Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Wednesday 7 September 2011

မင်းထက်တန်(ရွှေဘို)ရေးတဲ့ Made in Myanmar

မြန်မာပြည်တွင်းဖြစ်မို့
အရည်အသွေးအာမခံတယ်။
ငါတို့ဟာ
ထုတ်ကုန်ပစ္စည်းတခုလိုလိုနဲ့
ထုတ်ကုန်ပစ္စည်းတော့မဟုတ်ဘူး။

သဏ္ဍာန်ကွဲ အရောင်လွဲချင်လွဲမယ်
အတွင်းအနှစ်သာရကတော့
ဘယ်လိုမှတ်ကျောက်မှာပဲတင်ကြည့်ကြည့်
လုံးဝတင်းပြည့် ကြပ်ပြည့်ပဲ

ငါတို့ဟာ
ရောင်းကုန်ပစ္စည်းတခုလိုလိုနဲ့
ရောင်းကုန်ပစ္စည်းတော့မဟုတ်ဘူး။
လေယဉ်စီးပြီးကမ္ဘာတပတ်ရှာကြည့်
ငါတို့လောက်လှနေတာတွေတောင်
ငါတို့ပြည်တွင်းဖြစ်စိတ်စေတနာထက်
သာလွန်ထူးကဲပြီး မလှနိုင်ဘူး။

အမျိုးမှန်အဖိုးတန်တွေရဲ့တန်ဖိုးဟာ
အရိုးခံ ကြောင်းကျိုးမှန်ကန်မှုနဲ့
အဖိုးတန် အမျိုးမှန်တာတွေ မကျဆင်းရအောင်
ကူညီကာကွယ် ဆွဲတင်ထိန်းသိမ်းခြင်းပဲ။

ဒါကြောင့်...
Made in Myanmar စစ်စစ်ဆိုရင်
ထိတ်ပင်မြန်စွာ မရောက်သေးသော်လည်း
ကမ္ဘာရဲ့ အနှံ့အပြားမှာ
ကြက်သီးဖြန်းဖြန်းထသွားအောင်
ငါတို့ရဲ့ ဖြူစင်ရိုးသားမှုတွေကို
အထိခိုက် အပွန်းအပဲ့ခံလို့မဖြစ်ဘူး
မညီမျှခြင်းတွေ ဘယ်လောက်ပဲဒီဂရီစောင်းနေပါစေ
မိုးခါးရေသောက်ဖို့ဆိုတာ ဝေးသေး
ဤ ကိုတောင် ကျွဲ လို့မဖတ်နိုင်ဘူး။

             မင်းထက်တန်(ရွှေဘို)

အပြင်စီးမဂ္ဂဇင်း၊အမှတ် ၈၊ သြဂုတ်လ၊၂၀၁၁

No comments:

Post a Comment