
ပိတောက်ပန်းတွေ ပွင့်နေပြီ... သင်္ကြန်ရောက် ပြန်ပြီရော ....
ရင်ထဲကအလွမ်းတွေ
ပိတောက်ပန်းလို ဝေေ၀ဆာဆာ ဖူးပွင့်နေတုန်းပဲ အတူးရယ်..
နှစ်တွေကြာခဲ့ပေမဲ့
ရင်ထဲက အလွမ်းဒဏ်ရာက မပျောက်နိုင်သေးဘူး...
ဥသြငှက်တွန်သံကြားရင်
အလွမ်းဒဏ်ရာက ပိုပိုနာလာတယ်။
ငယ်ကကျွမ်းတဲ့
ငယ်ကျွမ်း၊ အသဲနှလုံးကို ပုံအပ်ပြီး ချစ်ခဲ့ရတဲ့ ချစ်းဦးသူမို့ ဘယ်လိုမှ မမေ့နိုင်ဘူး လို့ဆိုရင် ကျေကျေနပ်နပ်ကြီး ပြုံးနေမယ်လို့ အောက်မေ့မိတယ် အတူး..
ငါ့အနားမှာ
တခြားယောက် ရှိမနေတာကိုလဲ နင်ကျေနပ်တယ် မဟုတ်လား..
နင့်ကို
လွမ်းနေရတဲ့ ဘ၀ကိုပဲ ငါကျေနပ်ပါတယ် အတူး..
အတူးဆိုတဲ့
ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်ကို ချစ်ခဲ့မိတဲ့အတွက် ငါဘယ်တော့မှ နောင်တရ မရဘူး။
ဒါပေမဲ့..အတူးကို
လူလိမ္မာလေးတစ်ယောက်အ ဖြစ် သက်ဆိုးရှည်အောင် မထိန်းနိုင်ခဲ့တာ ကိုတော့ စိတ်မကောင်း
ဖြစ်မိပါတယ်။ ငါတကယ် ညံ့တဲ့သူပါ။
xxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxxxxx
xxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxxxxx
အဖြစ်အပျက်တွေက
ငါ့ရဲ့အာရုဏ်မှာ မနေ့တနေ့ကလို မြင်ယောင်နေတုန်း....။
ငယ်ငယ်က
တို့နှစ်ယောက် ကစားအတူ၊ ကျောင်းသွားလည်း အတူတူ။
ကျောင်းသွားရင်
နင့်စက်ဘီးနောက်က လိုက်ရတာ ငါသိပ်ပျော်ခဲ့တယ်။
သင်္ကြန်မှာ
အတူပျော်ခဲ့တာတွေကို အမှတ်ရဆုံးပဲ အတူးရေ..
အမှတ်ရဆို
သင်္ကြန်နဲ့ ငါက ဖွားဘက်တော်။ ငါက သင်္ကြန်မှာမွေးတဲ့ သင်္ကြန်သမီးပျို။ ဆယ့်နှစ်လရာသီမှာ
သင်္ကြန်ကျတဲ့ တန်ခူးလကို အချစ်ဆုံး။
နင်ကတော့
ပျော်ချင် ကဲချင်လို့ သင်္ကြန်ကို ချစ်တာနော် အတူး..အဲဒါကြောင့်ပေါ့..
ငယ်ငယ်တုန်းဆို
ငယ်သေးလို့မို့ နင်ဆိုးခဲ့တယ်။ ကြီးလာပြန်တော့လည်း
အဖတ်ဆယ်မရအောင် နင်ဆိုးခဲ့ ပွေခဲ့တယ်။ အဲဒီလောက်ဆိုးတဲ့ နင့်ကို ဘာကြောင့်ချစ်ခဲ့သလဲဆိုရင်
ချစ်လို့ကို ချစ်တာ။
တို့ငယ်ငယ်တုန်းက
ရိုးရာသင်္ကြန်ပွဲတွေ ခုလိုသရုပ်မပျက်သေးတာ မှတ်မှိနေသေးတယ်။ သင်္ကြန် မဏ္ဍမှာ ရေးကစားရင်း
မုန့်လုံးရေပေါ် လုပ်စားကြတယ်။
နင်လေ
ငယ်ငယ်ကတည်းက ဇာတိပြခဲ့ တာနော်။ ရေလောင်းရင် ကောင်းကောင်း မလောင်းချင် ဘူး။ ခွက်စောင်းခုပ်တယ်။
အေးစက်နေတဲ့ ရေခဲရေနဲ့ လောင်းတယ်။ ပြောစကားကို ဘယ်တော့မှ နားမထောင်ဘူး။
ဆယ်ကျော်သက်အရွယ်
ရောက်လာတော့ နင်လတ်လျားလတ်လျား လုပ်ချင်လာတယ်နော်။ ကျောင်းပြေးရင် မခေါ်တော့ဘူး၊ ဆေးလိပ်နဲ့
အရက်သောက်ရင် သေခန်းပြတ်ဆိုလို့ နင်ငြိမ်သွားခဲ့
တယ်။ နင်ငါ့ကို ကြိတ်ပိုးနေတဲ့အချိန်မို့ ငါ့စကားအောင်ခဲ့တယ်။
ငယ်ငယ်လေးထဲက
ရင်းနှီးခဲ့ကြတဲ့ တို့နှစ်ဦးရဲ့ရင်မှာ အချစ်ဆိုတဲ့အရာက စောစောစီးစီး မွေးဖွားလာခဲ့တယ်နော်။
စူးရဲတဲ့ နင့်ရဲ့အကြည့်တွေကို ရင်ဆိုင်ရတိုင်း ငါ့ရင်မှာ ပူသလို နွေးသလိုကြီး။
ဆယ်တန်းကို
နှစ်ချင်းပေါက်အောင်ရင် အဖြေပေးမယ်လို့ ကတိပေးခဲ့လို့ နင်စားကြိုးစားခဲ့တယ်။ ဆယ်တန်းအောင်
စာရင်းထွက်တဲ့နေ့မှာ နင့်ကိုငါ အဖြေပေးခဲ့တယ်နော်။ ချစ်သူတွေ ဖြစ်ခါစတော့ နှစ်ဦးသား
မိုးမမြင် လေမမြင်။
အချစ်ဦးပေးတဲ့ အနမ်းတွေ ပါးပြင်မှာ ခုထိနွေးနေတုန်းပဲ အတူးရယ်..
အချစ်ဦးပေးတဲ့ အနမ်းတွေ ပါးပြင်မှာ ခုထိနွေးနေတုန်းပဲ အတူးရယ်..