Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Friday 2 November 2012

မိုးကလေးက အေးအေး

မိုးကလေးက အေးအေး
ချစ်ခင်သူတွေနဲ့ ဝေးဝေး
အခန်းကျဉ်းလေးထဲမှာ
တကိုယ်တည်း ဆွေးဆွေး..


ခံစားချက်တွေ သွေးအေး
တုန့်ပြန်မှုတွေ နှေးကွေး
ရှေ့ဆက်ရမဲ့ဘ၀လမ်းကို တွေးတွေး
မျှော်လင့်ချက်တွေက ခပ်ရေးရေး...

ကွန်ပြူတာရှေ့ထိုင်ကာ ငေးငေး
ကော်ဖီတခွက်ကို အဖော်ပြုရင်း
ကဗျာထိုင်ရေး
ကာရံတွေ အဝေးကိုလွင့်ပြေး...

ငယ်မူပြန်တွေး တနွေးနွေး
မိုးအေးရင်စောင်ခြုံ ကွေးကွေး
အပူပင်ကင်းတဲ့ ကလေးအတွေး
အရောင်ပြောင်းခဲ့ပြီ တဖြေးဖြေး.....

လွမ်းမိတယ် တရေးရေး
ပြန်မရနိုင် ငယ်ဘ၀ချိုချိုလေး
လွင့်ဝေးစိတ်တို့ အနည်ထိုင်ချိန်
တစိမ့်စိမ့်တွေး......

မိုးကလေးက အေးအေး
ညချမ်းကို ငေးငေး
စိတ်အစဉ်ကို သတိပေး
မှိုင်တွေကာမနေနဲ့ မိန်းကလေး
ဇွဲလုံ့လအပြည့်နဲ့ ပြေးပြေး
ချစ်ချင်းမေတ္တာတွေ
လူကြုံတိုင်း ပေးပေး
ရိုးသားခြင်းလမ်းမပေါ်မှာ ပြေးပြေး
ခရီးဆုံးကိုမသွေ ရောက်ရမယ်လေး။

စံပယ်ဖြူ
၂၁း၀၅၊ ၂-၁၁-၂၀၁၂။

No comments:

Post a Comment