Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....
Showing posts with label စိတ်ကူးယဉ်. Show all posts
Showing posts with label စိတ်ကူးယဉ်. Show all posts

Sunday, 26 January 2014

လူချော






နှစ်တွေအတော်ကြာအောင် ပြန်မရောက်ခဲ့သော မြို့လေးထဲ တစ်ခေါက်ပြန်ရောက်ခဲ့လေပြီ။ မြို့လေးက အရင်လို နွေးနွေးထွေးထွေး မရှိတော့သလို။ ပူပြင်းခြောက်သွေ့သော နွေရာသီနှင့် လိုက်ဖက်အောင် မြို့လေးက သွေ့ခြောက် တိတ်ဆိတ်နေတော့သည်။ ဒီမြို့မှာ လူချော အထက်တန်း အောင်ခဲ့သည်။ လတ်ဆတ်တက်ကြွသော အထက်တန်းကျောင်းသား
ဘ၀က တကယ်ကို လွမ်းစရာ။ သောကြာနေ့ ညနေဆို မြို့ကနေ ရွာကိုအတူပြန်ကြသော ငယ်ပေါင်းသူငယ်ချင်းများကို လွမ်းဆွတ်မိတော့သည်။ ရွာရောက်ရင် သူတို့နှင့်တွေ့ရမည်။ 


ဆိုက်ကားမစီးပဲ ရွာကို လမ်းလျှောက်ပြန် ခဲ့သည်။ လွတ်လပ်ခြင်းတွေ အကျဉ်းချ ခံနေရသော ပတ်ဝန်းကျင်ကို ခဏထားခဲ့ပြီး၊ လူချော အမေ့ရွာကို ပြန်လာခဲ့ခြင်း ဖြစ်သည်။ ငယ်သူငယ်ချင်းများနှင့် စိတ်လွတ်လက်လွတ် နေရန်ကြံစည်ထားသဖြင့် ဇနီးနှင့် ကလေးများကို ခေါ်မလာခဲ့။


လွတ်လပ်ြခင်း အရသာကို လူချော အခုန်မင်ခဲ့ဆုံးအရာတစ်ခု။ လောကကောင်းကင်ပြင်မှာ တောင်ပံကို အဆုံးစွန်ထိ ဖြန်ု့ထွက်ပျံသန်းချင်ခဲ့သော လူချော၏ စိတ်ကူးများက စိတ်ကူးယဉ် ကမ္ဘာမှာပဲ ကျန်ခဲ့ပြီ။ လက်တွေ့ဘ၀မတော့ ကျစ်ကြိုးများ၊ ၀င်္ကဘာ ထောင်ခြောက်များနှင့် ရှုပ်ထွေးလှသော အသိုက်အ၀န်းတွင် ကို ကျွဲ ဖြစ်အောင် ပြောနေရသည်။ ကြာတော့ ရူးချင်သလို ဖြစ်လာသည်။ 

လယ်ကွင်းထဲက သူငယ်ချင်းများလို တွံတေးသိန်းတန် သီချင်းကို လွတ်လွတ်လပ်လပ် အော်ဆိုရသော ဘ၀ကမှ ပိုပြီးအဓိပ္ပါယ်ရှိသလို ခံစားမိသည်။ 

ဂျုံးဂျုံး ဂျုံ့ဂျုံ့ …… ဂျုံးဂျုံး ဂျုံ့ဂျုံ့……. ဂျုံးဂျုံး ဂျုံ့ဂျုံ့

စပါးအပြည့်တင်လာသော ထော်လာဂျီ ဖြတ်မောင်းသွားရာ ဖုန်တွေအလိပ်လိုက် ထကျန်ခဲ့တော့သည်။ လူချောတစ်ကိုယ်လုံး ဖုန်တွေနဲ့ ဖွေးသွား၏။ ခုမှ တကယ့် တောသား ပြန်ဖြစ်သွားသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က ကတ္တရာလမ်းဖောက်ရန် စီမံကိန်းချခဲ့သော ကားလမ်းမသည် ယခုတိုင် ဖုန်ထူ ဗွက်ထူသော မြေသားလမ်း အဖြစ်သာ ရှိနေသည်။ ထိုစဉ်အခါက လုပ်အားပေးစနစ်ဖြင့် တစ်မြို့နယ်လုံးက ရွာသားများ၏ ချွေးများးနှင့် ဖောက်ခဲ့သောလမ်း။ ပေနှစ်ဆယ်ကျော် ကျယ်သော လမ်းမကြီးပေါ်တွင် ကတ္တရာအစား ကျောက်စရစ်ခဲများ ဟိုတစ်ဒီတစ်စ ရှိပါ၏။ နှစ်တွေကြာ၍ မြေသားကျသွားသဖြင့် လမ်းမကြီးမှာ မြင့်ရာမှနိမ့်သွားရုံကလွဲပြီး ဘာမှပြောင်းမသွားခဲ့ပေ။ မိုးရာသီတွင် ဗွက်ထူ၍ နွေရာသီတွင် ဖုန်ထူ၏။
စီမံတိုင်းမဖြစ်၊ သူ့သဘော သူဆောင်သည့် အနတ္တသဘောဟုသာ မှတ်ရတော့မလို။

လူချော ကိုယ့်အတွေးနှင့်ကိုယ် လမ်းဆက်လျှောက်ရင်း ရွာဆီမှလာသော မင်္ဂလာသီချင်းသံကို ကြားရသည်။

တူနှစ်ဖြာ…. ဂဟေဆက်…..သွေမပျက်တဲ့ မေတ္တာ……

ဘယ်သူ မင်္ဂလာဆောင်ပါလိမ့်။ ပြန်လာရင်းကြုံလို့ နွဲရချည်သေး။

ဆိုင်ကယ်နှင့်လာနေသော လူငယ်တစ်ယောက်ကို မင်္ဂလာဆောင်သတင်း မေးလိုက်မိသည်။

“ဘယ်သူမင်္ဂလာဆောင် တာလဲ ညီ”

“အော်….. ကိုလူချော ပါလား။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ မလွင်လွင်နဲ့ ကိုအောင်မောင်းတို့ မင်္ဂလာဆောင်ဗျ။”

“ဟာ..”

Saturday, 18 May 2013

ကျွန်တော် ဘုံဆိုင်






 ကျွန်တော်က ဘုန်းကြီးကျောင်းသား၊ သူရင်းငှား။ ကျောင်းဆရာရဲ့ အဖေပေါ့ဗျာ။ ကျွန်တော့် နံမည်က ဘုံဆိုင်။ အမေက ကောက်စိုက်သမ၊ ကြုံရာကျပန်း အလုပ်လုပ်တယ်။ အမေ့ အရင်ယောက်ျားက လယ်ကွင်းထဲမှာ ပိုးထိပြီးဆုံးသွားလို့ ကျွန်တာ့်အမေ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့တယ်။

လင်မရှိတဲ့ မိန်းမကို လူမလေးစားဘူးဆိုတာ မှန်မလားတော့ မသိဘူးဗျ။ ကျွန်တော့်အမေဟာ ရွာက လူတကာရဲ့ အသုံးတော်ခံဖြစ်ခဲ့တယ် ဆိုလားပဲ။ ကျွန်တော့်ကို ကိုယ်ဝန်ရတော့ ဘယ်သူနဲ့ရတာလဲ ဆိုတာ အမေကိုယ်တိုင်မသိရှာဘူး။ သူ့ဆီလာတဲ့ ယောက်ျားတွေအားလုံးနဲ့ဆိုင်လို့ ကျွန်တော့်ကို မွေးတော့ ဘုံဆိုင်လို့ အမေကိုယ်တိုင် နံမယ်ပေးခဲ့တယ်။ 

ကျွန်တော့်အတွက်တော့ အဖေဘယ်သူလဲဆိုတာ သိရလို့လည်း ဘာမှထူးပါဘူးဗျာ။ အမေ့ကိုလည်း ကျွန်တော် အပြစ်မတင်ချင်ဘူး။ အမေ ကျွေးမွေးစောင့်ရှောက်ခဲ့လို ကျွန်တော်လူဖြစ်ခဲ့တာ။ အမေ့ကို ကျွန်တော်ချစ်တယ်။ ကျွန်တော်တို့ ဘေးအိမ်ကလူတွေ ဆန်မရှိလို့ ဗိုက်မှောက်နေရတဲ့ အချိန်မှာ အမေက သူ့နည်းသူ့ဟန်နဲ့ ကျွန်တော့်ကို ထမင်းနှပ်မှန်အောင်  ကျွေးခဲ့တယ်ဗျ။

Saturday, 6 April 2013

သင်္ကြန်ရောက်ပြန်ပြီ





 ပိတောက်ပန်းတွေ ပွင့်နေပြီ... သင်္ကြန်ရောက် ပြန်ပြီရော ....
ရင်ထဲကအလွမ်းတွေ ပိတောက်ပန်းလို ဝေေ၀ဆာဆာ ဖူးပွင့်နေတုန်းပဲ အတူးရယ်..
နှစ်တွေကြာခဲ့ပေမဲ့ ရင်ထဲက အလွမ်းဒဏ်ရာက မပျောက်နိုင်သေးဘူး...
ဥသြငှက်တွန်သံကြားရင် အလွမ်းဒဏ်ရာက ပိုပိုနာလာတယ်။
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်း၊ အသဲနှလုံးကို ပုံအပ်ပြီး ချစ်ခဲ့ရတဲ့ ချစ်းဦးသူမို့ ဘယ်လိုမှ မမေ့နိုင်ဘူး လို့ဆိုရင် ကျေကျေနပ်နပ်ကြီး ပြုံးနေမယ်လို့ အောက်မေ့မိတယ် အတူး..
ငါ့အနားမှာ တခြားယောက် ရှိမနေတာကိုလဲ နင်ကျေနပ်တယ် မဟုတ်လား..
နင့်ကို လွမ်းနေရတဲ့ ဘ၀ကိုပဲ ငါကျေနပ်ပါတယ် အတူး..
အတူးဆိုတဲ့ ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်ကို ချစ်ခဲ့မိတဲ့အတွက် ငါဘယ်တော့မှ နောင်တရ မရဘူး။
ဒါပေမဲ့..အတူးကို လူလိမ္မာလေးတစ်ယောက်အ ဖြစ် သက်ဆိုးရှည်အောင် မထိန်းနိုင်ခဲ့တာ ကိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ငါတကယ် ညံ့တဲ့သူပါ။

xxxxxxxxx xxxxxxxxxxxxxxxxx  xxxxxxxxxxxxxxxx
အဖြစ်အပျက်တွေက ငါ့ရဲ့အာရုဏ်မှာ မနေ့တနေ့ကလို မြင်ယောင်နေတုန်း....။
ငယ်ငယ်က တို့နှစ်ယောက် ကစားအတူ၊ ကျောင်းသွားလည်း အတူတူ။
ကျောင်းသွားရင် နင့်စက်ဘီးနောက်က လိုက်ရတာ ငါသိပ်ပျော်ခဲ့တယ်။
သင်္ကြန်မှာ အတူပျော်ခဲ့တာတွေကို အမှတ်ရဆုံးပဲ အတူးရေ..
အမှတ်ရဆို သင်္ကြန်နဲ့ ငါက ဖွားဘက်တော်။ ငါက သင်္ကြန်မှာမွေးတဲ့ သင်္ကြန်သမီးပျို။ ဆယ့်နှစ်လရာသီမှာ သင်္ကြန်ကျတဲ့ တန်ခူးလကို အချစ်ဆုံး။
နင်ကတော့ ပျော်ချင် ကဲချင်လို့ သင်္ကြန်ကို ချစ်တာနော် အတူး..အဲဒါကြောင့်ပေါ့..
ငယ်ငယ်တုန်းဆို ငယ်သေးလို့မို့ နင်ဆိုးခဲ့တယ်။  ကြီးလာပြန်တော့လည်း အဖတ်ဆယ်မရအောင် နင်ဆိုးခဲ့ ပွေခဲ့တယ်။ အဲဒီလောက်ဆိုးတဲ့ နင့်ကို ဘာကြောင့်ချစ်ခဲ့သလဲဆိုရင် ချစ်လို့ကို ချစ်တာ။
တို့ငယ်ငယ်တုန်းက ရိုးရာသင်္ကြန်ပွဲတွေ ခုလိုသရုပ်မပျက်သေးတာ မှတ်မှိနေသေးတယ်။ သင်္ကြန် မဏ္ဍမှာ ရေးကစားရင်း မုန့်လုံးရေပေါ် လုပ်စားကြတယ်။
နင်လေ ငယ်ငယ်ကတည်းက ဇာတိပြခဲ့ တာနော်။ ရေလောင်းရင် ကောင်းကောင်း မလောင်းချင် ဘူး။ ခွက်စောင်းခုပ်တယ်။ အေးစက်နေတဲ့ ရေခဲရေနဲ့ လောင်းတယ်။ ပြောစကားကို ဘယ်တော့မှ နားမထောင်ဘူး။
ဆယ်ကျော်သက်အရွယ် ရောက်လာတော့ နင်လတ်လျားလတ်လျား လုပ်ချင်လာတယ်နော်။ ကျောင်းပြေးရင် မခေါ်တော့ဘူး၊ ဆေးလိပ်နဲ့ အရက်သောက်ရင် သေခန်းပြတ်ဆိုလို့  နင်ငြိမ်သွားခဲ့ တယ်။ နင်ငါ့ကို ကြိတ်ပိုးနေတဲ့အချိန်မို့ ငါ့စကားအောင်ခဲ့တယ်။
ငယ်ငယ်လေးထဲက ရင်းနှီးခဲ့ကြတဲ့ တို့နှစ်ဦးရဲ့ရင်မှာ အချစ်ဆိုတဲ့အရာက စောစောစီးစီး မွေးဖွားလာခဲ့တယ်နော်။ စူးရဲတဲ့ နင့်ရဲ့အကြည့်တွေကို ရင်ဆိုင်ရတိုင်း ငါ့ရင်မှာ ပူသလို နွေးသလိုကြီး။
ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ရင် အဖြေပေးမယ်လို့ ကတိပေးခဲ့လို့ နင်စားကြိုးစားခဲ့တယ်။ ဆယ်တန်းအောင် စာရင်းထွက်တဲ့နေ့မှာ နင့်ကိုငါ အဖြေပေးခဲ့တယ်နော်။ ချစ်သူတွေ ဖြစ်ခါစတော့ နှစ်ဦးသား မိုးမမြင် လေမမြင်။ 
အချစ်ဦးပေးတဲ့ အနမ်းတွေ ပါးပြင်မှာ ခုထိနွေးနေတုန်းပဲ အတူးရယ်..

Monday, 25 February 2013

အပယ်ခံပန်း၏ ရင်တွင်းဖြစ်

ရိပ်မွန်ဓမ္မာရုံမှ ဆရာတော် တရားဟောသံကို ကြည်လင်ပြတ်သားစွာ ကြားနေရသည်။ တရားသံက ကျွန်မ နှလုံးသားကို ငြိမ်သက်အေးချမ်းစေပါသည်။ တရားဓမ္မဖြင့်သာ လူသတ္တ၀ါတို့တို့အား တည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင် စွမ်းဆောင်နိုင်သည်ဟု ဆရာတော်မိန့်ကြားမှုကို နှစ်သက်လွန်းသဖြင့် မျက်ရည်ပင် လည်ရပါသည်။
မှန်လှပါအရှင် ဘုရား။

အမေနှင့် အထီးကျန်စွာ ဘ၀ကိုဖြတ်သန်းခဲ့သော နှစ်ဆယ်ကျော် ကျွန်မတသက် သည်လိုတရားမျိုး တကြိမ်တခါမှ မနားဖူးခဲ့ပါ။ ဗုဒ္ဓဘာသာဖြစ်သော အမေသည် တရားလည်းမနာ၊ ဘုန်းကြီးကျောင်းလည်း သွားလေ့မရှိ။ ကျွန်မတို့နေသော အိမ်ရာအတွင်းရှိ ရိပ်မွန်ဓမ္မာရုံသည် ကျွန်မတို့ သားအမိအတွက် မတန်မရာ နေရာ ဖြစ်နေသည်။ ရိပ်မွန်ဓမ္မာရုံမှ နှစ်စဉ်ကျင်းပသော ၀ါဆိုအလှူ၊ ကထိန်အလှူများကို သဒ္ဓါစိတ်ပေါ်လို့ သွားမိရင်တောင် ကျွန်မတို့ သားအမိကို အရေးလုပ်ခေါ်ပြောမည့်သူ ရှိမည်မထင်။

အမေသွားသော နေရာများမှာ ရှော့ပင်းစင်တာ၊ ခေတ်မှီဗျူတီစလွန်း။ ထိုနေရာများကသာ အမေ့ကို ပျူငှာစွာ ကြိုဆိုကြသည်။ အမေရှေ့ဆက်ရပ်တည်ရန်  လှပကျော့ရှင်း နေဖို့လိုသည်။
အမေသည် တသက်လုံးလှနေပါ မည်လား။
အမေအိုလာ လို့အလှတွေ ပျက်ယွင်းလာတဲ့အခါ ကျွန်မတို့ သားအမိ ဘယ်လိုစခန်းသွား ရပါမည်လဲ။
ကျွန်မဘ၀ရှေ့ရေးအတွက် အမေ ဘာတွေစဉ်းစားထားသလဲ ကျွန်မသိလိုပါသည်။
တစ်လကို တစ်ကြိမ် နှစ်ကြိမ်ရောက်လာ တတ်သော အဖေဆိုသည့် လူကြီးကို ကျွန်မ မခင်တွယ်ပါ။
အငယ်အနှောင်း များသော အဖေ့ကို တဏှာရူးကြီးလို့ စိတ်က ပြစ်မှားနေမိသဖြင့် နေ့စဉ်အပြစ်များ ရနေသည်။

သားအမိဖြစ်နေသော်လည်း ကျွန်မက အမေ့လို ပါရမီမပါပေ။
ကျွန်မရုပ်ရည် အတော်အတန် ကြည့်ကောင်း သော်လည်း အလှပြင်သော အလုပ်ကို ကျွန်မ ၀ါသနာမပါ။
အပယ်ခံ ပန်းတပွင့် လှနေလို့လည်း တင့်တယ် လာမည်မဟုတ်။

အချို့ယောက်ျားများ၏ အကြည့်များကို ကျွန်မ ရွံမုန်းမိပါသည်။
အမေနှင့် အဖေတို့၏ သမီးဖြစ်ရသည့်အတွက် ယောက်ျားများက ကျွန်မကို မြတ်နိုးတန်ဖိုး ထားစရာ မိန်းကလေးလို့ မမြင်ကြတော့။
ငယ်ငယ်ကတည်းက ပျောက်ဆုံးခဲ့သော ယုံကြည်ချက်များ အသက်ကြီးလာလေ အစရှာမရတော့လေ ဖြစ်လာခဲ့သည်။ ဒဏ်ရာများနဲ့ နာကျင်ခဲ့ရသော ငယ်ဘ၀ နေ့ရက်ကိုလည်း မမေ့နိုင်ခဲ့ပါ။

ကျွန်မ ငယ်ငယ်က အခြားကလေးများနည်းတူ ပျော်ရွှင်လွတ်လပ်စွာ ကစားခွင့်မရခဲ့ပါ။
ညနေရောက်လျှင် ကလေးများအားလုံး အိမ်ရာမြေကွက်လပ်သို့ ဆင်း၍ကစားကြသည်။
ကျွန်မလည်း သူတို့နှင့်အတူ သွားဆင်းကစားခဲ့ ပါသည်။ ကျွန်မသွားကစားပြီဆိုရင်  အခြားကလေးတွေကို မိဘများက ပြန်ခေါ်သွား ကြသည်။
သူတို့မိဘများက ကျွန်မနှင့်အတူ မကစားစေလိုသောကြောင့် ပြန်ခေါ်သွားကြ ခြင်းဖြစ်လေသည်။
တိတ်တိတ်ပုန်း မယားငယ်ရဲ့ သမီးဟာ ဂုဏ်သရေရှိ လူကြီးလူကောင်း သားသမီးတွေနဲ့ အတူကစားဖို့ မတူမတန်ဘူးလား။

မသိနားမလည်တဲ့ အရွယ်ကတည်းက သိမ်ငယ်စိတ်တွေ ရင်မှာအမြစ်တွယ် နေခဲ့ပါသည်။

Sunday, 6 January 2013

အချစ်အကြောင်း မသိခဲ့ဘူး


တနေ့မိုးလင်းခဲ့ ပြန်ပါပြီ။
မိသန်အတွက် လှသော တနင်္ဂနွေမနက်တွေ ပျောက်ဆုံးသွားခဲ့ပြီ။
မည်သူ့ ကိုမှ အပြစ်လည်း မတင်လိုတော့ပေ။ ကိုယ်ဘ၀နဲ့ ကိုယ့်အကြောင်းသာ ရှိပါစေတော့။
အရင်တုန်းကဆို မိသန်အိပ်ရာထလျှင် အမက ကော်ဖီနဲ့ထမင်းကြော်ကို အဆင်သင့်ပြင်ပေးထားဧ။်။ အလုပ်ပိတ်သော တနင်္ဂနွေတွင် သောက်ရသော ကော်ဖီက ပိုအရသရှိသည်ဟု ထင်သည်။
မနက်စာ စားပြီးလျှင် အမက လျှော်ဖွတ် သန့်ရှင်းရေးတွေ လုပ်သည်။ မိသန်က ဈေးသွားပြီး၊ တပတ်စာ ဟင်းသီးဟင်းရွက်နှင့်၊ ဈေးချိုသော ငါး၊ပုစွန် အဆင်ပြေသလို ၀ယ်ခြမ်းခဲ့ဧ။်။
မိသန်ဝယ်လာသမျှကို အမက သင့်သလို ချက်ပြုတ်၊ သိမ်းဆည်းလေ့ရှိဧ။်။ စိတ်ရှည် သိမ်ဆည်း ထားသိုတတ်သော အမကို အိမ်ထောင်ဖက်ကောင်းနှင့် တွေ့ရလိမ့်မည်ဟု မိသန်ယုံကြည် ခဲ့မိသည်။ သို့သော် အထင်နှင့် လက်တွေ့ တော်တော်လေး လွဲချော်နေလေပြီ။
ညီအမနှစ်ယောက် နေ့လည်စာ စားပြီးလျှင်  နှစ်သက်ရာ စာအုပ်ကိုယ်စီနှင့် အသံတိတ်နေကြဧ။်။
ညနေစာ စောစောစားပြီးလျှင် ရွှေတိဂုံဘုရားကို သွားကြသည်။ ဒီလိုလှပသော တနင်္ဂနွေနေ့တွေကို မိသန်ချစ်ပါသည်။ မပြည့်စုံသော်လည်း အမနှင့် အေးအတူ ပူအမျှ နေရသောဘ၀သည် မိသန်အတွက် လုံခြုံခဲ့ ပါသည်။

Sunday, 7 October 2012

မာနနှင့်အပြိုင်


လောကမှာ အချစ်မရှိရင် နေလို့ရပေမဲ့ ရေမရှိရင်တော့ နေလို့မရဘူး”
နီလာတယောက် မကျေမနပ်နဲ့ ရေရွတ်နေပြီ။ ဒီနေ့ အဆောင်မှာ ရေပျက်လို့ တဆာင်လုံး စိတ်ညစ်နေကြ တယ်။ စနေကျောင်းပိတ်ရက်မို့ တော်ပါသေးဧ။်။ ရည်းစားနဲ့ ချိန်းထားသူတွေတော့ အပြင်ထွက်ခါနီး ရေမချိုးရလို့ တော်တော်ဒှုက္ခရောက် ကြသည်။
ကျောင်းပိတ်ရက်မှာ လျှော်ဖို့စုထားတဲ့ အ၀တ်တွေတော့ ပုပ်စော်နံနေပြီ။ အိမ်သာတွေလည်း ရေမသုံးရတော့ တော်တော် အနံ့ထွက်နေတယ်။ အဆောင်မှူး မအီကတော့ ပြောပါတယ်။ တရက်ထဲပျက်မှာပါတဲ့။ အဆောင်သူတွေ စိတ်ညစ်ညစ်နဲ့ လူစုပြီး စကားဝိုင်းဖွဲ့ နေကြလေသည်။
“သယ်ရင်းတို့သိလား.. မနေ့ကတွေ့ခဲ့တဲ့ ကိုလူချောက သင်္ချာမေဂျာက ကင်းတဲ့”
“ဟုတ်လား တော်တော်ဖြောင့် တာနော်
မိန်းကလေးတွေ ဆုံကြပြီဆိုရင် ယောက်ျားတွေအကြောင်းနဲ့ အချစ်အကြောင်း ပြောတတ်ကြတာ သဘာဝပါ။ ဘယ်ငတိကတောဖြင့် ဘယ်လို၊ ကိုအ၀ှာက ဘယ်လိုကြောင်တယ် စသဖြင့်စုံလို့။ ချစ်ဖူးသူတွေက အချစ် အကြောင်းပြောပြတဲ့အခါ အချစ်ကို စူးစမ်းချင်သူတွေက စိတ်ဝင်တစား နားထောင်ကြဧ။်။

Saturday, 8 September 2012

ဆေးလိပ်သောက်သူတို့ဧ။် ရှူးဖိနပ်ကိုစီးကြည့်ခြင်း


ဆေးရုံမှာ အလုပ်လုပ်တဲ့ သူနာပြုတွေ ဆရာဝန်တွေအတွက် အမှာစကားတစ်ခွန်း ရှိပါတယ်။ သင်ကိုယ်တိုင် လူနာရဲ့ရှူးဖိနပ်ထဲ ၀င်နေကြည့်ပါတဲ့။ ကိုယ်ချင်းစာရမယ်လို့ ဆိုလိုတာပါ။ ကိုယ်ချင်းစာတယ် ဆိုတာ  တခြားတယောက်ရဲ့ နေရာမှာဝင်နေပြီး ခံစားသုံးသပ်ခြင်း၊ ထပ်တူခံစားပြီး စာနာနားလည်ပေးနိုင်ခြင်း ပဲဖြစ်ပါတယ်။
လူနာတစ်ဦး မှန်မှန်ကန်ကန် ပြောတာကို သဘောကျမိ ပါတယ်။ သူနာပြုတွေ ဆရာဝန်တွေက လူနာရဲ့ ရှူးဖိနပ်ထဲ ၀င်နေကြည့်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့လေ။ လူနာရဲ့ဖိနပ်ကို သူနာပြုသမားတော် တွေ စီးလို့မတော်နိုင်ပါဘူးတဲ့။ မှန်ပါတယ်။ ကျွန်မတို့ တခြားတယောက်၇ဲ့ ဖိနပ်ကိုစီးရင် တော်ဖို့ခဲယဉ်း ပါတယ်။ စီးတဲ့ဖိနပ် နံပါတ်တူရင်တောင်မှ နည်းနည်းချောင်နေတာ၊ ကြပ်နေတာမျိုးတွေ ရှိနေပါတယ်။ သို့ကလိုပဲ လူတွေကို ထပ်တူခံစား နားလည်နိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ပါတယ်။
ဆေးလိပ်သောက်သူတွေရဲ့ ဖိနပ်ကိုစီးပြီး ကျွန်မဒီစာကို ရေးပါတယ်။ မတော်တဲ့ ဖိနပ်ကိုစီးပြီးတော့လည်း လမ်းလျှောက်လို့ ရတာပဲလေ။ ကျွန်မ ဆေးလိပ်ကိုနှစ်ခြိုက်စွာ စွဲလန်းနေတဲ့သူဆိုပါစို့။ ဘာကြောင့်ဆေးလိပ် စွဲသွားသလဲ။ ငယ်ငယ်ကပေါ့။ ရွာမှာနေတော့ လူကြီးတွေက ဆေးလိပ်မီးညှိခိုင်းတယ်လေ။ ဘာရယ်ဟုတ်ဘူး၊ ဆေးလိပ်မီးညှိရင်းနဲ့ စမ်းဖွာကြည့်လိုက်တယ်။ အဲဒီလို စမ်းဖွာကြည့်ရင်းနဲ့ ဆေးလိပ်ကိုကြိုက်ပြီး စွဲသွားတယ်။


Friday, 27 July 2012

ဥယျာဉ်မှူး၏ အတွေးစုများ..

 
`တောင်.... တောင်...တောင်တောင်..တောင်`
`ဟေး..ဟေး...........`

ကျောင်းဆင်းသံချောင်းခေါက်သံကြား လို့ကျောင်းသားတွေ ပျော်မြူးနေကြတယ်။ ဒီနေ့ သောကြာနေ့ဆိုတော့ သူတို့တွေပိုပျော်နေကြတယ်။ ကျွန်မလည်း ဒီနေ့အတွက် သင်ခန်းစာပြီးသွားပြီမို့ စာသင်ရပ်လိုက်ပြီး..... 
 `သားတို့သမီးတို့ရေ.. စနေတနင်္ဂနွေ ကျောင်းပိတ်ရက်မှာ စာစာစီစာကုံးရေးခိုင်းထားတာ သတိရတယ်နော်`
`သတိရပါတယ်ဆရာမ၊ ကျွန်ုပ်ဧ။်ရည်မှန်းချက် ခေါင်းစဉ်နဲ့ စာစီစာကုံးရေးလာ ရပါမယ်ဆရာမ`
`အေးဟုတ်တယ်.. တနင်္လာနေ့မှာအားလုံးစုံ ရမယ်နော်`
`ဟုတ်ကဲ့ပါဆရာမ`
`နောက်ပြီး.. ကျောင်းပိတ်ရက်မှာ ဘာတွေလုပ်ဖို့ ဆရာမမှာထားသေးလဲ သားတို့သမီးတို့`