ဇာတိမြေဆိုတာ
သေသည်ထိ မေ့မရဘူး
ငယ်ချစ်ဦးအစ- ပွင့်သည့်ပန်းအဆုံး
တပြုံးပြုံးသတိရ - မြေးဦးရသည်ထိ
အားသည်နှင့် ပြန်ပြေး...၊
အတိတ်ကခြေရာ
ဝေဒနာဟုမထင်မှတ်ပါဘူး
ရယ်စရာသည်ဖြစ်ရပ်တွေက
ဇရာကိုပြန်ပြောင်းနုပျိုစေတာမို့
တသသရင်မှာ လန်းရတယ်
အိုကွယ်...လွမ်းလို့ မ၀ဘူး...။ ။
နန္ဒခင်(သက္ကလမြေ)
အပြင်စီးမဂ္ဂဇင်း၊အမှတ်(၅)၊မေလ၊ ၂၀၁၁
No comments:
Post a Comment