Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Sunday 2 September 2012

သူငယ်ချင်းတွေမို့

အချစ်ဦးလို့ မဆိုချင်တော့ဘူး
သူငယ်ချင်းတွေပဲမို့......
....တကယ်ဆို ဒို့နှစ်ယောက်
အတူရွှင်ပျော် ရွှေလက်တွဲဖို့
ဖူးစာနတ်မရေးခဲ့တာကို
မသိနားမလည်စွာ
အဖြူရောင်စည်းကို ကျော်ခဲ့ကြတယ်။
 
ရင်ခုန်သံတွေထပ်တူ
နှလုံးသားချင်း နီးခဲ့ဖူးသူတွေ.....


...ဘ၀အရေး
အနာဂတ်ရေးတွေကြောင့်
နင်လျှောက်မဲ့လမ်းမှာ
ငါပါဖို့ခက်ပြီဆိုတော့
အတူတူရွှေလက်တွဲဖို့
နှစ်ရှည်လများ
သစ္စာထားခဲ့တဲ့ငါ့ကို
နင်ထားရစ်လို့ ငါနေခဲ့တယ်။

ကြာခဲ့ပြီဆိုတော့လည်း
ခွင့်လွတ်ပါတယ်။
နာကျင်ခဲ့သမျှတွေ
ခုနေပြန်တွေးကြည့်တော့
နာစရာ ဘာမှမရှိတော့သလို
တခါတလေတော့လည်း
ကြင်နာဖူးတာတွေကို
သတိရမိ သလိုလို
လွမ်းတော့မလွမ်းချင်ဘူး....
...ကြင်ဖော်နဲ့ နှစ်ကိုယ်တူ
နင်ပျော်တယ်ဆို ကျေနပ်တယ်။
 
အဖြူရောင် သူငယ်ချင်းနှစ်ယောက်ကြား
စွန်းထင်းခဲ့တဲ့ရောင်တွေကို
အချိန်ဆိုတဲ့ ရေစီးကြောင်းမှာ
ရင့်ကျက်မှု ချွတ်ဆေးတွေနဲ့
အရောင်တွေချွတ်ပြစ်လိုက်တာ
အဖြူရောင်ပြန်ဖြစ်သွားတယ်....
...တကယ်လို့များ ပြန်ဆုံဖြစ်ရင်
အရင်းနှီးဆုံးအပြုံးနဲ့
ဖြူစင်စွာ နှုတ်ဆက်လိုက်မယ်
မင်းတို့မိသားစုတွေ
ကျန်းမာလို့ ပျော်ရွှင်ပါစ....
...တကယ်ဆိုရင် ဒို့နှစ်ယောက်ဟာ
သူငယ်ချင်းတွေပဲလေ။ 


စံပယ်ဖြူ
၀၂၊၀၉၊၂၀၁၂။  ၂၂း၄၈

No comments:

Post a Comment