Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....
Showing posts with label ကဗျာပန်းခင်း (poems). Show all posts
Showing posts with label ကဗျာပန်းခင်း (poems). Show all posts

Sunday, 4 August 2013

သစ္စာ (မင်းကိုနိုင်)

အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏၀ိဥာဏ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိဥာဏ်  ပူးကပ်ဝင်၍
ကျွန်ုအားထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်
မထောက်မညှာ ပြုခဲ့ပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ် အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုအသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းပဲ
တာဝန်တရပ် ကျေပွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဥာဏ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုကြပါလေ။

မင်းကိုနိုင်

အပြင်စီးမဂ္ဂဇင်း၊ သြဂုတ်လ ၂၀၁၃တွင် ဖော်ပြသော မင်းကိုနိုင်၏ ကဗျာ သို့မဟုတ် သစ္စာစကားကို          ၈၈ ငွေရတု အမှတ်တရအဖြစ် ကျွန်မ၏ဘလော့တွင် ရေးတင်မိပါသည်။

သစ္စာတရားကို မြတ်နိုးသူ၊ သစ္စာစောင့်သိသူတိုင်းကို အလေးပြု ဦးညွှတ်လျက်

Friday, 21 December 2012

ဒီဇင်ဘာအလွမ်း

ဆောင်းနှင်းတွေ ဝေတဲ့
ဒီဇင်ဘာကို ရောက်ခဲ့ပြန်ပြီ..
နွေရယ်မိုးရယ် မပီပြင်
ဆောင်းရာသီမရှိတဲ့မြေမှာ
အပူငွေ့ကို ငြိမ်းအေးစေတဲ့
နှင်းငွေ့တွေ မရှိ
အီကွေတာ ရပ်ဝန်းမှာ
မပျော်သော်လည်း ခရီးဆက်ရင်း
ချစ်သော နှင်းပွင့်များကို
လွမ်းမိပါသည်။

၂၁၊၁၂၊၂၀၁၂။ ၁၀း၅၈

Friday, 2 November 2012

မိုးကလေးက အေးအေး

မိုးကလေးက အေးအေး
ချစ်ခင်သူတွေနဲ့ ဝေးဝေး
အခန်းကျဉ်းလေးထဲမှာ
တကိုယ်တည်း ဆွေးဆွေး..

Thursday, 18 October 2012

မနက်ဖြန်အတွက်ဆုတောင်း


မနက်ဖြန်ဆိုတာ မျှော်လင့်ချက်တခုလေလား...
ချိုတချည် ခါးတလှည့်၊
ပါရမီနဲသူတွေအဖို့
ချိုသောမနက်ဖြန်တွေက
လက်ချိုးရေနိုင်လောက်အောင်
ရှားပါးလွန်းပါတယ်။

မနက်ဖြန်မှာ
ကြုံလာရမဲ့ အချိုအခါး
ဒုက္ခတွေနဲ့ဝေးရာ

Sunday, 2 September 2012

သူငယ်ချင်းတွေမို့

အချစ်ဦးလို့ မဆိုချင်တော့ဘူး
သူငယ်ချင်းတွေပဲမို့......
....တကယ်ဆို ဒို့နှစ်ယောက်
အတူရွှင်ပျော် ရွှေလက်တွဲဖို့
ဖူးစာနတ်မရေးခဲ့တာကို
မသိနားမလည်စွာ
အဖြူရောင်စည်းကို ကျော်ခဲ့ကြတယ်။
 
ရင်ခုန်သံတွေထပ်တူ
နှလုံးသားချင်း နီးခဲ့ဖူးသူတွေ.....

Friday, 24 August 2012

ဘ၀ပုစ ၦာ

ဘ၀ဆိုတာ
အတၱလား အနတၱလား
အဓိပ္ပါယ် ဖွေရှာသိဖို့
သခ်ၤာပုစ ၦာတြက္ရသလို
ပုံသေနည်းလွဲနေရင်
အဖြေမှန်ရဖို့ခက်တယ်။

သင်၊တွေး၊အံ၊ရွတ် တပည့်ဝတ်အတိုင်း
စာသင်ခန်းက ပုစ္ဆာတွေကို
ဆရာတွေသင်လို့ တွက်တတ်ခဲ့တယ်။
စာသင်ခန်းရဲ့ အပြင်ဘက်ကမ္ဘာ
လောကဟင်းလင်းပြင်မှာ
ဘ၀ပုစ္ဆာတွေကို
သင်ဘယ်လိုတွက်မလဲ...

Thursday, 16 August 2012

ဝါဆိုမိုးနဲ့ ဝေးတဲ့အခါ

ဝါဆိုမိုးကိုလား..
သိပ်လွမ်းပါတယ်။
ဟိုး..ငယ်ငယ်တုန်းက
မိုးရွာရင် မိုးရေချိုးရတာ
သိပ်ပျော်ပါတယ်။
အေးမြတဲ့ ၀ါဆိုမိုးက
တို့များရဲ့ ငယ်ဘ၀ကို....

လန်းဆန်းစေခဲ့တယ်။  

Saturday, 4 August 2012

ဖြေဆေး ရှိသည်..

မှတ်မှတ် ရရ..လွန်ခဲ့တဲ့ နှစ်များစွာက
ကဗျာတစ်ပုဒ်ကို
နာနေသော နှလုံးသားနဲ့

Wednesday, 7 March 2012

ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ဧ။် ဒေါင်း က တဲ့ နေ့

ဘယ်တောမှာနေနေ
ဘယ်မြေကိုပြောင်းပြောင်း
အရေးအကြောင်းဆို
သွေးမပြောင်းရဘူး
ရှေးဒေါင်းတို့ရဲ့ သမိုင်းအစဉ် ။
တိုင်းပြည်နဲ့လူမျိုး
ပြည်သူ့အကျိုးဆို အကြာင်းမရွေး
ဒေါင်းသွေးသည် ခေါင်းမညွတ်
ဒေါင်းခွတ်ခဲ့ပြီရာဇ၀င် ။
ပြည်သူတွေနဲ့ ထာဝရလက်တွဲ
ပြည်သူထဲမှာအတူနေ
အပူဝေအတူမျှ
ဒုက္ခအထွေထွေကလွတ်ကြောင်း
ခွပ်ဒေါင်းဟေ့ မာန်လေ
ရန်မြင်သမျှ ရင်ဆိုင်တွေ့ ။
စမ်းကလေးတွေအေး
ပန်းကလေးတွေမွှေး
ငှက်ကလေးတွေတးဆို
ငြိမ်းချမ်းရေးကို သူတို့ကြိုတော့
မြိုင်ယံညို ဟို..ရိုးအခြေက
အိုးဝေ...အိုးဝေ...မင်္ဂလာသံအပေါင်းခရအောင်
အဲဒီနေ့က...
ဒေါင်း က တဲ့ နေ့ ။

မောင်စိန်ဝင်း (ပုတီးကုန်း)  

အပြင်စီးမဂ္ဂဇင်း၊ အမှတ် ၁၃၊ မတ်လ ၂၀၁၂

Wednesday, 29 February 2012

ဆရာကြီး မင်းသုဝုဏ်ဧ။် သပြေညို

သူ့ခေါင်းမှာတဲ့ သပြေညို၊
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့မြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျှက်ပါကို။
အားမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုကအသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာတူပျော်ပျော်နဲ့
ပြည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။    ။

မင်းသုဝုဏ်
(၄၊၄၊ ၁၉၃၈)

အပြင်စီးမဂ္ဂဇင်း၊ အမှတ် ၁၃၊ ဇန်န၀ါရီလ ၂၀၁၂။

Tuesday, 17 January 2012

ဆရာဇော်ဂျီဧ။် ပစ္စည်းအလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ပစ္စည်းကို ကြိုက်သနည်း။
မလိမ့်တပတ်၊ ခေါင်းပုံဖြတ်၍
အနပ်အပါး၊ မြတ်ကြီးစား၍
သနားကင်းမဲ့ ကိုယ်ကျိုးငဲ့၍
ရခဲ့ မသမာ၊ ထိုဥစ္စာ၌
မခွာမခွဲ၊အရိပ်မဲ။
ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အားသွန်၍
ဖြောင့်မှန်တရား၊ လက်ကိုင်ထား၍
သနားမေတ္တာ၊ အလေးသာ၍
ရှာရသမျှ၊ ထိုငွေစ၌
ဖိုးလ မုလေး စမ်းရေအေး။

ဇော်ဂျီ

Monday, 28 November 2011

ငါတို့သမိုင်း

သူငယ်ချင်းတို့ရေ....
၂၁ ရာစုရဲ့သမိုင်းကြောင်းတခေတ်မှာ
ငါတို့တတွေ အသက်ရှင်ခွင့်ရကြပြီ။
အရာအားလုံးကို ငါတို့တတွေမမှီခဲ့ပေမဲ့
ငါတို့လျှောက်လှမ်းခဲ့တဲ့ခြေလှမ်းတိုင်းအတွက်
သမိုင်းဆိုတာကျန်ကောင်းပါရဲ့။.....
ဒီထက်ကောင်းသော သမိုင်းကြောင်းတွေ
မနက်ဖြန်ဆိုတာရှိနေသ၍၊ ငါတို့တတွေ
ဆက်ရေးနေရမယ်၊
နောက်ထပ်....နောက်ထပ်....နောက်ထပ်
အခါမလပ်စကြေးပေါ့။...

သူငယ်ချင်းတို့ရေ....
ငါတို့နိုင်ငံ၊ ငါတို့တိုင်းပြည်
ချစ်ခင်ပါလျှက်၊မုန်းချင်ယောင်ဆောင်ခဲ့တယ်။
သူမကောင်းခဲ့လို့၊သူမကောင်းဘူးလို့
ငါတို့တတွေအငြင်းပွါးမနေကြပဲ၊
သမိုင်းတခေတ်ရဲ့ပြေးလမ်းပေါ်ကို
ငါတို့တတွေအတူတူတက်ကြမယ်။....
မျိုးဆက်တိုင်းအတွက်၊နောင်မျိုးဆက်က
လက်ကမ်းကြိုယူကြရင်း၊ငါတို့ဘ၀တွေအသက်ရှင်နေသ၍၊
သမိုင်းဆိုတာဆက်၍ ရှည်စေရဦးမှာပေါ့။

ငယ်ဆူး

အပြင်စီးမဂ္ဂဇင်း၊အမှတ် ၆၊ဇွန်လ ၂၀၁၁။

Saturday, 5 November 2011

နုငယ်ရေးတဲ့ အချိန်တန်ရင် အိမ်ပြန်ကြတာပေါ့”

ဘယ်နှစ်ရာသီ ဘယ်နှစ်မိုးတိုင်ခဲ့ပီလဲ
ဇူးရေ
သိမ်းထုပ်ထားခံရတဲ့ ဆန္ဒချိုချိုတွေ
မှိုများလိုက်နေပီလားဟယ်
ဆောင်းမရှိတဲ့ကျွန်းမှာ
နင်ဘဝရော ချိန်သားကျရဲ့လား
သူငယ်ချင်းရေ.....
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ
အချိုးအစား ဘယ်တုန်းကမှ
မမျှတခဲ့ဘူးလေ။
ကံတရားက ငါတို့မှ
မွဲ မွဲနိုင်လွန်းတယ်ဟယ်
ဒီခေတ်တစ်ခုမှာမှ ငါတို့က
လူစဖြစ်ခဲ့ရတာကိုး
မိဝေးဖဝေးဆိုတာကိုက
ခေါက်ရိုးကျိုး ဘဝလေများလား။
ခေတ်တွေ စနစ်တွေ
ငါတို့နားမလည်တဲ့ဘာညာဗေဒတွေနဲ့
ခပ်ဝေးဝေးကသာနေလိုက်တော့
သေချာတာက
အချိန်တစ်ခု မှာ ငါတို့အိမ်ပြန်ကြမယ်ဆိုတာပဲ။
အနောက်ကိုလျှောက်ပါလို့ အရှေ့ကိုပဲမျှော်ရတော့မယ်
ဇူးရေ...............
ပိတောက်တွေ ခရေတွေ စိတ်ကူးလေးနဲ့
ခူးကြ ပန်ကြတာပေါ့
အခုချိန်မှာတော့ ဘဝပီသအောင်
ကိုယ့်စိတ်ကိုယ်ချိုး ရှေ့သို့ပဲရဲရဲတိုးကြရမယ်။
ဒါပေမဲ့.....
သူငယ်ချင်းရေ
ရွှေရောင်တောင်ပံနဲ့ ငါတို့အိမ်မက်တွေကို
ဘယ်လိုမျှားအစင်းစင်းနဲ့မှ ပစ်မချလိုက်ပါနဲ့
ဒို့တွေ အချိန်တန်ရင် အိမ်ပြန်ကြရမယ်လေ။
သူငယ်ချင်းရေ
မက်ဒေါနယ်နဲ့ ကိုကာကိုလာထက်
ကျစိမ့်တစ်ခွက်နဲ့ မုန်းဟင်းခါးကို
ငါတို့က ပိုချစ်တယ်...
ကမ္ဘာကျော် ဘယ်နေရာပဲဖြစ်စေ
ငါကတော့ TIME SQUARE ထက် အင်းယားကိုပိုချစ်တယ်
လွမ်းတယ်ဆိုတာ..ရင်မှာတမြေ့မြေ့လောင်တဲ့မီးတောက်ဆို
အဲ့သလို အလွမ်းတွေနဲ့
ငါရန်ကုန်ကိုလွမ်းတယ်.....
သူငယ်ချင်းရေ...
ဇူးရေ
မိုးတွေက မလိုတဲ့နေရာမှာ စွေလွန်းတယ်ဟာ
ခေတ်ကိုပဲအပြစ်တင်ရမလား စနစ်ကိုပဲအပြစ်တင်ရမလား
ဘဝဒိုင်သူကြီးရဲ့ ပွဲပီးခရာသံကိုပဲ
နားတစွင့်စွင့်နေလိုက်တော့တယ်။
အရုဏ်တစ်ခါလင်းတိုင်း
မှတ်မှတ်ရရရွတ်ဆို......
အချိန်တစ်ခုမှာ ငါတို့အိမ်ပြန်ကြရမယ်။
သူငယ်ချင်းရေ
"လဲနေသူထူပေးပါ အားငယ်သူအားပေးပါ"
ငါတို့ရင်နှီးခဲ့သမျှ စာသားတွေက
တချို့နေရာမှာ အသုံးချခွင့်မရရှာဘူး
အတ္တတွေ အရောင်ထူ လွန်းသကိုးကွဲ့။
နေညိုလာရင် ငါတို့မသိအောင်
ဆန္ဒတစ်ချို့တွေက အိမ်ခိုးခိုးပြန်ကြတယ်
တော်ရာမှာ ပျော်အောင်မနေနိုင်သူရဲ့
ဝဋ်နာကံနာ လို့သာဆိုကြပါစို့။
ဇူးရေ
သူငယ်ချင်းရေ
ချစ်ရေ...............
ခရီးကြမ်းမဟုတ်တဲ့ မာယာလမ်းမှာ
ငါတို့ယုံကြည်ချက်တွေ မျက်စိမလည်ကြေး
ငါတို့ ရင်မှာပျိုးထားတဲ့
အိမ်မက်တစ်ပွင့်ကို....ရှင်သန်ပါစေ
ကြီးထွားပါစေ....
ငါတို့တွေက
အချိန်တန်ရင် အိမ်ပြန်ကြရမယ်လေ...
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြ....
အိမ်ပြန်...
အိမ်.........
အိမ်.......
.........................
.............................
.............................................။

နုငယ်

Source: thuriya.org

Wednesday, 7 September 2011

မင်းထက်တန်(ရွှေဘို)ရေးတဲ့ Made in Myanmar

မြန်မာပြည်တွင်းဖြစ်မို့
အရည်အသွေးအာမခံတယ်။
ငါတို့ဟာ
ထုတ်ကုန်ပစ္စည်းတခုလိုလိုနဲ့
ထုတ်ကုန်ပစ္စည်းတော့မဟုတ်ဘူး။

သဏ္ဍာန်ကွဲ အရောင်လွဲချင်လွဲမယ်
အတွင်းအနှစ်သာရကတော့
ဘယ်လိုမှတ်ကျောက်မှာပဲတင်ကြည့်ကြည့်
လုံးဝတင်းပြည့် ကြပ်ပြည့်ပဲ

ငါတို့ဟာ
ရောင်းကုန်ပစ္စည်းတခုလိုလိုနဲ့
ရောင်းကုန်ပစ္စည်းတော့မဟုတ်ဘူး။
လေယဉ်စီးပြီးကမ္ဘာတပတ်ရှာကြည့်
ငါတို့လောက်လှနေတာတွေတောင်
ငါတို့ပြည်တွင်းဖြစ်စိတ်စေတနာထက်
သာလွန်ထူးကဲပြီး မလှနိုင်ဘူး။

အမျိုးမှန်အဖိုးတန်တွေရဲ့တန်ဖိုးဟာ
အရိုးခံ ကြောင်းကျိုးမှန်ကန်မှုနဲ့
အဖိုးတန် အမျိုးမှန်တာတွေ မကျဆင်းရအောင်
ကူညီကာကွယ် ဆွဲတင်ထိန်းသိမ်းခြင်းပဲ။

ဒါကြောင့်...
Made in Myanmar စစ်စစ်ဆိုရင်
ထိတ်ပင်မြန်စွာ မရောက်သေးသော်လည်း
ကမ္ဘာရဲ့ အနှံ့အပြားမှာ
ကြက်သီးဖြန်းဖြန်းထသွားအောင်
ငါတို့ရဲ့ ဖြူစင်ရိုးသားမှုတွေကို
အထိခိုက် အပွန်းအပဲ့ခံလို့မဖြစ်ဘူး
မညီမျှခြင်းတွေ ဘယ်လောက်ပဲဒီဂရီစောင်းနေပါစေ
မိုးခါးရေသောက်ဖို့ဆိုတာ ဝေးသေး
ဤ ကိုတောင် ကျွဲ လို့မဖတ်နိုင်ဘူး။

             မင်းထက်တန်(ရွှေဘို)

အပြင်စီးမဂ္ဂဇင်း၊အမှတ် ၈၊ သြဂုတ်လ၊၂၀၁၁

နန္ဒခင်(သက္ကလမြေ)ရေးသော ဇာတိမြေအလွမ်း

ဇာတိမြေဆိုတာ
သေသည်ထိ မေ့မရဘူး
ငယ်ချစ်ဦးအစ- ပွင့်သည့်ပန်းအဆုံး
တပြုံးပြုံးသတိရ - မြေးဦးရသည်ထိ
အားသည်နှင့် ပြန်ပြေး...၊
အတိတ်ကခြေရာ
ဝေဒနာဟုမထင်မှတ်ပါဘူး
ရယ်စရာသည်ဖြစ်ရပ်တွေက
ဇရာကိုပြန်ပြောင်းနုပျိုစေတာမို့
တသသရင်မှာ လန်းရတယ်
အိုကွယ်...လွမ်းလို့ မ၀ဘူး...။  ။

            နန္ဒခင်(သက္ကလမြေ)

အပြင်စီးမဂ္ဂဇင်း၊အမှတ်(၅)၊မေလ၊ ၂၀၁၁

ဆရာဇော်ဂျီဧ။် သခင်အောင်ဆန်းတရား

ငါ့ညီပြောင်ဝင်း၊မောင်သစ်ဆင်း
မင်းဧ။်သားငယ်၊မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။
ဆန်းဧ။်သတ္တိ
ဆန်းဧ။် သမာဓိ၊ဆန်းဧ။် ပညာ
ဟောစရာကား၊ အလွန်များဧ။်
မင့်သားအရွယ်၊သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊သူ့အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှဧ။်...
သူ့အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်တမ်း၊ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးတိုက်ဧ။်
ခေတ်လိုက်ခါညီ၊ခေတ်မှီပညာ
ကြုံရာဘ၀၊မျှတ လုံလောက်၊ ခံမြို့ထောက်ဧ။်
ထို့နောက်တဆင့်၊မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ၊ဟောပါဘိ။  ။

                      ဇော်ဂျီ