလံဘတ်ကို ချီးကျူးထောပနာပြုရမဲ့အစား၊ သူ့လိုဆိုရင်တော့ ငါတို့လည်း ကြက်ဥပြုတ်ကို ထောင်ပြနိုင်တာပေါ့လို ဆိုကြသတဲ့။

ပုံပြင်ထဲက ရှင်ဘုရင်ရဲ့ ပုရိတ်သတ်တွေဟာ သူတို့မှာ ကိုလံဘတ်လို စွမ်းရည်မရှိဘူးဆိုတာကို လက်မခံကြသလို၊ ကိုလံဘတ်ရဲ့ အရည်အချင်းကိုလည်း အသိအမှတ် မပြုချင်ကြပါဘူး။ ဒါဟာ လူတွေရဲ့သဘာဝပဲ ဆိုတာကိုမြင်တတ်အောင် ဆရာမက ဒီပုံပြင် လေးနဲ့ ဥပမာပေး နှိုင်းပြခဲ့ပါတယ်။ လူတွေအများစုဟာ ကိုယ့်ကိုကိုယ်သာ အကောင်းမြင် အထင်ကြီးတတ်ကြပြီး၊ လူတဖက်သား ကို အထင်သေးလွယ် အပြစ်တင်လွယ် တတ်ကြပါတယ်။ ပညာမပြည့်တဲ့ သူတွေဟာ သူတို့သိသလောက် တတ်သလောက် ကိုအဟုတ်ကြီးထင်ပြီး၊ သူများကို အထင်ကြီးရမှန်းမသိတော့အောင် ဘောင်ကျဉ်းနေတတ် ပါတယ်။ ပညာသိပ်တတ်တဲ့ သူတွေဟာ လည်း သူသာလျှင် အသိဆုံးအတတ်ဆုံး ဆိုတဲ့မာနစိတ်နဲ့ လူတွေကို အထင်အမြင်သေးတတ် ကြပါတယ်။

ပညာရှိသူတော်ကောင်း တွေကတော့ မိမိအကြောင်းကို အမှန်တိုင်းသိကြတယ်။ မိမိအပါအ၀င်လူတိုင်းမှာ အားနည်းချက် အားသာချက်တွေ ရှိနေတာမို့ နိမ့်သူမြင့်သူအားလုံးကို တန်းဖိုးထားလေးစား တတ်ကြပါတယ်။ သူတထူးရဲ့ အရည်အချင်းနဲ့ ထူးချွန် ထက်မြက်မှုကို အသိအမှတ်ပြု ချီးကျူးဖို့ ၀န်မလေးကြ ပါဘူး။ ဒီလိုပညာရှိတွေပါဝင်တဲ့ လူအဖွဲ့အစည်းမှာဆိုရင် အချင်းချင်း အပြန်အလှန် တန်ဖိုးထားလေးစားကြသလို ညှိနှိုင်းဆွေးနွေးရာမှာ သဟဇာတဖြစ်လွယ်ကြတာမို့ အကျိုးကိုညီညာစွာ ဆောင်ရွက် နိုင်ကြပါတယ်။ မိမိရဲ့ယုံကြည်ချက်ကိုသာ ပုံသေအမှန်လို့ စွဲယူမထားပဲ တခြားတယောက်ရဲ့ သဘောထားအမြင်ကို ထည့်သွင်း စဉ်းစား ပါတယ်။ သူ့အမြင်ကိုယ့်အမြင်တွေကို စိစစ်သုံးသပ်ပြီး၊ အများစုအကျိုးရှိမဲ့ နည်းလမ်းကို ရွေးချယ်ဆုံးဖြတ်ကြတာမို့ အဖွဲ့အစည်း တိုးတက်အောင်မြင်ပြီး ရေရှည်တည်မြဲပါတယ်။ တယူသန်အတွေးနဲ့ အမြင်ကျဉ်းမြောင်း နေကြသရွေ့တော့ ညီညွတ်မှု ရဖို့ဝေးနေမှာပါ။

အရာရာ နောက်ကျကျန်နေတဲ့ မြန်မာပြည် ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ညီညီညွတ်ညွတ် အလုပ်တွေလုပ်နိုင်ဖို့ ကျွန်မတို့ သဘောထားအမြင်ကျယ် ကြရပါမယ်။ မိမိတို့ရဲ့ အားနည်းချက် အားသာချက်တွေကို အစဉ်အမြဲဆန်းစစ်ပြီး၊ အားနည်းချက်ကို ကြိုးစားပြုပြင်လို့ အားသားချက်ကို ပိုကောင်းအောင် စွမ်းဆောင်နိုင်ရပါမယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ငယ်သားတွေရဲ့ အားနည်းချက် အားသာချက်တွေကိုလည်း အရှိအတိုင်းမြင်နိုင် သုံးသပ်နိုင်ဖို့လိုပါတယ်။ ကိုယ့်မှာ မရှိတဲ့အရည်းအချင်း သူ့မှာရှိနေ တယ်ဆိုရင် အမြင်ကြည်လင်စွာ အသိအမှတ်ပြု လက်ခံနိုင်တဲ့ နှလုံးရည်ရှိကြဖို့ အရေးကြီးပါတယ်။

သဘောအမြင်ကျယ်ဖို့ ပထမဆင့်အနေနဲ့ ကျွန်မတို့ ကိုယ့်အကြောင်း အမှန်တိုင်းသိမှု (Self-Awareness) ရှိရပါမယ်။ မိမိရဲ့ အားနည်းချက် အားသာချက်အပြင်၊ ကိုယ်ရည်ကိုယ်သွေး၊ ခံယူချက်သဘောထားနဲ့ စိတ်ခံစားချက်တွေကို အရှိတိုင်းရိုးသားစွာ သိမြင်နိုင်ဖို့ အချိန်ရှိသရွေ့ လေ့ကျင့်နေရပါမယ်။ တစုံတယောက်ကို ဝေဖန်တော့မယ်ဆိုရင် ကိုယ်ကိုကိုယ် အရင်ဆုံးပြန် ကြည့်တတ်ဖို့ လိုပါတယ်။ လူတွေ ကိုယ့်အကြောင်း ကိုယ်အသိဆုံးလို့ ဆိုကြပါတယ်။ ကျွန်မတော့ အဲဒီလိုမထင် ပါဘူး။ ကိုယ့်အကြောင်းကိုယ် ပြန်သိဖို့ဆိုတာ လွယ်သလိုနဲ့ အင်မတန်နက်နဲ ပါတယ်။ အတိုင်းအတာတခုထိ ရင့်ကျက်မှုရှိမှသာ ကိုယ့်ရဲ့ စိတ်သဘောအမှန် အရည်အသွေးမှန်ကို ပြန်နိုင်ကြပါတယ်။

ကိုယ့်အကြောင်း ကိုယ်ပြန်သိအာင် လေ့ကျင့်တဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။ တနေ့ကုန်သွားရင် မိမိရဲ့တနေ့တာ အတွေ့အကြုံတွေကို ပြန်စဉ်းစားသုံးသပ်ခြင်း၊ ဒိုင်ယာရီရေးမှတ်ခြင်းဖြင့် ကိုယ်ရဲ့ ကာယကံ၊၀စီကံ၊မနောကံတွေကို ပြန်လေ့လာ ဆန်းစစ်နိုင်ပါတယ်။ နေ့စဉ်ရင်ဆိုင်တွေ့ကြုံရတဲ့ ဖြစ်စဉ်တွေအပေါ် ကိုယ်၊နှုတ်၊နှလုံး သုံးပါးနဲ့တုန့်ပြန် ဖြေရှင်းတဲ့ မိမိရဲ့စိတ်ခံစား ချက်တွေ၊ အပြုအမူ၊ အပြောအဆိုတွေကို အစဉ်အမြဲ ပြန်လည်ဆန်းစစ်ခြင်းဖြင့် မိမိရဲ့အကြောင်းကို ပိုပိုပြီးသိလာနိုင်ပါတယ်။ ဥပမာ လူတွေကကိုယ့်ကို တော်တယ်လို့ချီးမွမ်းရင် သူတို့ပြောတဲ့အတိုင်း ကိုယ်တကယ်တော်သလား ဆိုတာပြန်သုံးသပ်နိုင် ရပါမယ်။ ချီးကျူးခံရတဲ့အခါ နှစ်သက်သဘောကျမိတဲ့ မိမိရဲ့စိတ်သဘောကို သတိပြုမိရင်၊ ချီးကျုးပြောဆိုခြင်းကို လိုလားကြတဲ့ လူ့သဘာဝကို နားလည်လာပါတယ်။ သို့ကလိုပဲ လူတွေကိုယ့်ကို မကောင်းဝေဖန်တဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို အရင်းဆုံး ပြန်ကြည့်သင့်ပါတယ်။ စိတ်ဆိုးသလား၊ စိတ်မကောင်းဖြစ်သွားသလား၊ စိတ်ဓာတ်ကျသွားသလား စတဲ့မိမိရဲ့ စိတ်အခြေအနေကို ပြန်သိနိုင်ရပါမယ်။

ဝေဖန်အပြစ်တင်မှုအပေါ် စိတ်မသက်သာဖြစ်နေရင် မိမိပြုခဲ့တဲ့ လုပ်ရပ်ကိုပဲ ပြန်သုံးသပ်ရပါမယ်။ ပြုခဲ့မိတဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို အမှန်တိုင်းပြန်မြင်နိုင်ပြီး၊ ပိုကောင်းအောင်ပြုပြင် ရမှာပါ။ ပိုကောင်းအောင် ကြိုးစားနိုင်တဲ့အခါ အားပေး ထောက်ခံမှု တွေပြန်ရလာပြီး၊ မိမိကိုယ်ကို ယုံကြည်မှုတွေရလာမှာ ဖြစ်ပါတယ်။ နောင်သူများရဲ့အမှားကို မြင်ရင်လည်း ကိုယ်တိုင် မှားခဲ့ ဖူးတာကိုဆင်ခြင်မိပြီး နားလည်ပေးတတ်သွား ပါတယ်။ ဝေဖန်မှုတွေကြောင့် စိတ်ဓာတ်ကျခဲ့ဖူးတာကို ပြန်အမှတ်ရမိရင် အခြားလူတွေရဲ့ အားနည်းချက်ကို စာနာထောက်ထားတတ်ပြီး၊ အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပေးမှုတွေနဲ့ ကူညီဖေးမ နိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင်မှားခဲ့ဖူးတာတေ၊ွ အားနည်းချက်တွေ ပြန်သုံးသပ်တဲ့ အကျင့်မရှိရင် ပြသနာကြုံတဲ့အခါ တစုံတယောက်ကို အပြစ်ပုံချ၊ တရားခံရှာတတ်တဲ့ အကျင့်တွေစွဲနေမှာ ဖြစ်ပါတယ်။

စာဖတ်ခြင်းဖြင့်လည်း အတွေးအမြင်သစ်တွေ ရလာသလို ပြုပြင်စရာတွေကို မြင်နိုင်လာပါတယ်။  ဥပမာပြရရင် ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြာင်းတွေ၊ သူ့ရဲ့သမိုင်းဝင်မိန့်ခွန်းတွေကို ဖတ်ရတဲ့အခါ ဗိုလ်ချုပ်အပေါ် လေးစားကြည်ညိုစိတ် ဖြစ်ကြပါတယ်။ တချိန်တည်းမှာပဲ ကျွန်မတို့ သာမန်လူတွေရဲ့ စိတ်ရင်းအမှန်ဟာ ဗိုလ်ချုပ်ရဲ့ အာဇာနည် စိတ်ဓာတ်နဲ့ယှဉ်ရင် တခြားစီပဲဆိုတာကို သိမြင်လာပါတယ်။ ဒီလိုကိုယ့်စိတ်ထား အမှန်ကိုသိလိုက်ပြီး၊ ဗိုလ်ချုပ်အပေါ် ကြည်ညိုစိတ်က စေ့ဆော်မှုကြောင့် နိုင်ငံသားကောင်း တယောက်ဖြစ်အောင် ကြိုးစားပြုပြင်လိုတဲ့ စိတ်ဆန္ဒတွေ ဖြစ်လာပါတယ်။ ကိုယ်တိုင်ရေး  အထ္ထုပ္ပတ္တိတွေကို ဖတ်ခြင်းဖြင့်လည်း စာရေးတဲ့ပုဂ္ဂိုလ်များ သူတို့ကိုယ်ကို ဘယ်လိုပြန်ဝေဖန် သုံးသပ်ထားသလဲ ဆိုတာကို မှတ်သားအတုယူ နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အကြောင်း ကိုယ်တကယ်သိပြီး၊ ပိုကောင်းအောင် အမြဲပြုပြင်နိုင်ဖို့ စာတွေများများ ဖတ်သင့်ပါတယ်။ ပိုပြီးအဆင့်မြင့်နိုင်မယ်ဆိုရင် ရုပ်နာမ်ဓမ္မ သင်္ခါရတွေကို ရှုမှတ်ပွါးများခြင်းနဲ့ သတိပဌာန် ကျင့်စဉ်တွေဟာ  မိမိတို့ရဲ့ အတွင်းသဏ္ဍာန်ကို ပကတိအတိုင်း အသေးစိပ် ပြန်မြင်အောင်ကြည့်တဲ့ အကျင့်မြတ်တွေပါ။

အဖွဲ့အစည်းတွေမှာ အချင်းချင်း သဟဇာတဖြစ်ကြပြီး၊ ညီညွတ်မှုအားကောင်းစေဖို့ လူတိုင်းမိမိတို့ရဲ့ ကံသုံးပါးကို အမြဲပြန်ကြည့် သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ပညာရပ်စာပေတိုင်းမှာ ပြန်လည်ကြည့်မြင် သုံးသပ်ခြင်း (Reflection) ဟာ အရေးကြီးတဲ့ အလေ့အကျင့် ဖြစ်တယ်လို့ အဆိုပြုထားပါတယ်။ ဆိုပါစို့ သူနာပြုဆရာမတယောက်ဆိုရင် နေ့စဉ်လုပ်ဆောင်နေတဲ့ သူနာပြုစုခြင်း အလုပ်တွေ၊ လူနာနဲ့ဆက်ဆံရေး အခြေအနေတွေကို အမြဲပြန်သုံးသပ်နေရပါမယ်။ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ အရင်က သိထားတဲ့ အကြောင်းအရာတွေဟာ မမှန်တော့တာတွေ ရှိနေပါတယ်။ အရင်ကသိထား တတ်ထားတာထက် ပိုကောင်းတဲ့ နည်းလမ်းတွေကို လက်ခံသင်ယူနိုင်တဲ့ ပွင့်လင်းတဲ့အမြင်တွေ ရှိရပါမယ်။ အတွေ့အကြုံတွေကို လုပ်ဖော်ကိုင်ဖက်များ၊ အကြီးအကဲ များနဲ့ အပြန်အလှန် နှီးနှောဆွေးနွေးခြင်း၊ အပြုသဘော ဝေဖန်အကြံပေးခြင်းဖြင့် ပြုပြင်စရာတွေ၊ အမြင်သစ်တွေ ရလာပါတယ်။ ပညာရေး၊ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးပညာနဲ့ အခြားပညာရပ် တွေမှာလည်း ပြန်လည်ကြည့်မြင် သုံးသပ်ခြင်းတွေရှိဖို့ အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကို အမြဲပြန်လည် သုံးသပ်ဆင်ခြင်နိုင်ပြီး၊ ကိုယ့်အကြောင်းကို အမှန်တိုင်းသိကြသူတွေဟာ လောကသဘာဝနဲ့ လူ့သဘောတွေကို ကောင်းကောင်း နားလည်ကြသလို စိတ်သဘောထား ကြီးကျယ်မြင့်မြတ် ကြပါတယ်။ ဒီလို သဘောထား အမြင်ကျယ်တဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံရတာ အင်မတန် စိတ်ချမ်းသာစရာကောင်း ပါတယ်။ လူတိုင်းမိမိနဲ့ ထိတွေ့ဆက်ဆံရတဲ့ သူတွေကို စိတ်ချမ်းသာမှုပေးနိုင်ကြရင် လူ့ပတ်ဝန်းကျင်ဟာ ငြိမ်းချမ်းသာယာ နေမှာပါ။ အများအကျိုး တိုင်းပြည်အကျိုးအတွက် နိုင်ရာတာဝန်ကို နှလုံးရည်ပြည့်ဝစွာ ထမ်းဆောင်နိုင်ကြဖို့ ကိုယ်၊စိတ်၊နှလုံး ကံသုံးပါးကို အမြဲဆင်ခြင်၊ သုံးသပ် ပြုပြင်ကြစို့လို့ တိုက်တွန်းလိုပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ

စံပယ်ဖြူ

အပြင်စီးမဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၂။


Friday 24 August 2012

ဘ၀ပုစ ၦာ

ဘ၀ဆိုတာ
အတၱလား အနတၱလား
အဓိပ္ပါယ် ဖွေရှာသိဖို့
သခ်ၤာပုစ ၦာတြက္ရသလို
ပုံသေနည်းလွဲနေရင်
အဖြေမှန်ရဖို့ခက်တယ်။

သင်၊တွေး၊အံ၊ရွတ် တပည့်ဝတ်အတိုင်း
စာသင်ခန်းက ပုစ္ဆာတွေကို
ဆရာတွေသင်လို့ တွက်တတ်ခဲ့တယ်။
စာသင်ခန်းရဲ့ အပြင်ဘက်ကမ္ဘာ
လောကဟင်းလင်းပြင်မှာ
ဘ၀ပုစ္ဆာတွေကို
သင်ဘယ်လိုတွက်မလဲ...

Thursday 16 August 2012

ဝါဆိုမိုးနဲ့ ဝေးတဲ့အခါ

ဝါဆိုမိုးကိုလား..
သိပ်လွမ်းပါတယ်။
ဟိုး..ငယ်ငယ်တုန်းက
မိုးရွာရင် မိုးရေချိုးရတာ
သိပ်ပျော်ပါတယ်။
အေးမြတဲ့ ၀ါဆိုမိုးက
တို့များရဲ့ ငယ်ဘ၀ကို....

လန်းဆန်းစေခဲ့တယ်။  

Saturday 4 August 2012

ဖြေဆေး ရှိသည်..

မှတ်မှတ် ရရ..လွန်ခဲ့တဲ့ နှစ်များစွာက
ကဗျာတစ်ပုဒ်ကို
နာနေသော နှလုံးသားနဲ့

Monday 30 July 2012

The Passive: General

The Passive: General

Passive voice နဲ့ ပတ်သက်တဲ့ အခြေခံအသုံးအနှုန်းတွေကိုသိကြပြီးသားဖြစ်မှာပါ။ ပုံသေနည်းလေးကို မှတ်မှိလွယ်အောင် ရိုးရိုးရှင်းရှင်းစာကြောင်းတွေနဲ့ လေ့လာနိုင်ပါတယ်။

Present simple:                am/are/is + past participle                
                                     e.g. The office is closed.

Present continuous:                 am/are/is + being + past participle
                                             e.g. The office is being closed at the moment.

ကျန်းမာသောလူနေမှုဘ၀ လူ့အခွင့်အရေးနှင့် တာဝန်

ဖိုရမ်တခုက အမေးအဖြေလေးတခု ကျွန်မအတွေးထဲဝင်လာလို့ လေ့လာမှတ်သားမိသမျှကို ပြန်လည်ရေးသားလိုပါတယ်။ ပိုက်ဆံ ပေးနိုင်မှ  အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးကုသမှုကို ခံယူခွင့်ရှိတယ်၊ ဆင်းရဲတဲ့ ပြည်သူတွေ ပိုက်ဆံမရှိလို့ ဆေးကုသခွင့် မရကြဘူးဆိုရင် တရားမျှတ ပါသလားတဲ့။ ပြန်ဖြေတဲ့ ကျောင်းသူက ဒါဟာ မတရားပါဘူးတဲ့။ ပိုက်ဆံမရှိလို့ ဆေးကုသခွင့် မရဘူးဆိုတာ လုံးဝမဖြစ်သင့် ပါဘူးတဲ့။ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်မ အပြည့်အ၀ထောက်ခံ ပါတယ်။ နိုင်ငံသားတိုင်း လိုအပ်တဲ့ ဆေးကုသခွင့်ရရေးဟာ အခြေခံ လူ့အခွင့်အရေးတရပ် ဖြစ်ပါတယ်။
လူသားဆန်တဲ့ နှလုံးသားရှိသူတိုင်းလည်း ဒီအဖြေကို သဘောတူလက်ခံ ကြပါလိမ့်မယ်။ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး အရည်အသွေးပြည့်ဝ၍ အန္တရာယ်ကင်းသော ဆေးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းတန်းတူ ခံစားခွင့်ရှိပါတယ်။ လူတိုင်း ကျန်းမာရေးဝန်ထမ်းများရဲ့ လေးစားသမှုနဲ့ အရေးတယူပြု ဆောင်ရွက်ကုသပေးတဲ့ ၀န်ဆောင်မှုကို ရခွင့်ရှိပါတယ်။

Friday 27 July 2012

ဥယျာဉ်မှူး၏ အတွေးစုများ..

 
`တောင်.... တောင်...တောင်တောင်..တောင်`
`ဟေး..ဟေး...........`

ကျောင်းဆင်းသံချောင်းခေါက်သံကြား လို့ကျောင်းသားတွေ ပျော်မြူးနေကြတယ်။ ဒီနေ့ သောကြာနေ့ဆိုတော့ သူတို့တွေပိုပျော်နေကြတယ်။ ကျွန်မလည်း ဒီနေ့အတွက် သင်ခန်းစာပြီးသွားပြီမို့ စာသင်ရပ်လိုက်ပြီး..... 
 `သားတို့သမီးတို့ရေ.. စနေတနင်္ဂနွေ ကျောင်းပိတ်ရက်မှာ စာစာစီစာကုံးရေးခိုင်းထားတာ သတိရတယ်နော်`
`သတိရပါတယ်ဆရာမ၊ ကျွန်ုပ်ဧ။်ရည်မှန်းချက် ခေါင်းစဉ်နဲ့ စာစီစာကုံးရေးလာ ရပါမယ်ဆရာမ`
`အေးဟုတ်တယ်.. တနင်္လာနေ့မှာအားလုံးစုံ ရမယ်နော်`
`ဟုတ်ကဲ့ပါဆရာမ`
`နောက်ပြီး.. ကျောင်းပိတ်ရက်မှာ ဘာတွေလုပ်ဖို့ ဆရာမမှာထားသေးလဲ သားတို့သမီးတို့`

Those days I don’t want to forget


I was brought up from a village of Myanmar; the way of life there is very simple and ordinary. I attended primary and secondary school at my village. We got to enjoy three months holiday every year, from March to May.
My father and mother were raised from different villages, and we were living in my father’s village. Two villages of my father and mother are very far, and we visited to my mother’s village during summer holiday. It had been a great time for us to see our grandparents, cousins and all other relatives of my mother.
Those days in 1980s, bull-carts were the only popular vehicles for the rural families to travel around. Bicycle was another choice of vehicle, but it could carry only two persons not the whole family. Therefore, we travelled from my father’s village to my mother’s village by bull-cart which could accommodate seven family members of us and some goods. Two pitiful bulls had to carry the heavy cart occupied by seven persons and the stuff which is brought to give presents for our grandparents and relatives.

Thursday 5 July 2012

ခရေ စံပယ် နှင်းဆီ

ရောင်စုံအလှပန်းမျိုးစုံထဲက ခရေ စံပယ် နှင်းဆီတို့နဲ့ ကျွန်မရင်းနှီးခဲ့တဲ့ အကြောင်းတွေကို ရေးဖွဲ့လိုပါတယ်။ ပန်းချစ်သူတိုင်း၊ ဥယျဉ်မှူးတိုင်း ဒီပန်းသုံးမျိုးလုံးကို နှစ်သက်ကြမယ် ထင်ပါတယ်။ နွမ်းခြောက်သွားတဲ့ အထိရနံ့မပြယ်တဲ့ ခရေကို ကျွန်မချစ် ပါတယ်။ ဖြူစင်ပြီးရနံ့သင်းတဲ့ စံပယ်ကိုလည်း နှစ်သက်မြတ်နိုးပါတယ်။ နှင်းဆီကိုတော့ လှလို့ကြိုက်ပါတယ်။

ကလေးဘ၀တုန်းက ကျွန်မနဲ့ အရင်းနီးခဲ့ဆုံးပန်းက ခရေပါ။ ဒါပေမဲ့ ကျွန်မတို့နေတဲ့ အဖေ့ရွာမှာ ခရေပင်မရှိပါဘူး။ အမေ့ရွာက အဖွားတို့အိမ်နားမှာ ခရေပင်ကြီးရှိပါတယ်။ နွေရာသီကျောင်းပိတ်လို့ အမေ့ရွာကိုအလည်ပြန်ရင် မနက်တိုင်း ကစားဖော်သူငယ်ချင်း တွေနဲ့အတူ ခရေပန်းကောက်ကြ ပါတယ်။ မြေပေါ်မှာ ပြန့်ကြဲနေတဲ့ ခရေပန်းတွေကိုကောက်ပြီး ခရေကုံးသီ ခဲ့တာတွေကို ကျွန်မ ပြန်လွမ်းမိပါတယ်။ မြေပေါ်မှာ ကောက်စရာခရေပွင့်တွေ မကျန်တော့ရင် အပင်ပေါ်ကကြွေလာမဲ့ ခရေပန်းတွေကို စောင့်ဖမ်းကြ ပါတယ်။ အပင်ပေါ်ကကြွေပြီး လေယူရာဝဲကျလာတဲ့ ခရေတပွင့်ကိုဖမ်းမိရင် ကစားပွဲတခုကို အနိုင်ရသလို ပျော်ရွှင်မြူးတူး ခဲ့ကြ ပါတယ်။ ဒီလို အပူအပင်ကင်းပြီး ချိုဆိမ့်တ

Monday 18 June 2012

အမျိုးချစ်သော အာဖရိကန်များ


အာဖရိကန ကလေးငယ်တွေရဲ့ပုံကို ကျွန်မတို့ ငယ်ငယ်က မြန်မာဖတ်စာအုပ်ထဲမှာ ကပ္ပလီလူမျိုးဆိုပြီး တွေ့ဖူးခဲ့ ပါတယ်။ အသားမဲမဲ နှုတ်ခမ်းလန်ပြီး အလွန်အကျည်းတန်တယ်လို့ပဲ စိတ်ထဲမှတ်လိုက်မိ ပါတယ်။ ဒီလိုလူသားမျိုးနွယ် ဟာလည်း ချစ်စရာကောင်းတယ်လို့ မတွေးမိခဲ့တာအမှန်ပါ။ အာဖရိကတိုက်ဖွား လူများနဲ့ ကျွန်မ ရင်းနှီးကျွမ်းဝင်ရလိမ့် မယ်လို့ ထင်မှတ်မထားခဲ့ပါဘူး။ မျှော်လင့်မထားပဲ သူတို့တွေနဲ့ (၂)နှစ်ကြာ ထိတွေ့ရင်းနှီးခဲ့ရတဲ့ အတွေ့အကြုံတွေက ကျွန်မအတွက် အမှတ်ရစရာတွေ ဖြစ်နေပါတယ်။

စရင်ဘန်း(Seremban)မှာ (၂)နှစ် အလုပ်လုပ်ပြီးတော့ ကွာလာလမ်ပူ၊ ချရတ်(စ်)က UCSI တက္ကသိုလ်မှာ ကျွန်မ အလုပ်ရခဲ့ပါတယ်။ သူနာပြုကျောင်းသူတွေကို လက်တွေ့သင်ကြား ကြီးကြပ်ရတဲ့ Clinical Instructor အလုပ်ကို (၂)နှစ် လုပ်ခဲ့ပါတယ်။ ကျောင်းသူ ကျောင်းသားတွေထဲမှာ မလေးရှားနိုင်ငံသား တွေအပြင် ထိုင်း၊တရုတ်၊ဗီယက်နမ်၊ အီရန်နဲ့ ဘော့စ၀ါးနား၊နိုင်ဂျီးရီးယား၊ကင်ညာစတဲ့ အာဖရိကန်နိုင်ငံက ကျောင်းသူ ကျောင်းသားတွေလည်း ပါပါတယ်။ နိုင်ငံတကာကလာတဲ့ ကျောင်းသားတွေထဲမှာ တမူထူးခြားတဲ့ အာဖရိကန်ကျောင်းသူ ကျောင်းသားတွေ အကြောင်းကို ......

Tuesday 1 May 2012

သင့်ကျောက်ကပ်ကို ကာကွယ်ပါ


စရန်ဘန်း (Seremban) မြို့က မာဝါကျောက်ကပ်ဆေးသောဌာန (Mawar Haemodialysis Center) မှာလုပ်ခဲ့တုန်းက အတွေ့အကြုံ တချို့ကို ရေးသားဖော်ပြလိုပါတယ်။ ကျောက်ရောဂါ လူနာတွေအကြောင်း လည်းသိရ၊ မိမိတို့ရဲ့ ကျောက်ကပ်ကို ရောဂါမရအောင် ကာကွယ်ဖို့လည်း သတိရသွားစေဖို့ပါ။ မလေးရှားကို ပထမအကြိမ်လာတော့ စရန်ဘန်း မှာ (၂)နှစ်လုပ်ခဲ့ပါတယ်။ ပျော်ခဲ့သလားလို့မေးရင်တော့ ချိုသောခါးသော အတွေ့အကြုံများနဲ့အတူ ဘ၀ပေး အသိတချို့ ရလိုက်တယ်လို့ ဖြေချင်ပါတယ်။
ပုံမှန်အားဖြင့် လူတိုင်းမှာ ကျောက်ကပ်(၂)ခု ရှိတယ်ဆိုတာ သိကြမှာပါ။ ကျောက်ကပ်တစ်လုံး မကောင်းရင် ကျန်တဲ့တစ်လုံးနဲ့ အသက်ရှင်နိုင်ပါတယ်။ (၂)ခုလုံး ပျက်စီးသွားရင်တော့ ကျောက်ကပ်အစားထိုးခြင်း သို့မဟုတ် ကျောက်ကပ်ဆေးခြင်း (Dialysis) ဖြင့်သာ အသက်ရှင်နိုင်ပါတယ်။ ကျောက်ကပ်အစားထိုးဖို့ ဆိုတာအလှူရှင်ရှိဖို့လိုပြီး၊ ငွေကုန်များတာကြောင့် လူနာအများစုဟာ တစ်ပတ်ကို(၃)ကြိမ် ကျောက်ကပ် ဆေးပြီး အသက်ရှင်နေကြရပါတယ်။ မြန်မာပြည်မှာတော့ အပြင်ဆေးခန်းမှာ ကျောက်ကပ်တခါဆေးရင် ကျပ် ၅၀၀၀၀ (၂၀၀၇ခုနှစ်တုန်းကပါ)၊ တပတ် (၃)ကြိမ်ဆိုရင် တစ်သိန်းခွဲ၊ တစ်လကို ၆သိန်း၊ အခြားစရိတ် တွေနဲ့ပေါင်းလိုက်ရင် ၇သိန်း ၈သိန်းလောက် လစဉ်ကုန်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ချမ်းသာတဲ့ကျောက် ကပ်ရောဂါသည်တွေပဲ အသက်ရှင်ဖို့အခွင့်အရေး ရှိကြပါတယ်။ပိုက်ဆံမရှိရင်တော့ နောက်ဆုံးအချိန်ကို စောင့်နေရုံပဲရှိပါတယ်။ အစိုးရဆေးရုံကြီးတွေမှာ ကျောက်ကပ်ဆေးရင် စရိတ်သက်သာပေမဲ့ စက်အရေ အတွက်လုံလောက်အောင် မရှိပါဘူး။ ကျောက်ကပ်ဆေးဖို့ မတတ်နိုင်တဲ့အတွက် ဝေဒနာကို အလူးအလဲ ခံရင်း.....

ပြည်သူတစ်ယောက်ရဲ့ နိုင်ငံရေး အသိ


ိုင်ငံရေး အသိဆိုလို့ ကြီးကြီးကျယ်ကျယ် စကားလုံးတွေသုံးပြီး ရေးမလို့မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ ပတ် သက်ရင် ကျွန်မက မူကြိုအဆင့်တောင် မရောက်သေးပါဘူး။ အခုမှ တရေးလန့်နိုးပြီး အိပ်ချင်မူးတူးဖြစ်နေ တုန်း လို့ဆိုရင်ပိုမှန်ပါတယ်။ ကျွန်မဖြတ်သန်းခဲ့ရတဲ့ လူမှုပတ်ဝန်းကျင်အကြာင်းနဲ့ ကျွန်မ တရေးနိုးလာရတဲ့ အကြောင်းကိုပဲ ပြောပြချင်တာပါ။
ိုင်ငံရေး ဆိုတဲ့စကားကို ၈၈ အရေးအခင်းမှာစပြီး ရင်းနှီးခဲ့တာပါ။ အဲဒီတုန်းက ကျွန်မ လေးတန်းပဲရှိသေး တယ်။

Wednesday 7 March 2012

ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ဧ။် ဒေါင်း က တဲ့ နေ့

ဘယ်တောမှာနေနေ
ဘယ်မြေကိုပြောင်းပြောင်း
အရေးအကြောင်းဆို
သွေးမပြောင်းရဘူး
ရှေးဒေါင်းတို့ရဲ့ သမိုင်းအစဉ် ။
တိုင်းပြည်နဲ့လူမျိုး
ပြည်သူ့အကျိုးဆို အကြာင်းမရွေး
ဒေါင်းသွေးသည် ခေါင်းမညွတ်
ဒေါင်းခွတ်ခဲ့ပြီရာဇ၀င် ။
ပြည်သူတွေနဲ့ ထာဝရလက်တွဲ
ပြည်သူထဲမှာအတူနေ
အပူဝေအတူမျှ
ဒုက္ခအထွေထွေကလွတ်ကြောင်း
ခွပ်ဒေါင်းဟေ့ မာန်လေ
ရန်မြင်သမျှ ရင်ဆိုင်တွေ့ ။
စမ်းကလေးတွေအေး
ပန်းကလေးတွေမွှေး
ငှက်ကလေးတွေတးဆို
ငြိမ်းချမ်းရေးကို သူတို့ကြိုတော့
မြိုင်ယံညို ဟို..ရိုးအခြေက
အိုးဝေ...အိုးဝေ...မင်္ဂလာသံအပေါင်းခရအောင်
အဲဒီနေ့က...
ဒေါင်း က တဲ့ နေ့ ။

မောင်စိန်ဝင်း (ပုတီးကုန်း)  

အပြင်စီးမဂ္ဂဇင်း၊ အမှတ် ၁၃၊ မတ်လ ၂၀၁၂

Tuesday 6 March 2012

တစ်ပါးသီလဖြင့် ပွင့်သောပန်းတိုင်းလန်းစေချင်


ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီး လူတိုင်းလိုလိုကြားဖူးကြမဲ့ အဆိုအမိန့်လေးကို ကျွန်မထပ်ပြီးမျှဝေချင် ပါတယ်။ (When wealth is lost, nothing is lost) ဓနဥစ္စာတွေ ပျက်စီးပျောက်ဆုံးသွားရင် ဘ၀မှာ ဘာမှမဆုံးရှုံး သွားပါဘူးတဲ့။ ပစ္စည်းဥစ္စာဆိုတာ ပြန်ပြီးရှာဖွေစုဆောင်းလို့ ရပါတယ်။ (When health is lost, something is lost) ကျန်းမာရေးချွတ်ယွင်းရင်တော့ ဘ၀မှာတစုံတရာ ဆုံးရှုံးလိုက်ရပါပြီတဲ့။ (When character is lost, everything is lost) ကိုယ်ကျင့်သီလတွေ ပျက်စီးကုန်ပြီဆိုရင်တော့ ဘ၀မှာရှိသမျှ အရာအားလုံး ဆုံးရှူံးသွားပါပြီတဲ့။ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံမှသာ အသက်ရှင်ရတာ အဓိပ္ပါယ်ရှိတယ်လို့ ပညာရှိတွေက နှလုံးသွင်းထားကြ ပါတယ်။

ကျွန်မအရွယ်ရောက်လို့ လူ့သဘာဝနဲ့ လူ့ပတ်ဝန်းကျင်ကို စူးစမ်းတတ်တဲ့ အချိန်ရောက်တော့ ငါးပါးသီလလုံ ပြီး ရိုးသားဖြောင့်မတ်တဲ့လူတွေ........

Wednesday 29 February 2012

ဆရာကြီး မင်းသုဝုဏ်ဧ။် သပြေညို

သူ့ခေါင်းမှာတဲ့ သပြေညို၊
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့မြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျှက်ပါကို။
အားမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုကအသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာတူပျော်ပျော်နဲ့
ပြည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။    ။

မင်းသုဝုဏ်
(၄၊၄၊ ၁၉၃၈)

အပြင်စီးမဂ္ဂဇင်း၊ အမှတ် ၁၃၊ ဇန်န၀ါရီလ ၂၀၁၂။

Wednesday 15 February 2012

Some people believe that a sense of competition in children should be encouraged. Others believe that children who are taught to co-operate rather than compete become more useful adult.



Nurturing the mind of the children is the major important issue in today society. Most of the people especially the parents believe that their children should be encouraged to be competitive. In my opinion, I agree with the other belief that co-operation, instead of competition, should be learned since childhood so that they will become well productive individuals in the future.

Traditionally, the parents and teachers have been training the children to be ......

Thursday 2 February 2012

ရေချမ်းအိုးစင်


မြန်မာပြည်ရဲ့ကျေးလက်က ရေချမ်းအိုးစင်တွေအကြောင်း ကျွန်မအလွမ်းပြေ စာရေးချင်ပါတယ်။ ကျွန်မတို့ တောရွာတွမှာ ရေဗူးသယ်စရာမလိုဘဲ ခရီးသွားလို့ရပါတယ်။ ရွာတိုင်းမှာ ရေချမ်းအိုးစင်ရှိတာမို့ ခရီးသွား ရင်းရေဆာရင် အဆင်သင့် ရေခပ်သောက်ပြီး အမောဖြေနိုင်ပါတယ်....

Friday 27 January 2012

စနစ်တကျ ပုဒ်ဖြတ်ခြင်း

၂ဝဝ၃ခုနှစ် ခရစ်စမတ်ကာလတုံးက ဗြိတိန်နိုင်ငံမှာ မျှော်လင့်မထားဘဲ ရောင်းအားအကောင်းဆုံး စာရင်းမှာ ပါဝင်သွားခဲ့တဲ့ စာအုပ်တစ်အုပ်ကတော့ Lynn Truss ရေးတဲ့ Eats, Shoots and Leaves (စားတယ်၊ ပစ်တယ်၊ ထွက်သွားတယ်) ဆိုတဲ့ စာအုပ်ဘဲ ဖြစ်ပါတယ်။

စာအုပ်အမည်ကို ဟာသတစ်ခုကနေ ရယူထားတာဖြစ်ပါတယ်။ ပန်ဒါဝက်ဝံတစ်ကောင်က ကော်ဖီဆိုင်တစ်ဆိုင်ထဲကို ဝင်သွားပါသတဲ့။ ပန်ဒါဝက်ဝံက အသားညှပ်မုန့်တစ်ခုကို စားတယ်။ သေနတ်ကို ထုတ်၊ လေထဲထောင်ပစ်ပြီး တံခါးပေါက်ကနေ ထွက်သွားမလို့ လုပ်ပါသတဲ့။ အဲဒီတော့ စားပွဲထိုးက နားမလည်တာနဲ့ ပန်ဒါဝက်ဝံကို ဒါက ဘာလုပ်တာလဲလို့ မေးပါတယ်။ ဝက်ဝံက တောရိုင်းတိရစ္ဆာန်တွေအကြောင်း ရေးသားထားတဲ့ စနစ်တကျ ပုဒ်ဖြတ်မထားတဲ့ စာအုပ်တစ်အုပ်ကို ပြပါသတဲ့။ စာအုပ်ထဲမှာ “Panda. Large black-and-white bear-like mammal, native to China. Eats, shoots and leaves”. (ပန်ဒါဝက်ဝံ။ အဖြူနှင့် အမဲ နှစ်ရောင်စပ် ဝက်ဝံနှင့်တူသော အရွယ်အစားကြီးသော နို့တိုက်သတ္တ၀ါ၊ တရုတ်နိုင်ငံမှာ ပေါက်ပွား။ စားသည်၊ ပစ်သည်၊ ထွက်ခွာသွားသည်။) လို့ ရေးထားတယ်။ (Eats shoots and leaves = ရွက်နုနှင့် သစ်ရွက်များ စားသည်) လို့ ဆိုရမယ့်အစား ကော်မာ ပိုထည့်မိလို့ အဓိပ္ပာယ် ပြောင်းသွားတာ ဖြစ်ပါတယ်။ shoot ကို noun အနေနဲ့ သုံးရင် ရွက်နု၊ verb အနေနဲ့ သုံးရင် ပစ်သည် လို့ အဓိပ္ပာယ် ပြောင်းပါတယ်။)

စာရေးသူက ပုဒ်ဖြတ်မမှန်ကန်ရင် နားလည်မှု လွဲမှားနိုင်ကြောင်း၊ ဒါမှမဟုတ် ရှုပ်ထွေးမှု ဖြစ်နိုင်ကြောင်း ပြတာဖြစ်ပါတယ်။ ပုဒ်ဖြတ်ရခြင်း ရည်ရွယ်ချက်ကတော့ အဓိပ္ပာယ် တတ်နိုင်သလောက် ရှင်းလင်းစေဖို့ ဖြစ်ပါတယ်။

Full-stop

ပြည့်စုံတဲ့ ဝါကျအဆုံးမှာ သုံးရပါတယ်။ ကော်မာလောက်နဲ့ မလုံလောက်ဘူး။ သီးခြားမရပ်တည်နိုင်တဲ့ အထူးပြုပုဒ်များအတွက်တော့ Full-stop ကို မသုံးရဘူး။ ဥပမာ if the outstanding amount is not paid. (ကျန်ရှိနေသော ငွေပမာဏကို မပေးချေပါက။) လို့ သုံးရင် မမှန်ဘူး။ အခုခေတ်

Wednesday 18 January 2012

In many countries school have several problems with student behaviour. What do you think are the causes of this? What solution can you suggest?

Nowadays, the school teachers and University lecturers are complaining about student behaviours. The most common behavioural problems are poor self control, disobedience and less respect. In my view, the causes of these problems are due to poor parental control and environmental influences.

In modern society, people take only one child or two because.......

သာဓု ခေါ်လိုက်ကြရအောင် သူငယ်ချင်းတို.ရေ

အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို
၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့
အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကို
နာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာ
အိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုး
ရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။

Tuesday 17 January 2012

ဆရာဇော်ဂျီဧ။် ပစ္စည်းအလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ပစ္စည်းကို ကြိုက်သနည်း။
မလိမ့်တပတ်၊ ခေါင်းပုံဖြတ်၍
အနပ်အပါး၊ မြတ်ကြီးစား၍
သနားကင်းမဲ့ ကိုယ်ကျိုးငဲ့၍
ရခဲ့ မသမာ၊ ထိုဥစ္စာ၌
မခွာမခွဲ၊အရိပ်မဲ။
ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အားသွန်၍
ဖြောင့်မှန်တရား၊ လက်ကိုင်ထား၍
သနားမေတ္တာ၊ အလေးသာ၍
ရှာရသမျှ၊ ထိုငွေစ၌
ဖိုးလ မုလေး စမ်းရေအေး။

ဇော်ဂျီ

Monday 2 January 2012

အလွမ်းများအကြောင်း

လွမ်းတယ်ဆိုတာ အင်မတန်လှပတဲ့ ခံစားမှုလို့ဆိုကြပါတယ်။ ဒီလို နူးညံ့သိမ်မွေ့တဲ့ ခံစားမှုမျိုး လူတိုင်းခံစားဖူး ကြပါ လိမ့်မယ်။ ချစ်ခင်မြတ်နိုးတဲ့သူတွေကို လွမ်းကြတယ်။ ပျော်ရွှင်ကြည်နူးခဲ့ရတာတွေကို လွမ်းကြတယ်။ သာယာလှပတဲ့ အရပ်ဒေသကို လွမ်းကြတယ်။ တခါတလေ အမှတ်တမဲ့ အဖြစ်အပျက်လေးတွေကို  ပြန်ပြောင်းသတိရ အောက်မေ့ တတ်ကြပါတယ်။ ကျွန်မငယ်ငယ်က ဆယ်တန်းအောင်ပြီးတဲ့ အချိန်ထိ လွမ်းစရာဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ ရွာမှာချို့ချို့တဲ့တဲ့ ပညာသင်ခဲ့ရပေမဲ့ မိစုံဖစုံ မောင်နှမတွေ စုံစုံလင်လင်နဲ့မို့ ဘ၀ဟာပြည့်စုံနေသလို ရှိခဲ့ပါတယ်။ မိဘအရိပ်ကို ခိုလှုံနေချိန်မို့ စားဝတ်နေရေး ဘ၀အရေးတွေ ဘာမှပူပင်စရာမလိုပဲ လွတ်လတ်ပေါ့ပါးခဲ့တဲ့ ငယ်ဘ၀ကို.....