Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Thursday 16 August 2012

ဝါဆိုမိုးနဲ့ ဝေးတဲ့အခါ

ဝါဆိုမိုးကိုလား..
သိပ်လွမ်းပါတယ်။
ဟိုး..ငယ်ငယ်တုန်းက
မိုးရွာရင် မိုးရေချိုးရတာ
သိပ်ပျော်ပါတယ်။
အေးမြတဲ့ ၀ါဆိုမိုးက
တို့များရဲ့ ငယ်ဘ၀ကို....

လန်းဆန်းစေခဲ့တယ်။  


တရားဓမ္မတွေ စည်ပင်ဝေတဲ့
မြန်မာ့ရေမှ အငွေ့ပျံသော
ရေခိုးရေငွေ့တွေမှာ
ဓမ္မာ့အငွေ့တွေပါတယ်။
ဓမ္မငွေ့တွေ ပေါင်းစုလို့
ဝါဆိုမိုးရွာသွန်းတဲ့အခါ
တို့များရဲ့နှလုံးသား
အေးစိမ့်တုန်ခါသွားပြီး
နှလုံးခုန်သံစည်းချက်က
ငြိမ်းချမ်းရေးတေးသွားလို
သာယာငြိမ့်ညောင်းခဲ့တယ်။   

ခေတ်စနစ်ကို အကြောင်းပြု
ဘ၀တစ်ခုကို ထုဆစ်ဖို့ 
တော်ရာမှာ မနေသာ 
ဝါဆိုမိုးနဲ့ဝေးရာ 
လေစိမ်းတွေတိုက်တဲ့ အရပ်မှာ 
သွေ့ခြောက်တဲ့ နေ့ရက်များကို 
မွန်းကြပ်စွာ ကျော်ဖြတ်ခဲ့တာ 
နှစ်လတွေကြာခဲ့ပြီ။

ရာဇ၀င်ရေးသူတွေကြောင့်
အမျိုးမှန်တဲ့ မြန်မာတွေ
ဝါဆိုမိုးနဲ့ဝေးရပြီမို့
ရွက်လွင့်ရင်း ဘ၀တွေပျောက်
အမျိုးဂုဏ်လည်းမှောက်ခဲ့ပြီ။   

အနာဂတ်သမိုင်း တခေတ်မှာတော့
ကမ္ဘာမှာ မြန်မာလို့
ဂုဏ်ယူဝင့်ကြွားနိုင်အောင်
ဥာဏ်ပညာ ချစ်ခြင်းတရားတွေ
တို့တတွေ ကိုယ်စီဆောင်လို့
ခိုင်မြဲသော တွဲလက်များ
ညီညာသော ခြေလှမ်းများနဲ့
ခရီးဆက်ကြမယ်။



တို့မြန်မာတွေ
ဝါဆိုမိုးစိုတဲ့မြေမှာ
ပြန်လည်ကာဆုံစည်းကြလို့
ဝါဆိုပန်းတွေနဲ့အတူ
ငြိမ်းချမ်းရေး တေးသီချင်းကို
သံပြိုင်သီဆိုကြမယ်။   


 စံပယ်ဖြူ

No comments:

Post a Comment