မှတ်မှတ် ရရ..လွန်ခဲ့တဲ့ နှစ်များစွာက
ကဗျာတစ်ပုဒ်ကို
နာနေသော နှလုံးသားနဲ့
ဒီလိုရေးခဲ့ ဖူးတယ်။
``ရင်ထဲမှာ ဝေဒနာတစ်ခု
အမည်ဖော်ဖို့ခက်
ဖွင့်ပြခွင့်လည်းမရှိ
မြုံနေတဲ့ အနာမို့
တိုက်စားသွားလိုက်တာ
ကျွန်မရဲ့ မာနတွကို.....
နှမြောလွန်းလို့လေ
တစစီလိုက်ကောက်ယူပြီး
ပြန်သိမ်းထားလိုက်တယ်။``
ဒီကဗျာကို
သူ့ဆီရေးပို့
အချစ်တခုကို အဆုံးသတ်ပြီးတဲ့နောက်
ကာရံတွေပျောက်ဆုံးခဲ့တယ်။
ဘ၀ဟာ အချစ်မဟုတ်သလို
အချစ်ဟာလည်း ဘ၀မဟုတ်ဘူး..
အချစ်ဟာ ဘ၀ရဲ့ တစိတ်တပိုင်းသာဖြစ်တယ်။
အချစ်ကံခေသူတွေအတွက်
အချစ်ရဲ့ ရလဒ်ဟာ..
ဒဏ်ရာ၊ ဝေဒနာ၊ ၀ဋ်နာကံနာ
အမှတ်တရဖြစ်ကျန်ခဲ့တာက
အနာရွတ်...
ဖြေဆေးလိုချင်လား????
အချိန်ဆိုတဲ့ဆေးက
ဝေဒနာမှန်သမျှကို အမြစ်ပြတ်စေတယ်။
စံပယ်ဖြူ
၁၃း၃၅-နာရီ- ၀၅၊၀၈၊၂၀၁၂။
No comments:
Post a Comment