ဒီနှစ် နှစ်သစ်မှာ ပြာသိုလဆန်း (၁)ရက်နေ့ ကရင်နှစ်သစ်ကူးနဲ့လည်းတိုက်ဆိုင်၊ စာပေဟောပြောပွဲ လည်းရှိလို့ နှစ်ပွဲလုံးနွဲပြီး နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။ သလေးထိုင်ခုတ်ဖူ ကောက်ဦးပေါ်သော ကရင့်နှစ်သစ်ကူးမှာ မလေးရှားရောက် ရွှေကရင်များကို စုစည်းရောက်လာကြ
ဟောပြော ဖျော်ဖြေကြရင်း နှစ်သစ်ကိုအတူဆင်နွဲခဲ့ကြတာ ဆယ်စုနှစ်တစ်ခုကို ကျော်ခဲ့ပါပြီ။ ကရင်အကျီ ရောင်စုံဝတ်ဆင်ထားကြတဲ့ ချစ်စရာရွှေကရင်တွေကို မြင်ရတာ စိတ်ချမ်းသာမိပါတယ်။ မောင်ညီမငယ်တွေ ဆိုကြကကြတာ ကြည့်ရင်းစိတ်အပန်းပြေ ခဲ့ပါတယ်။ သဘောဖြူအူစင်းလှပြီး ပျော်ပျော်နေချင်ကြတဲ့ ကျွန်မတို့ ကရင်လူမျိုးတွေ အမြဲတမ်းပျော်ရွှင် နိုင်ကြပါစေလို့ နှစ်သစ်မှာ တောင်းဆုပြုမိပါတယ်။ အဝေးရောက် ရွှေကရင်တွေ ဇွဲကပင်တောင်နဲ့ အမိမြေကို မမေ့ကြပါစေနဲ့ လို့လည်း ဆုတောင်းမိပါတယ်။
နေ့လည် (၁၂)နာရီလောက်မှာ ကိုတာရာယာမှာ ကျင်းပတဲ့ စာပေဟောပြောပွဲကို သွားခဲ့ပါတယ်။ ခန်းမထဲကိုရောက်တော့ ဆရာမဒေါ်စန်းစန်းနွဲ့(သာယာဝတီ) စတင်ဟောပြော နေပါပြီ။ အ ပြောကောင်းတဲ့ ဆရာမက (၇)နှစ်ကျော် ထောင်ကျခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။ ၈၈ အရေးအခင်းမှာ မတရားသော အမိန့်ဟူသမျှကို ဖီဆန်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်
ဆိုတဲ့ ဆိုင်းပုဒ်ကို သဘောတူရေးဆွဲကြရာမှ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်)က ထိရှပြောင်မြောက်သော ကဗျာများကို ရွတ်ဆိုဟောပြောပါတယ်။ ဆရာနောက်ဆုံးစကားကတော့ ကျွန်မရင်ကို အထိဆုံးပါ။
သူ့တို့ကမ်းလာတဲ့လက်ဖ၀ါးမှာ..အို ငါ့ပါးရာတွေနဲ့
ရင်ကွဲမတတ်ခံစားခဲ့ရတဲ့ ဆရာ့ရင်ဘတ်က ပွင့်ထွက်လာတဲ့ စကားလုံး။ထောင်မကြောက် တန်းမကြောက် အာဏာရှင်တွေကို ကဗျာနဲ့ကလော်တုတ်ခဲ့တဲ့ ကဗျာဆရာကြီး အိုနေပါပြီ။ အိုနေပေမဲ့ အာဏာရှင်စနစ်ဆိုးကို အမြစ်မကျန်အောင် တူးထုတ်ပစ်ချင်တဲ့ ဆရာအားမာန်တွေက ကျွန်မတို့ ငယ်ရွယ်သူတွေထက် အဆမတန် သာနေပါတယ်။ ဆရာအိုတို့ လမ်းစဉ်ကို ကျွန်မတို့ ညီညီညွတ်ညွတ် လိုက်နိုင်မှ ဒီစနစ်ဆိုးကို တော်လှန်နိုင်မှာ ဖြစ်ပါတယ်။ ဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်သေးတဲ့ ကျွန်မကတော့ ဆရာတို့ကို အားနာမိပါတယ်။
ကဗျာဆရာ ညီမင်ညိုကလည်း အပြောအဟော ကောင်းလွန်းပါတယ်။ ကြူ(၄) ကြူကောင်း၇န် အရေးကြီး ကြောင်းကို ဆွေးနွေးပြောပြခဲ့ ပါတယ်။
ပထမ Q - IQ ဥာဏ်ရည်မြင်ြ့ခင်း
ဒုတိယ Q- EQ စိတ်ခံစားမှု ဥာဏ်ရည်မြင့်ခြင်း
တတိယ Q- PQ ကိုယ်ကာယ ကြံ့ခိုင်ကျန်းမာခြင်း၊ ကျန်းမာအောင်နေမှ အလုပ်တွေကောင်းကောင်း လုပ်နိုင်မှာ ဖြစ်ပါတယ်။
စတုတ္ထ Q-SQ ဘာသာတရား ကိုးကွယ်ယုံကြည်မှုဆိုင်ရာ တွေးခေါ်မြော်မြင်မှု မြင့်မားခြင်း။ မိမိယုံကြည် ဘာသာတရား၏ အဆုံးအမကို လိုက်နာကြလျှက် သူတပါး၏ ကိုးကွယ်ယုံကြည်မှုကို လေးစားတတ်မှသာ မတူညီကွဲပြားကြသူတွေ ငြိမ်းချမ်းစွာ လက်တွဲနေထိုင် ကြမှာဖြစ်ပါတယ်။
လူမျိုးရေး၊ ဘာသာရေးမှိုင်းတွေမိပြီး မတည်ငြိမ်ဖြစ်နေရင်၊ တိုင်းပြည်ချောက်ကမ်းပါးသို့ မကျရောက်မှီ လက်တစ်လုံးအလိုလေးမှာ စစ်တပ်က အာဏာသိမ်းတဲ့ အခြေအနေ ပြန်ရောက်လာမှာကို စိုးရိမ်ရသဖြင့် သတိရှိကြရန် အလေးအနက် ပြောသွားပါတယ်။ တိုင်းပြည်အရေးအတွက် အပင်ပန်းခံ ပြောကြ ရေးကြတဲ့ ဆရာ ဆရာမတွေကို လေးစားအားကျမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
ဘာမှမလုပ်ပေးနိုင်တဲ့ ကျွန်မကတော့ မြန်မာပြည်အတွက် နှစ်သစ်ဆုတောင်းလေးပဲ တောင်းပေးပါတယ်။
ကျွန်မတို့ မြန်မာပြည် ငြိမ်းချမ်းသာယာ ပါစေ....
မိခင်နှင့်တူသော အမေစု ကျန်းမာပါစေ..
အမေစုကို ၀န်းရံကြသူတွေအားလုံးလည်း ကျန်းမာကြလို့၊ ပြောသမျှစကား ရေးသမျှစာတွေ သြဇာညောင်းနိုင်ပါစေ...
တပ်မတော်သားများအားလုံး အမြင်အာရုံတွေ ကြည်လင်ကြလို့ နှလုံးသားတွေ ပွင်းလန်းကြပါစေ။
အချိန်မရသဖြင့် စာပေဟောပြောပွဲအကြောင်း အသေးစိပ်မရေးနိုင်တာကို တောင်းပန်အပ်ပါတယ်။
Welcome!
ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....
Showing posts with label စာပေဟောပြောပွဲ. Show all posts
Showing posts with label စာပေဟောပြောပွဲ. Show all posts
Wednesday, 1 January 2014
Sunday, 4 August 2013
နှလုံးလှ စာပေဟောပြောပွဲ (ဇူလိုင် ၂၀၁၃၊ ၆၆ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)
နှလုံးလှ ပရဟိတလူငယ်များ
သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) ရန်ပုံငွေအဖြစ် ကျင်းပသော (၆၆)ကြိမ်မြောက် အာဇာနည်နေ့
အထိမ်းအမှတ် စာပေဟောပြောပွဲကို ဇူလိုင်လ (၁၄)ရက်နေ့တွင် SM ခန်းမ၌ ကျင်းပခဲ့ပါသည်။
ရန်ကုန် နာရေးကူညီမှုအသင်း ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့မှ လာရောက်ဟောပြောခဲ့
ပါသည်။ အခမ်းအနား မစတင်မှီ ဗိုလ်ချုပ်အောင်ဆန်းနှင့်အကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို
အလေးပြုပြီး၊ နိုင်ငံတော်သီချင်းကို သီိဆိုကြသည်။
ပညာတန်ခိုးနှင့် ပရဟိတလူမျိုးခေါင်းစဉ်ဖြင့်
ကိုဂျင်မှီမှ ပထမဆုံးဟောပြော ပါသည်။ စာပေဟောပြောပွဲသှို့ တက်ရောက်လာကြသော ပုရိတ်သတ်များကို
ကိုဂျင်မီက ရင်ထဲကလာသော စကားဖြင့် မင်္ဂလာပါဟု လှိုက်လှိုက်လှဲလှဲနုတ်ဆက်၍ ဟောပြောပွဲကို
စတင်ပါသည်။ ဟောပြောကျင်းပရန် (၄)လခန့် ကြိုတင်ပြင်ထား ခဲ့သော်လည်း လတ်တလော ဖြစ်ပေါ်နေသော
အခြေအနေများကြောင့် လာရန်သင့်မသင့် စုံးစမ်းခဲ့ရပါသည်။ မလေးရှားအဖွဲ့များက ယခုလိုအခြေအနေမျိုးတွင်
လာရန်ပို၍လိုအပ်ကြောင်း ပြောသဖြင့် လာခဲ့ကြပါသည်။ ပြည်ပရောက်မြန်မာများအတွက် ခွန်များမျှဝေပေးရန်
ရောက်လာခြင်းဖြစ်သည်။
မြန်မာလူမျိုးများသည်
ပညာကိုတန်ဖိုးထား၍ ပရဟိတကို မြတ်နိုးသော လူမျိုးဖြစ်သည်။ ပညာတန်ခိုးနှင့် ပရဟိတ လူမျိုးသာလျှင်
ကမ္ဘာမှာ အထက်တန်းသို့ ရောက်နိုင်သည်။ မြန်မာတို့သည် ပညာကို တန်ဖိုးထားပါလျှက် ပရဟိတကို
မြတ်နိုးပါလျှက် အောက်ကျနောက်ကျ ဖြစ်နေရခြင်းမှာ နှစ်ပေါင်းငါးဆယ်ကျော် ရက်ရက်စက်စက်
ဖျက်ဆီးခံ ခဲ့ရသောကြောင့် ဖြစ်သည်။ ပညာဆိုသည်မှာ အမှန်တရားကို ထိုးထွင်းသိမြင်နိုင်ခြင်းကို
ဆိုလိုသည်။ ပညာဟုဆိုလျှင် အတန်းပညာနှင့် မပြီး၊ အတန်းပညာသည် အမှန်တရားကို ထိုးထွင်းသိမြင်နိုင်ရန်
အထောက်အကူ ပြုသည်။ အခြေခံပညာ အားနည်းသည့်အခါ အမှန်ကိုသိခွင့်မရ၊ လမ်းလွဲသွားကြသည်။
၁၉၈၈ ၀န်းကျင်က ပညာရေးသည် ယခုအချိန်ထက်စာလျှင် မဆိုးသေးဟုဆိုနိုင်သော်လည်း၊ ထိုအချိန်ကတည်းက
သင်ထောက်ကူ ပစ္စည်းများ မလုံလောက်ခြင်း၊ လက်တွေ့လေ့လာရန်လိုအပ်သော ပစ္စည်းကိရိယာများ
ပျက်စီးယိုယွင်းနေခြင်းတို့ကြောင့် ထိရောက်စွာ သင်ကြားခွင့်မရခဲ့သည့် တက္ကသိုလ်ကျောင်းက
အတွေ့အကြုံများကို ပြောပြခဲ့ပါသည်။ သိပ္ပံပညာရှင် ဖြစ်ချင်သောကြောင့် ရူပဗေဒ ဘာသာရပ်ကို
သင်ယူခဲ့သော ကိုဂျင်မီသည် ရည်းမှန်းချက်နှင့် ဝေးခဲ့ရသည်။
အခြေခံပညာအားနည်း၍
အမှန်တရားကို သိခွင့်မရသော မြန်မာပြည်သူများသည် အကြောက်တရားများကြောင့် အမှန်ကိုထုတ်
မပြောရဲကြပေ။ အကြောက်တရားတွင် ရိုးသားသော အကြောက်တရားနှင့် မရိုးသားသော အကြောက်တရားဟူ၍
နှစ်မျိုးရှိသည်။ မိမိဆွေမျိုး အသိုင်းအ၀ိုင်း ထိခိုက်နစ်နာမည်ကို စိုးရိမ်၍ကြောက်ခြင်းသည်
ရိုးသားသော အကြောက်တရားဖြစ်သည်။ မိမိကြီးပွားချမ်းသာရေးအတွက် အထက်ဖား အောက်ဖိလုပ်ခြင်းသည်
မရိုးသားသော ကြောက်ခြင်းဖြစ်သည်။ အမှန်တရားကို မြတ်နိုးသော မြန်မာလူမျိုးများသည် အမှန်တရားကို
ပြခွင့်မရပါက နှလုံးသားထဲတွင် သိမ်းဆည်းထားပြီး၊ အခွင့်အရေးရပါက အမှန်ကို ထုတ်ဖော်ပြောကြသည်။ ၈၈ အရေးအခင်းကြီးသည် အမှန်ကို ထုတ်ဖော်ပြသော
သာဓကဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် အခွင့်အရေးရခိုက် အမှန်တရားကို ပြလိုက်ခြင်း
ဖြစ်သည်။ မကြာသေးခင် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည်လည်း အမှန်တရားကို ဖွင့်ပြလိုက်ခြင်းဖြစ်သည်။
Saturday, 12 January 2013
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲမှတ်တမ်း
မလေးရှားနိုင်ငံ၊
ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သော ဆဋ္ဌမအကြိမ်မြောက် စာပေဟောပြောပွဲ အခမ်းအနားကို ၂၀၁၃ခုနှစ်
ဇန်န၀ါရီလ (၁)ရက်နေ့တွင် SM ကုန်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဆရာဦးသက်ဆွေမှ
အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာမ မစန္ဒာမှ ၀တ္ထုတပုဒ်ကို ဖန်တီးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကျော်ရင်မြင့်မှ
ဘ၀ဇာတ်ခုံပေါ်က ခေတ်သစ်ပုံပြင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊
စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ)မှ အပြောင်းအလဲအား
ရှာကြည့်ခြင်းနှင့် ဘေးမှရပ်ကြည့်သူ၏ အမြင် ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြသည်။
စာရေးဆရာမ
မစန္ဒာမှ ၀တ္ထုတပုဒ်ကို ဖန်တီးခြင်း ခေါင်းစဉ်ကို
ပထမဆုံးဟောပြောခဲ့သည်။ စာရေးဆရာ (၃)မျိုး ရှိသည်။ အချို့စာရေးဆရာများသည် အပြောကောင်းသည်၊
စာရေးမကောင်း၊ အချို့က စာရေး ကောင်းသည် အပြောမကောင်း၊ အချို့က အပြောလည်းကောင်း အရေးလည်းကောင်း
ကြသည်။ စာရေးဆရာ (၃)မျိုးရှိသကဲ့သို့ စာအမျိုးအစားလည်း (၃)မျိုးရှိသည်။ ပထမတမျိုးမှာ
ကွမ်းရေနှင့်တူသော အပျော်ဖတ် စာများ ဖြစ်သည်။ ကွမ်းကို အတော်အတန် ၀ါးပြီးလျှင် ကွမ်းရည်များကို
ထွေးပြစ်ရသည်။ ကြာကြာဆက်၍ ၀ါးပြီးလျှင် ကွမ်းဖတ်အားလုံးကို
ထွေးထုတ်ပြစ်ရသည်။ အပျော်ဖတ်သက်သက်ဖြစ်သော စာများသည် အရည်လည်းမရ အဖတ်လည်းမရသဖြင့်
ကွမ်းရည်တူသော စာဖြစ်သည်ဟု ဆိုပါသည်။ ဒုတိယ စာအမျိုးအစားမှာ ကြံရည်နှင့်တူသော
စာဖြစ်သည်။ ကြံကို အရည်ညှစ်လျှင် အဖတ်ကိုပြစ်ရပြီး၊ အရသာ ရှိသော ကြံရည်ကိုသောက်ရသည်။
ဝတ္ထုသည် ကြံရည်နှင့်တူသော စာဖြစ်သည်။ အသိုင်းအ ၀ိုင်းနှင့် ရေးဖွဲ့ထားသော
ဝတ္ထုတပုဒ်တွင် မလိုအပ်သည်များကိုဖယ်၍ ကြံရည်နှင့်တူသော အနှစ်သာရရှိသည့် စာများ
မှတ်သားစရာကျန်သည်။ တတိယစာ အမျိုးအစားမှာ နို့မလိုင်နှင့်တူသော စာဖြစ်သည်။
ထိုစာမျိုးသည် အရည်ရော အဖတ်ပါရသော အာဟာရပြည့်ဝသည် စာပေဖြစ်သည်ဟု ဆိုပါသည်။
ဝတ္ထုရေးခြင်းကို ငါးဖမ်းခြင်းနှင့်
နိုင်းပြခဲ့သည်။ ၀တ္ထုတိုရေးခြင်းသည် မှိန်းနှင့်ထိုး၍ ငါးဖမ်းခြင်းနှင့်တူသည်။
ငါးကိုစောင့်၍ ချက်ကောင်းမိအောင် မှိန်းနှင့်ထိုးနိုင်မှ ငါးတကောင်ရသည်။
ထို့နည်းတူပင် ၀တ္ထုတိုရေးသူ သည် ငါးရအောင် ထိထိမိမိရေးနိုင်ရသည်။ ၀တ္ထုရှည်ရေးခြင်းသည် ပိုက်ကွန်ဖြင့် ငါးဖမ်းခြင်းဖြစ်သည်။
ပိုက်ကွန်ဖြင့် ငါးဖမ်းလျှင် အကောင်ရေများစွာ ရသကဲ့သို့ ၀တ္ထုရှည်ရေးသားခြင်းဖြင့်
စာရေးသူပေးလိုသော မက်ဆေ့များကို များများပေးနိုင်သည်။ သို့သော်လည်း တခါတရံ
ရေသာကျယ်၍ ငါးမရတာမျိုး ဖြစ်နိုင်သည်။ စာရေးမည်ဆိုလျှင် မိမိပိုင်နိုင်သော
အကြောင်းအရာကို ထိထိမိမိရေးနိုင်ပါလျှင် ငါးများများ ရနိုင်သည်။ ၀တ္ထုရေးခြင်းသည်
ရင်ထဲမှစကားကို စာဖြင့်ပြောခြင်းဖြစ်သည်။ စာရေးသူနှင့်သိသော လူများအကြောင်းကို
အခြားသူများသိအောင် စာရေးပြောခြင်း၊ မျှဝေခံစားနိုင်အောင် ရေးခြင်းဖြစ်သဖြင့်
အတင်းပြောခြင်း ဟုဆိုနိုင် သည်။ စာရေး၍အတင်းပြောခြင်း၊ မိမိသိသော
အကြောင်းအရာများကို အများသိအောင်ရေးခြင်း၌ ရသပါ အောင်ရေးရသည်။ တွေးရပါသည်။
အတွေးမှန်မှ အရေးမှန်မည်ဟု ဆိုပါသည်။
စာရေးရာတွင် မိမိကိုယ်တိုင် တွေ့ကြုံရသော
အကြောင်းအရာများကို အခြေခံ၍ရေးမှသာ ထိထိမိမိ ရေးသားနိုင်ကြောင်းကို ဆရာမ မစန္ဒာက
သူမ၏ ဆဋ္ဌဂံဝတ္ထု ရေးဖြစ်ခဲ့ပုံနှင့် ဥပမာပေး ဟောပြောခဲ့သည်။ မစန္ဒာသည် စာစရေး၍
နံမည်ရခါစ အချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ဘ၀အကြောင်းကို ၀တ္ထု ရေးချင်ခဲ့သည်။
သို့သော် ကိုယ်တိုင်ကိုယ်ဝန်ဆောင်ဖူးသည့် အတွေ့အကြုံမရှိသဖြင့် ရေး၍မရခဲ့။
ဆေးကျောင်းသူများနှင့်အတူ မွေးခန်းသို့လိုက်၍ ကိုယ်ဝန်ဆောင်မိခင်များ
ကလေးမွေးသည်ကို သွားကြည့်ခဲ့သော်လည်း၊ ကိုယ်ဝန်ဆောင် မီးဖွားသည့်
မိခင်များအကြောင်း မရေးနိုင်ခဲ့ပါ။ ဆရာမ မစန္ဒာကိုယ်တိုင် အိမ်ထောင်ကျ
ကလေးမွေးပြီး၊ အတွေ့အကြုံများ စုံလာသောအချိန်ရောက်မှ ကိုယ်ဝန် ဆောင်မိခင်ဘ၀ကို
သရုပ်ဖော်ထားသည့် ဆဋ္ဌဂံ ၀တ္ထုကို ရေးဖြစ်ခဲ့သည်။ ထို့ကြောင့် ကိုယ်တကယ်သိသော
အကြောင်းအရာကို ရေးသင့်ကြောင်းနှင့် မသိသောအကြောင်းအရာကို ရေးလျှင်
မပီပြင်နိုင်ကြောင်း ဟောပြောအကြံပေး ပါသည်။
ဆရာမ မစန္ဒာမှ သူမရေးခဲ့သော ၀တ္ထုအချို့အကြောင်း
မှတ်သားစရာများကို ဟောပြောခဲ့ပြီး၊ ငွေတာရီ ရေးစပ်ခဲ့သော သာသည့်မြေသို့ ကဗျာနောက်ဆုံးပိုဒ်ဖြစ်သည့်
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။ ကိုရွတ်ဆို၍
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။ ကိုရွတ်ဆို၍
Subscribe to:
Posts (Atom)