တနေ့မိုးလင်းခဲ့
ပြန်ပါပြီ။
မိသန်အတွက်
လှသော တနင်္ဂနွေမနက်တွေ ပျောက်ဆုံးသွားခဲ့ပြီ။
မည်သူ့
ကိုမှ အပြစ်လည်း မတင်လိုတော့ပေ။ ကိုယ်ဘ၀နဲ့ ကိုယ့်အကြောင်းသာ ရှိပါစေတော့။
အရင်တုန်းကဆို
မိသန်အိပ်ရာထလျှင် အမက ကော်ဖီနဲ့ထမင်းကြော်ကို အဆင်သင့်ပြင်ပေးထားဧ။်။ အလုပ်ပိတ်သော
တနင်္ဂနွေတွင် သောက်ရသော ကော်ဖီက ပို၍အရသရှိသည်ဟု ထင်သည်။
မနက်စာ
စားပြီးလျှင် အမက လျှော်ဖွတ် သန့်ရှင်းရေးတွေ လုပ်သည်။ မိသန်က ဈေးသွားပြီး၊ တပတ်စာ
ဟင်းသီးဟင်းရွက်နှင့်၊ ဈေးချိုသော ငါး၊ပုစွန် အဆင်ပြေသလို ၀ယ်ခြမ်းခဲ့ဧ။်။
မိသန်ဝယ်လာသမျှကို
အမက သင့်သလို ချက်ပြုတ်၊ သိမ်းဆည်းလေ့ရှိဧ။်။ စိတ်ရှည်၍ သိမ်ဆည်း ထားသိုတတ်သော အမကို အိမ်ထောင်ဖက်ကောင်းနှင့်
တွေ့ရလိမ့်မည်ဟု မိသန်ယုံကြည် ခဲ့မိသည်။ သို့သော် အထင်နှင့် လက်တွေ့ တော်တော်လေး လွဲချော်နေလေပြီ။
ညီအမနှစ်ယောက်
နေ့လည်စာ စားပြီးလျှင် နှစ်သက်ရာ စာအုပ်ကိုယ်စီနှင့်
အသံတိတ်နေကြဧ။်။
ညနေစာ
စောစောစားပြီးလျှင် ရွှေတိဂုံဘုရားကို သွားကြသည်။ ဒီလိုလှပသော တနင်္ဂနွေနေ့တွေကို မိသန်ချစ်ပါသည်။
မပြည့်စုံသော်လည်း အမနှင့် အေးအတူ ပူအမျှ နေရသောဘ၀သည် မိသန်အတွက် လုံခြုံခဲ့ ပါသည်။
ဆက်လက်ကြိုးစားပါအုံးမည်..
မိသန်ဧ။်
အမည်ရင်းက သန္တာလွင်။ အမက ချစ်စနိုးနှင့် မိသန်ဟုခေါ်ခဲ့ရာမှ သူငယ်ချင်းများ အားလုံးက
မိသန်ဟုခေါ်တွင် လာကြသည်။
မိသန်
ဘ၀မှာ ပြေးကြည့်လိုက်ရင် ဒီအမတစ်ယောက်သာ ရှိသည်။ အဖေက မိသန်တို့ ငယ်ငယ်ကတည်းက ဆုံးသွားခဲ့သည်။
အမေကဈေးတောင်း ခေါင်းပေါ်ကမချပဲ မိသန်တို့ ညီအမကို ကျွေးမွေးစောင့်ရှောက်ပြီး၊ ပညာသင်ပေးခဲ့သည်။
မြို့ပေါ်က ဟင်းရွက်နဲ့ ကုန်စိမ်းတွေကို ဖောက်သယ်ယူပြီး၊ ရွာအနှံ့ ခြေတိုအောင် လျှောက်ရောင်းပြီး
ငွေရှာခဲ့ရသည်။
မိသန်က
အမထက်နှစ်နှစ် ငယ်သည်။ အမ သူငယ်တန်းတက်တော့ မိသန်က ကျောင်းပျော် လိုက်တက်ရင်း သူငယ်တန်း
စာမေးပွဲအောင်ခဲ့ သည့်အတွက် အမနဲ့အတန်းတူခဲ့ရသည်။ ဆယ်တန်းကို အတူတူအောင်ခဲ့သည်။
ဆယ်တန်းအောင်ပြီးတော့
အမေ့ဈေးရောင်းသော ၀င်ငွေဖြင့် မိသန်တို့ ညီအမကို တက္ကသိုလ် ပို့ရန် ဘယ်လိုမှ မဖြစ်နိုင်ပါ။
ပင်ပန်းသော ဒါဏ်တွေကြောင့် အမေ့ကျန်းမာရေးကလည်း ယိုယွင်းစပြု လာပြီ။
မိသန်တို့
ညီအမ ရန်ကုန်တက် အလုပ်လုပ်ရန် ဆုံးဖြတ်ကြသည်။ လှိုင်သာယာ အထည်ချုပ် စက်ရုံမှာအလုပ်ဝင်ပြီး၊
အဝေးသင် စာမေးပွဲဖြေရန် ပိုက်ဆံစုရသည်။ ခြိုးခြံချွေတာပြီး၊ ရွာကအမေ့ ကိုလည်း ကြိုးစားထောက်ပံ့
ကြသည်။ညီအမနှစ်ယောက်လုံး မြန်မာစာ ဘာသာရပ်ဖြင့် အဝေးသင်ဘွဲ့
ရခဲ့သော်လည်း ဘ၀အခြေ အနေက ထူးခြားမြင့်မား မလာပါ။ အသုံးမ၀င်သော ဘွဲ့လက်မှတ်ကို ချောင်ထိုးထားရသည်။
အဝေးသင်
နောက်ဆုံးနှစ်တွင် အမေဆုံးသွားခဲ့သည်။ လောကအလယ်မှာ မိသန်တို့ ညီအမနှစ် ယောက် ကိုယ့်အားကိုယ်ကိုးပြီး၊
ဘ၀ကိုဆောက်တည် ခဲ့ရသည်။
ယခု
အမနဲ့ခွဲရပြန်ပြီ။ အမ အိမ်ထောင်ကျသွားပြီ။ မိသန်မျှော်လင့်ခဲ့သလို တည်တည်ကြည်ကြည် ယောက်ျားတစ်ယောက်နှင့်
အမ ဖူးစာဆုံခဲ့ခြင်း မဟုတ်ပေ။ အတူတူအလုပ်လုပ်သော
အထည်ချုပ်စက်ရုံမှ အပိုးမကျိုးသည့် ၀န်ထမ်းတစ်ဦးနှင့် အကြောင်း ပါသွားသည်။ အပိုးမကျိုးသော်လည်း
အပြောချိုသော ကိုလေပေါကို အမက စွဲလန်းနှစ်သက်သည်။ ကိုလေပေါက မမ ...... ဆိုလျှင် အမက
အရာရာ လိုက်လျောလေဧ။် ။
မိသန်က
ခဲလိုလောင်းကို နဲနဲလေးမှ ကြည့်မရ။ မပြောသာလို့
လက်ပိုက်ကြည့် နေရခဲ့ရသည်။ သည်လိုနှင့် အမကို လက်လွတ် ဆုံးရှုံးလိုက်ရလေဧ။် ။အမ
အိမ်ထောင်ကျပြီးသောအခါ ခဲအိုနှင့်အတူ မနေလိုသောကြောင့် မိသန် သူငယ်ချင်းများနှင့် ပြောင်းနေခဲ့သည်။ အမနဲ့ ခွဲနေစ မရှိသဖြင့် နေလို့မပျော်ပါ။
စိတ်မပါပဲ
အိပ်ယာထလိုက်သည်။ ဈေးမသွားပဲ ခေါက်ဆွဲပြုတ်စားသည်။ ညနေပိုင်း သူငယ်ချင်းများ နှင့်အတူ
ဘုရားသွားသည်။ သည်လိုပဲ အဆင်ပြေအောင် ရှေ့ဆက်လျှောက် ရတော့မည်။ ဘ၀ဆိုသည်မှာ
ဖြစ်ချင်သလို ဖြစ်ပျက်နေ၏။ မိမိအလိုအတိုင်း မဖြစ်။ အကြောင်းအကျိုးတွေ တိုက်ဆိုင်သည့်အတိုင်း
ဖြစ်ပျက်ပြောင်းလဲ နေလေ၏။
အစိုးမရ၊
အနတ္တချည်း ပါတကား။
*** *** ***
မနေ့ညနေက
ဘုရားမှပြန်လာပြီး စောစောအိမ်ရာဝင် ခဲ့သည်။ သည်နေ့မနက် အလုပ်သွားရန် အိမ်ရာထတော့ ကြည်ကြည်လင်လင်
ဖြစ်နေသည်။ ရေးချိုး၊ ဘုရားရှိခိုးပြီး အလုပ်ကို ထွက်လာ ခဲ့သည်။
စောစောစီးစီး
ဘ၀င်မကျစရာကို မြင်လိုက်ရသည်။ စက်ရုံမန်နေဂျာနှင့် ၀န်ထမ်းအသစ် မိန်းကလေး
အီစီကလီ လုပ်နေကြသည်။
“ဒီစက်ရုံမှာ ညီမလေးရှိနေတာ အလုပ်လုပ်ရတာ
သိပ်အားရှိတာပဲ”
မန်နေဂျာ၏ ရိသဲ့သဲ့ စကားကို မိန်းကလေးက ကြာပေးသည့်
အပြုံးဖြင့် တုန့်ပြန်သည်။ ဒါမျိုးတွေကို မိသန် နဲနဲလေးမှ မနှစ်မြို့ပါ။ ကောင်မလေးက
မိန်းမချောလေး ဖြစ်၏။ အသက် နှစ်ဆယ်ကျော်ရုံ သာရှိအုံးမည်။
မန်နေဂျာမှာ
အိမ်ထောင်ရှိမှန်းကိုလည်း သူမ သိသည်။ မိန်းကလေးတွေ တော်တော်လည်း ခက်ပါသည်။ ရသည့်လစာနှင့်
လှဖို့ပဖို့၊ ပေါပေါသုံးဖို့ မဖြစ်နိုင်တော့ အပြင်ဝင်ငွေ လိုချင်ကြသည်။ သူတို့တွေ အပေါ်ယံ
အရေပြားအလှကိုသာ တန်ဖိုးထားကြသည်။ လူ့တန်ဖိုးကို ရုပ်ဝတ္ထု ပစ္စည်းတွေနှင့် တိုင်းတာနေကြသည်။
ဥပဓိရုပ်ကောင်းသလောက်
မြာစွံသော စက်ရုံမန်မေဂျာကို သူ့အမျိုးသမီးက ချက်ကင်လိုက်ရန် စက်ရုံသို့ မကြာခဏ ရောက်လာတတ်သည်။
နည်းနည်းတော့ များလွန်းပါသည်။ အထည်ချုပ် စက်ရုံက အလုပ်သမတိုင်း သူ့ယောက်ျားကို ကျလိမ့်မယ်ထင်နေသည်။
စက်ရုံကိုလာလျှင် ရှိသမျှ မိန်းကလေးတွေကို မသင်္ကာသော အကြည့်ဖြင့် စူးစမ်းလေ့ရှိသည်။
သည်အမျိုးသမီးကို
မိသန်က ပျင်းတောင်ပျင်းသေးတယ်ဟု အဓိပ္ပယ်ပါသော အကြည့်ဖြင့် ရဲရဲရင့်ရင့် တုန့်ပြန်လေ့ရှိဧ။်။
မိသန်က အမေ့သမီး။ အိမ်ထောင်ရှိယောက်ျားမှန်း သိသိကြီးနှင့် ဘာအကြောင်းကြောင့်မှ ပတ်သက်မည်မဟုတ်။
ထမင်းအငတ်ခ၊ံ လျှာပေါ်မြက်ပေါက်ခံမည်။ နံမည်တော့ အပျက် မခံနိုင်ပါ။
ဓနဂုဏ်၊
ရာထူးဂုဏ်နဲ့ မထည်ဝါနိုင်တဲ့ ဘ၀မှာ သီလဂုဏ်တော့ အမွဲမခံနိုင်ပါ။ မိသန်မှာ ချမ်းသာတာဆိုလို့်
မိန်းကလေးတို့ စောင့်ထိန်းအပ်သာ ဣနြေ္ဒသိက္ခာ များသာရှိပါသည်။ အသက်ရှင်နေသရွေ့
ဣနြေ္ဒသိက္ခာကိုတော့ အပွန်းပဲ့မခံနိုင်ပါ။
အချိန်မရွေး ပြန်ကြည့်လိုက်တိုင်း သန့်သန့်ရှင်းရှင်းလေးပဲ ဖြစ်နေရမည်။
သို့သော်လည်း
မိသန်သည် ယင်ဖိုတောင် မသန်းခဲ့ဖူးသော အဖြူသယ်လေးတော့ မဟုတ်ပါ။ ရည်းစားထားတာ ပျော်စရာကောင်းသည်ဟု
ဆိုကြသဖြင့် ငယ်ငယ်က ရည်းစားထားခဲ့ဖူး ပါသည်။ အတန်းတူ ကိုးတန်းကျောင်းသား တစ်ဦးနှင့်
ရည်းစားဖြစ်ခဲ့သည်။ ရည်းစားကို အလိုလိုက် အကြိုက်ဆောင် ရတာတွေကို စိတ်ပျက်ခဲ့ပါသည်။
ကာလတိုအတွင်းမှာ မိသန်အဆက်ဖြတ် ခဲ့သည်။ ကိုယ်တော်ချောကလည်း ခေသူမဟုတ်ပါ။ နောက်တစ်ယောက်နဲ့
တွဲလိုက်သည်။ အချစ်ဆိုသော အရာကို မိသန်မတွေ့ခဲ့ပါ။
အချစ်စစ်ဆိုတာ
ရှိကောင်းတော့ ရှိလိမ့်မည်။ ၄င်းအချစ်စစ်ကို ရှာဖွေတွေ့ရှိရေး အတွက်ကိုတော့ မိသန်စိတ်ကူး
မယဉ်လိုပါ။ အမဆို သူ့ယောက်ျားကို မေတ္တာစစ်နှင့် ချစ်သည်။ သို့သော် သူ့ယောက်ျားက အားကိုးအားထား
လောက်သူမဟုတ်။ အချစ်အားကိုးနှင့် အိမ်ထောင်တစ်ခုကို တည်ထောင်သော အမ ရှေ့ရေးအတွက် ရင်လေးမိပါသည်။
မိသန်ကရော
ရှေ့ဆက်ပြီး ဘ၀လမ်းကို တစ်ယောက်တည်း ဆက်လျှောက် ရမည်လား။ စဉ်းစား ကြည့်လိုက်တော့ အားကိုးလောက်သူ
သူမအနီးနားတွင် တစ်စုံတစ်ဦးမျှ မရှိပါ။ အတူလုပ်နေသော စက်ရုံဝန်ထမ်းထဲမှ မိသန်ကို စိတ်ဝင်စားနေသူတွေတော့
ရှိပါသည်။ အနေတည်သော မိသန်ကို မည်သူမှ မပြောရဲကြပေ။
သူတို့တွေ
ရိုးသားကြပါသည်။ လိုအပ်သည့်အခါ မိသန်ကို အကူအညီ ပေးကြသည့်အခါလည်း ရှိသည်။ မပြောပလောက်သော
လစာငွေနှင့် မိသားစုအတွက် ငွေရှာနေရသူများ ဖြစ်သည်။ စားဝတ်နေရေး ပြည့်စုံသော အိမ်ထောင်တစ်ခုကို
ထူထောင်နိုင်လောက်သော အခြေအနေ မရှိသည့် ယောက်ျားတစ်ယောက်ကို မိသန် စွန့်စွန့်စားစား
မစုံဖက်လိုပါ။
ခေတ်စနစ်က
တော်တော်ကြီး လွဲချော်နေသည်ဟု မိသန် ဥာဏ်မီသလောက် စဉ်းစားကြည့်မိ ပါသည်။ အလုပ်လုပ်သော
လူတစ်ယောက်သည် လုံလောက်သော လစာငွေ ရသင့်ပါသည်။ လုပ်သက်များလာသော လူရွယ်တစ်ယောက်သည်
မိသားစုကို ကျွေးမွေးနိုင်အောင် လစာငွေ ကောင်းကောင်း ရသင့်ပါသည်။
စက်ရုံ၊
အလုပ်ရုံများတွင် လုပ်ကြသော မိသန်တို့တတွေ ရသောလစာမှာ ထမင်းစားဖို့ လောက်ရုံ သာရှိပါသည်။
လူငယ်သဘာဝ လှချင်ပချင်၊ ပျော်ပျော်ပါးပါး သွားလာချင်သော စိတ်ဆန္ဒကို ချိုးနှိမ် ပြီး
ချွေတာစုဆောင်းပါမှ လစဉ်ငွေ သောင်းဂဏန်းလောက်ကို စုနိုင်သည်။ မိဘကို ထောက်ပံ့ရသူ များမှာ
ထိုသောင်းဂဏန်းကိုပင် မစုနိုင်ကြပါ။
မိသန်က
အမေ အဖေ မရှိတော့ပြီမို့ လစဉ်ငွေလေးတော့ စုနိုင်ပါ၏။ ထိုငွေလေးများမှာ ဆယ်ဘ၀ စုလျှင်တောင်
အိမ်တစ်လုံး ၀ယ်နိုင်စရာ အကြောင်းမရှိပေ။ အသက်ရှင်သော
လူတစ်ယောက်တွင် စားစရာ၊ ၀တ်စရာနှင့် နေစရာရှိရမည်မှာ အခြေခံ လူ့အခွင့်အရေး ဖြစ်၏။ တပတ်လျှင် (၆)ရက် အလုပ်လုပ်သော မိသန်တို့တတွေ
အာဟာရ ပြည့်မှီရုံစားရသည်၊ ကြည့်ကောင်းရုံကလေး ၀တ်ရသည်။ အိမ်ကျဉ်းကျဉ်းကလေးတွင် လူပေါင်းများစွာစု၍
ငှားနေကြရသည်။
တာဝန်ကျေအောင်
အလုပ်လုပ်ကြသူတွေ အခြေခံ အခွင့်အရေးကိုပင် ပြည့်ဝစွာ မခံစားကြရသည်မှာ ခေတ်စနစ်က လွဲချော်တိမ်းစောင်း
နေသည်ဟု မိသန်စဉ်းစားမိ ပါသည်။ ဘာတွေ ဘယ်လို တိမ်းစောင်းနေသည်ကိုတော့ မိသန် စဉ်းစားဖို့
ဥာဏ်မမှီပါ။
မိသန်နှင့်
အတူတူလုပ်ခဲ့သော သူငယ်ချင်းအချို့တော့ မလေးရှားကို သွားကုန်ကြပြီ။ မလေးရှား သွားကြသော
သူငယ်ချင်းများ အကြောင်းတွေးရင်း ယခင်မန်နေဂျာ ကိုနိုင်ဦးကို သတိရလိုက်သည်။ မိသန်
အလုပ်ဝင်ပြီး တစ်နှစ်ကြာတော့ မန်နေဂျာ ကိုနိုင်ဦး
အလုပ်ထွက်ပြီး၊ စင်္ကာပူသို့ အလုပ်သွား လုပ်ခဲ့သည်။ အလုပ်မထွက်ခင် မိသန်တို့ ညီအမကို
ဇီးကွက်ရုပ် စုဗူးတစ်ခုစီ လက်ဆောင် ပေးသွားသည်။ ပြီးတော့ မိသန်ကို လေးလေးနက်နက် တစ်ချက်ကြည့်
သွား၏။ အဝေးကို သွားတော့မည့် လူတစ်ယောက်၏ အကြည့်ကို မိသန်အဖြေ မရှာဖြစ်ခဲ့ပါ။ သူထွက်သွားတာ
ခြောက်နှစ်လောက် ရှိတော့မည်။
မိသန်အတွေးလွန်နေစဉ်
နောက်မှခေါ်သံကြား၍ လှည့်ကြည့်လိုက်မိသည်။
“ဟေ့ မိသန် ဒီလူကိုကြည့်ပါအုံး ဘယ်သူလဲ”
“ဟယ်..ကိုနိုင်ဦး”
ရုတ်တရက် မိသန် ဘာဆက်ပြော ရမှန်းမသိ။
တိုက်တိုက်ဆိုင်ဆိုင် သူ့အကြောင်း စဉ်းစားနေချိန် မမျော်လင့်ပဲ ပေါ်လာသည်။
“ကို မြန်မာပြည်ကို အပြီးပြန်လာတာ၊ စက်ရုံကို
သတိရလို့လာလည်ရင်း မိသန်ကို လာနှုတ်ဆက်တာ”
“သြော်..မိသန်ကို သတိရသေးတယ် ပေါ့နော်”
“သတိရလို့ လာတွေ့တာပေါ့။ ကိုပြန်လာတဲ့
အထိန်းအမှတ်နဲ့ မိသန်ကို နေ့လည်စာ ကျွေးချင်တယ်။ ဒီတနင်္ဂနွေ မြေနီကုန်းကို လာခဲ့ပါလား”
“ဟင်..အားနာစရာကြီး”
“အားနာစရာ မရှိပါဘူး မိသန်ရာ။ ကျွေးချင်လွန်းလို့ပါ။
ကို့ကို ခင်ရင်လာခဲ့ ပေးပါနော်။”
“ဟုတ်”
မငြင်းသာ၍ မိသန်လက်ခံ လိုက်ရပါသည်။ ကိုနိုင်ဦးနှင့်
နေ့လည်စာ အတူစားရမှာကို စိတ်သိပ်မလုံပါ။
*** *** ***
ကိုနိုင်ဦးက
မိသန်ကို စလင်းဘက်အိတ် လက်ဆောင်ပေးသည်။ သည်လို စလင်းဘက်အိတ် အကောင်းစားကို မိသန် ဘယ်သူဆီကမှ
လက်ဆောင်မရဖူးသလို ၀ယ်လည်းမသုံးဖူးပါ။ သူစိမ်းယောက်ျား တစ်ဦးကပေးသော ပစ္စည်းကို လက်ခံရမှာ
မချင့်မရဲ ဖြစ်နေသည်။ မိသန် မျှော်လင့်မထာေးသာ စကားများကို ကိုနိုင်ဦးက ပြောလာသည်။
“ကိုက မိသန်အတွက် တမင်ရည်ရွယ်ပြီး ၀ယ်လာတဲ့
ပစ္စည်းကို လက်ခံပေးပါလို့ တောင်းပန်ပါတယ်” “စလင်းဘက်လေးကို မိသန်ရဲ့အပါးမှာ အမြဲရှိစေချင်တယ်”
“နောင်ကျရင် ကိုက စလင်းဘက်နေရာမှာ အစားထိုးပြီး၊
မိသန်ကို တသက်လုံး စောင့်ရှောက်ချင်တယ်”
“ရှင်”
“စိတ်မဆိုးပါနဲ့ မိသန်ရယ်။ ကိုမိသန်ကို
တကယ်မြတ်မြတ်နိုးနိုး ချစ်ပါတယ်။ အခုမှမဟုတ်ဘူး။ ဟိုအရင်ထဲက ချစ်နေတာ။ ”
“တချိန်တုန်းက ဘ၀အခြေအနေက မရေရာ မသေချာသေးတော့
ဖွင့်မပြောခဲ့ဘူး။”
မိသန်
တစ်ယောက်ထူပူပြီး၊ ကိုနိုင်ဦးမျက်နှာကို တည့်တည့် မကြည့်ရဲတော့ပေ။ တသက်နှင့် တကိုယ်နေလာတာ
ခုလိုရည်းစားစကား တခါမှ အပြောမခံရဘူးပါ။ ကိုနိုင်ဦးနှင့် စက်ရုံမှာ အတူတူ လုပ်ခဲ့ဖူးပေမဲ့
သိပ်ရင်းနှီးလှသည်မဟုတ်။ ကိုနိုင်ဦးက စက်ရုံမန်နေဂျာအဖြစ် တည်တည်တံ့တံ့ ရှိသလို၊
မိသန်ကလည်းမာနခဲ။ မန်နေဂျာကို မျက်နှာလုပ် ဆက်ဆံခြင်းမရှိ။ ပုံမှန်သာ ဆက်ဆံခဲ့သည်။
ထိုအပြုအမူများကို ကိုနိုင်ဦးက သဘောကျ ခဲ့ခြင်းဖြစ်သည်။
”ကိုက မိသန်ကို မာနခဲကလေးမို့ ချစ်တာ”
“ရှင်”
“ဟုတ်တယ်မိသန်။ ပြီးတော့ မိသန်က ဟန်မဆောင်တတ်ဘူး။
ရိုးသားပွင့်လင်းတယ်။ အဲဒါတွေကို ကိုချစ်တာ”
“ကိုအခု အိမ်ထောင်ပြုဖို့ အချိန်လည်းတန်ပြီ။
ဘ၀အတွက် အထိုက်အလျောက်လည်း ပြင်ဆင်ထား ပြီးပြီ။ မိသန်လက်ခံမယ်ဆိုရင် ကိုလက်ထပ်ချင်တယ်။”
“မိသန် လောလောဆယ် ဘာမှပြောနိုင်သေးဘူး
ကိုနိုင်ဦး။ ”
“ဟုတ်ပါတယ်လေ။ အချိန်ယူပြီး စဉ်းစားဖို့လိုတာပေါ့။
အလေးအနက်ထားပြီး စဉ်းစားပေးပါလို့ ကို တောင်းဆိုပါတယ် မိသန်”
“ဟုတ်”
ဘုရားကို ကိုနိုင်ဦးနှင့် အတူတူ သွားဖြစ်ခဲ့သည်။
အမနဲ့ ခွဲရလို့ နွမ်းနေတဲ့စိတ်တွေ ပြန်လန်း လာသလိုခံစားရသည်။ ဒီတနင်္ဂနွေက မိသန်အတွက်
လှနေသလိုလို။ ရင်ထဲမှာ ပြီးပြည့်စုံနေသလို။
သို့ပေမဲ့
ကိုနိုင်ဦးကို အပြည့်အ၀ မယုံကြည်နိုင်သေးပါ။ မိသန်လို သာမန်မိန်းလေး တစ်ယောက်ကို ကိုနိုင်ဦးက
နှစ်သက်မြတ်နိုးတယ် ဆိုတာဖြစ်နိုင်ပါ့ မလား။ သူ့ရဲ့ အကြည့်တွေက လေးနက်တာ သေချာသည်။
ပြီးတော့ ကိုနိုင်ဦးက လူကောင်းတစ်ယောက် ဆိုတာကို မိသန် အကဲခတ်နိုင် ပါသည်။
တနင်္ဂနွေတိုင်း
ကိုနိုင်ဦးနှင့် ဆုံဖြစ်ပြီး၊ ရင်းနှီးလာသည့် နောက်ပိုင်း ကိုနိုင်ဦးက သူ့မိဘများနှင့်
မိတ်ဆက်ပေး ပါသည်။ ကိုနိုင်ဦး၏ မိဘများသည် စိတ်သဘောထား ပြည့်ဝကြပါသည်။
မိသန်ကို အသိအမှတ်ပြု လက်ခံကြသည်။
အိမ်ထောင်ဖက်ကို
ရွေးချယ်ရာတွင် ပကာသန ဂုဏ်ဒြပ်များက အဓိကမဟုတ်၊ ချစ်ခြင်းမေတ္တာ သည်သာ အဓိကဖြစ်သည်ဟု
ကိုနိုင်ဦး မိဘများကဆိုသည်။ ငွေးကြေးချမ်းသာဖို့ထက် ကိုယ်ကျင့် သီလစင်ကြယ်ဖို့က အဓိက
ဖြစ်သည်ဟု ဆိုသည်။ ကိုနိုင်ဦး မိဘများကို မိသန် ကျေးဇူးတင် ပါသည်။ အမေ အဖေမရှိတော့ပြီမို့
မိဘသဖွယ် သဘောထားပြီး ချစ်ချင်ပါသည်။ သူတို့အရိပ်မှာ ခိုလုံပြီး မိသန်ရဲ့ ဘ၀လုံခြုံမှု
ရချင်ပါသည်။
လူမှန်လျှင်
လုံခြုံမှုရှိသောဘ၀၊ အေးချမ်းသာယာသော ဘ၀ကိုလိုလားတောင့်တ ကြပါသည်။ မိသန်၏ ပတ်ဝန်းကျင်မှ လူတွေအကြောင်းကို စဉ်းစားကြည့်မိသည်။
အေးချမ်းသည့် ဘ၀ကို ရဖို့ဝေလာဝေး၊ စားဖို့သောက်ဖို့်
ငွေရရေး တစ်ခုတည်းအတွက် လူဖြစ်နေကြရသည်။
မိသန်၏ လက်ရှိဘ၀သည်လည်း ထူးခြားမက်မောစရာ မရှိပါ။
လစဉ်ဝင်ငွေသည် ရှင်သန်နိုင်ရုံ အဆင့်မှာသာ ရှိသည်။ အမေဆုံးပြီးနောက် (၃)နှစ်အတွင်း
မိသန် စုနိုင်သော ငွေသိန်းဂဏန်းသည် ကိုနိုင်ဦး စင်္ကာပူတွင် အလုပ်လုပ် ၍ရသော တစ်လစာမျှသာ ရှိသည်။ အခြေအနေတွေ
အဲဒီလောက် ကွားခြားသင့် ပါသလား။
အမြင်ကျယ်၍ နှလုံးသားကြီးသော ကိုနိုင်ဦးကတော့ ပြောပါသည်။
“မြန်မာတွေ ဆင်းရဲတွင်းက လွတ်မြောက်အောင်
ကိုတို့ တက်ညီလက်ညီ ကြိုးစားကြရမယ်၊ အတ္တတွေ လျှော့ကြဖို့ လိုတယ်။”
ကိုနိုင်ဦးနှင့် ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံ လာရသောအခါ သူ့အတွင်းစိတ်ကို
မြင်လာရသည်။ စိတ်သဘောထား မြင့်မြတ်သူဖြစ်သည်။ မိသန်ကို ကြင်နာသည်။ မြတ်နိုးသည်။ အခွင့်အရေးလည်း
မယူတတ်။ ဒီလိုယောက်ျားမျိုးနှင့် မိသန်ဆုံဆည်းခွင့် ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါ။
ကိုနိုင်ဦးသည်
စင်္ကာပူနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ရနိုင်သလို၊ နိုင်ငံသားအဖြစ် နေထိုင်လိုပါက
ဖြစ်နိုင်ပါသည်။ သို့သော် မြန်မာပြည်တွင် ပြန်အခြေချ၍ မိသန်နှင့်အတူ အနာဂတ်ဘ၀ကို တည်ဆောက်ရန်
ရည်ရွယ်ချက်ကို မြဲမြဲဆုပ်ကိုင်ခဲ့သူ။
“ ကိုနိုင်ဦး စင်္ကာပူမှာ နှစ်တွေအကြာကြီး
နေခဲ့တာ ချစ်သူမိန်းကလေး မတွေ့ခဲ့ဘူးလား”
“ကိုက မသွားခင်ကတည်းက မိသန်ကို မှတ်သွားပြီးသားလေ။
ပြန်လာရင် ဒီကောင်မလေးကိုပဲ လက်တွဲမယ်လို့ ဆုံးဖြတ်ပြီးသားမို့ တခြားမိန်းကလေးတွေကို
စိတ်မကူး ခဲ့ဘူး။”
“ကိုနိုင်ဦး အဝေးရောက်နေတဲ့ အချိန်တွေမှာ
မိသန် ရည်းစားရပြီး အိမ်ထောင်ကျသွားမှာပဲလို့ မတွေးမိဘူးလား”
“တွေးတော့တွေးမိသားပဲ။ ဒါပေမဲ့ မိသန်ဟာ
ကို့အတွက်ပဲ ဖြစ်ရမယ်လို့ ယုံကြည်နေခဲ့ မိတယ်။ ကိုတို့နှစ်ယောက်ဟာ ရှေးရေစက် ရှိခဲ့ကြတယ်ထင်တယ်။”
ရှေးရေစက်ကိုတော့
မိသန်ယုံကြည်ပါသည်။ အလှအပကို မမက်မော၊ ပစ္စည်းဂုဏ် ပညာဂုဏ်လည်း မရှိသော မိသန်လို မိန်းကလေးကို
ကိုနိုင်ဦး ချစ်ခင်နှစ်သက်ခြင်းမှာ ရှေးရေစက်ကြောင့် ဖြစ်ပါလိမ့် မည်။
မိသန်ကရော
ကိုနိုင်ဦးကို ချစ်မိသွား ပြီလား။ အချစ်ဆိုသည့် အကြောင်းကို မိသန် ကောင်းကောင်း နားမလည်သေးပါ။
ကိုနိုင်ဦး၏ ဂရုစိုက်မှု၊ ကြင်နာမှုတွေအပေါ် မိသန် သာယာမိပါသည်။ နှလုံးသား ကြီး၍ တွေးခေါ်မြော်မြင်တတ်သော ကိုနိုင်ဦးကို
အထင်ကြီး လေးစားပါသည်။ မကြောင့်မကြ နေနိုင်သော ကိုနိုင်ဦး၏ ဘ၀ထဲသို့ မိသန် ၀င်ဖို့ဆုံးဖြတ် မိပါသည်။
“ကို မိသန်ကို ချစ်ခွင့်ပန်ထားတာ တစ်နှစ်ပြည့်သွားပြီ
မှတ်မိလား”
“ဟုတ်ကဲ့ မှတ်မိပါတယ်”
“တစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ကို့အတွက်
အချစ်ပန်း ပွင့်နေပြီလား သိချင်တယ်”
“အမှန်တိုင်းပြောရရင် မိသန် အချစ်အကြောင်းကို
ကောင်းကောင်း မသိသေးဘူး ကို။ မိသန်က ငယ်ငယ်က ရည်းစားထားခဲ့ဖူးတယ်။ ဒါပေမဲ့ အချစ်ကို
မသိခဲ့ဘူး”
“အရွယ် ရောက်လာတော့လည်း အချစ်ကိုမရှာဖွေ
ဖြစ်ခဲ့ဖူး။ မိသန် ဘ၀အကြောင်းတွေပဲ သိခဲ့တယ်။ အခြေမခိုင်ဘ၀နှစ်ခု ပေါင်းစပ်ဖို့ ခက်ခဲမယ်ဆိုတာ
သိခဲ့လို့ တန်းတူ ယောက်ျားတွေကို မိသန် လျစ်လျူရှုခဲ့ပါတယ်”
“အခု ကိုနဲ့ပြန်တွေ့ပြီး ရင်းနှီးသွားတဲ့
အချိန်တွေမှာ ကို့အပေါ် တွယ်တာသွားတယ်။ ကို့ရဲ့ ကြင်နာမှုတွေအပေါ် သာယာမိခဲ့တယ်။ ကို့ကို
ယုံယုံကြည်ကြည် အားကိုးချင်တဲ့ စိတ်ဖြစ်မိတယ်။ အဲဒါဟာ အချစ်ပဲဆိုရင် မိသန် ကို့ကို
ချစ်တယ်လို့ ဖြေချင်ပါတယ်”
“ကို့ အပေါ်အဲဒီလောက် သဘောထားရှိရင် ရပြီမိသန်။
ကိုနားလည်ပြီ။ မိသန်ရဲ့ နှလုံးသားမှာ ကို့အတွက် အချစ်ပန်းက ပွင့်မလာသေးဘူး” “အလှဆုံး
အချစ်ပန်းပွင့်ဖို့ ဖူးငုံနေတဲ့ အဆင့်ပဲရှိသေးတယ်။ သိပြီလား” ဟုပြောပြီး ကိုနိုင်ဦးသည် မိသန်၏ နဖူးကို ဖွဖွလေး နမ်းလိုက်လေ၏။
မြတ်နိုးမှုပါသော
အနမ်းငွေ့ကြောင့် မိသန်၏ နှလုံးသားမှ အချစ်ဖူးလေး ပွင့်လန်းသွားလေ၏။
ကိုဦးနဲ့ မိသန်လို စံပယ်ဖြူလဲ ပျော်ရွှင်ပါစေလို့
ReplyDelete