Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Friday 24 August 2012

ဘ၀ပုစ ၦာ

ဘ၀ဆိုတာ
အတၱလား အနတၱလား
အဓိပ္ပါယ် ဖွေရှာသိဖို့
သခ်ၤာပုစ ၦာတြက္ရသလို
ပုံသေနည်းလွဲနေရင်
အဖြေမှန်ရဖို့ခက်တယ်။

သင်၊တွေး၊အံ၊ရွတ် တပည့်ဝတ်အတိုင်း
စာသင်ခန်းက ပုစ္ဆာတွေကို
ဆရာတွေသင်လို့ တွက်တတ်ခဲ့တယ်။
စာသင်ခန်းရဲ့ အပြင်ဘက်ကမ္ဘာ
လောကဟင်းလင်းပြင်မှာ
ဘ၀ပုစ္ဆာတွေကို
သင်ဘယ်လိုတွက်မလဲ...

လောကသဘာဝမှာ
ပုံသေနည်းအမှန်က
အများလိုရင် အနည်းစားချေ
အများကောင်းစားရေးဆို
လူအနည်းစု အနစ်နာခံရမယ်။
ပါရမီထူးသူ၊ နှလုံးသားလှသူ၊
လောကကိုချစ်တဲ့သူတွေ
အစားချေခံပြီး
လောကကိုအလှဆင်ရမယ်။

ဖြစ်ခြင်းပျက်ခြင်းတွေကို
အစိုးမရတဲ့ နိယာမအတိုင်း
ပုံသေနည်းတွေ ပြောင်းပြန်ဖြစ်
အနည်းလိုတော့ အများစားချေ
လူအနည်းစုကောင်းစားဖို့
အများစု စားချေခံရပြီ။
ဒီစနစ်ကိုပြုပြင်ဖို့
လောကကိုချစ်တတ်သူအဖြစ်
သင့်ဘ၀ကို တိုက်စားခံမလား။
ရေပွက်ပမာ
မတည်မြဲသောအရာတွေအတွက်
ဇာတ်တူလူသားတွေရဲ့
ဘ၀များစွာကို
သင်တိုက်စားပြီး ခရီးဆက်မလား။

အသင်လူသား.....
မဖောက်မပြန် အမြဲမှန်နေတဲ့
ဓမ္မပုစ္ဆာ အဖြေမှန်က
တရားစောင့်သောသူကို
တရားကပြန် စောင့်ရှောက်လေ
ဓမ္မကိုသိရင်
ဘ၀အဓိအပ္ပါယ်ကို သင်သိလိမ့်မယ်။

 စံပယ်ဖြူ
၂၄၊၀၈၊၂၀၁၂။ ၁၃း၄၀

No comments:

Post a Comment