အရှိန်အ၀ါ အားကောင်းတဲ့ တိုင်းမဂ္ဂဇင်းက အင်းအားချည့်နဲ့နေတဲ့ မြန်မာပြည်က ဗုဒ္ဒဘာသာတွေကို တဖက်စောင်း ဝေဖန်ရေးသားမှုဟာ မြေနိမ့်ရာ လှံစိုက်ခံရသလို ခံစားရပါတယ်။ မြေနိမ့်ရာ အရပ်မှာ စည်ပင်ထွန်းကားတဲ့ ကျွန်မတို့ရဲ့ သာသနာတော် လှံစူးခံနေရပြီ။ အမှန်ကို ရေးတာဆိုရင် နှစ်ဖက်စလုံးက လွန်တာတွေကို ရေးရမယ်မဟုတ်လား။ မကျေနပ်တဲ့ ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ တုန့်ပြန်မှုကို မှုစရာမလိုတော့ မိမိလိုရာဆွဲ ရေးထားတာ ကျင့်ဝတ်ညီပါရဲ့လား။ မိမိသာသနာ လူမျိုးနဲ့ တိုင်းပြည်အကျိုး တစ်စုံတရာအတွက် အားနည်းသူ
လူမျိုးစုကို စော်ကားရမဲ့ အလုပ်မျိုး ကျွန်မတို့ ဘယ်တော့မှ မလုပ်ကြစို့နဲ့။
Hannah Beech ရဲ့အရေးအသားကြောင့် ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပြီ။ သူပြောသလို ကျွန်မတို့ အကြမ်းဖက်သမားတွေ မဟုတ်ဖူးဆိုတာကို အလုပ်နဲ့ သက်သေပြဖို့ တစ်လမ်းပဲရှိပါတယ်။ စင်ကြယ်ဖြောင့်မတ်သော မြတ်စွာဘုရား အဆုံးအမတွေကို နှလုံးသားထဲမှာ အမြဲထည့်ထားပြီး၊ စည်းကမ်းရှိခြင်း ညီညွတ်ခြင်းတွေနဲ့ သိက္ခာပြန်ဆယ် ကြရအောင်ပါ။ လှံစိုက်ခံရလို့ နာကျင်တဲ့ ဝေနာကို ကြိတ်မှတ်သည်းခံရင်း၊ အနာကျက်အောင် မေတ္တာဆေးလုံး သောက်သုံးလိုက်ပါ။ မြတ်စွာဘုရားက ၇န်လိုမုန်းတီးမှု ကဲ့ရဲ့ဝေဖန်မှုတွေကို မေတ္တာနဲ့ တုန့်ပြန်ဖို့သာ ဆုံးမတော်မူတယ် မဟုတ်လား။
Welcome!
ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....
Saturday, 29 June 2013
Saturday, 22 June 2013
Incredible Beauty

Beauty is the quality that gives pleasure to the senses. People says there are five senses; vision, auditory, olfactory (smell), taste and touch. There is one more sense; our mind that is responsible for our thoughts and feelings. If something pleases our mind, it can be a beautiful thing. Yet beauty of jasmine flowers gives pleasure to our sense of vision and smell. So to the beauty of charity, it gives pleasure to the mind of the persons who are in need.
The synonym for charity is brotherly love; one
takes the troubles to help the others with border-less love, regardless of race
and religion. The act of charity can be in group or individual, public or
private, even it can be significant or unnoticeable.
Who know about the insignificant charity work,
but it has incredible beauty, keeps up in the innocent world? Where it is? Who
are they? Yet, that is a wonderful country in South East Asia where Buddhism
culture has been flourishing. Those people are they who love charity and inner
peace, Myanmar people, especially those living in villages.
There is a lovely culture that they build the
stand for water pot. If you travel around, you do not need to bring water
along, you can get drinking water from the water-pot stands at every village,
usually located at the roadside under the shady tree. Sometimes, they build
ordinary rest-house attached together with water-pot stand.
Sunday, 16 June 2013
ကျွန်မတို့ရွာကို သက်သေတည်
မလေးရှားမှာ ပြသနာတွေဖြစ်တယ်ဆိုတော့
ရွာကအကိုတွေ အမျိုးတွေက စိတ်ပူကြတယ်။ သူငယ်ချင်းတွေက သတင်းမေးကြတယ်။ ဘေးရန်ကင်းလျှက်
ရှိကြောင်းပါ၊ ကိစ္စရှိလို့ အပြင်ထွက်ချင်ရင်တော့ နည်းနည်းသတိထား ရတာပေါ့လို့ စိတ်မပူအောင်
ဖြေလိုက်ပါတယ်။ မလေးရှားရောက်နေကြတဲ့ မြန်မာတွေအတွက် အသက်ဘေး အန္တရာယ် လုံခြုံမှုမရှိတာ
ဟိုအရင်ကတည်းပါ။ မလေးရှာရောက် မြန်မာတွေအကြောင်း ထိမိပြောင်မြောက်စွာ ရေးထားတဲ့ စာ၊ကဗျာတွေကို
ဖတ်ဖူးကြပါလိမ့်မယ်။
မလေးရှားကို ကျွန်မရောက်တာ ခြောက်နှစ်ကျော်ခဲ့ ပါပြီ။
ပျော်လားမေးရင် မပျော်ဘူးလို့ ဖြေချင်ပါတယ်။ အဆင်ပြေလားမေးရင် ဒီလိုပါပဲလို့ ဖြေပါမယ်။
မလေးရှားရောက်မြန်မာ ငါးဆယ်ရာခိုင်နှုန်းကျော်က ကျွန်မလိုပဲ ဖြေကြမှာ သေချာပါတယ်။ ဒီလိုဆို
ပြန်လာကြလေလို့ ပြောရင်တော့ ရွှေပြည်တော် ပြန်နိုင်ဖို့ ဝေးနေပါကြောင်း ကိုယ့်ဝမ်းနာတာ
ကိုယ်ပဲသိကြ ပါတယ်။ အပြင်မထွက်ပဲ အခန်းထဲမှာကုတ်နေရင်း အင်တာနက်က စာတွေဖတ်နေ လိုက်ပါတယ်။
အထူးသဖြင့် သာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်တာတွေ ရှာဖတ်ဖြစ်ပါတယ်။ ဖတ်ရင်း စာတစ်ပုဒ်လောက်
ရေးချင်စိတ် ဖြစ်လာပါတယ်။ စာရေးရင် ကိုယ်တိုင်သိသော အကြောင်းအရာကို ရေးပါလို့ စာရေးဆရာမ
မစန္ဒာက မလေးရှားစာပေ ဟောပြောပွဲမှာ ပြောခဲ့ပါတယ်။ ဆရာမစကားကို မြေ၀ယ်မကျ နားထောင်ပြီး
ကျွန်မသိတဲ့ ရွာကအကြောင်းတွေကို ရေးလိုက်ပါတယ်။

Saturday, 15 June 2013
ထိုင်လျှက် အိပ်တတ်သူတို့အကြောင်း
အမှန်ပြောတာပါ၊ သူနာပြုတွေ
ထိုင်လျှက်ငုတ်တုတ် အိပ်တတ်ကြပါတယ်။ ဒီအကြောင်းကို ပြောချင်လို့ ချမ်းမြေ့ဆရာတော် ပြောစကားနဲ့
နိဒါန်းပျိုးလိုက်တာပါ။ ညအချိန်မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းတွေကို စွန့်လွတ်ပြီး
အလုပ်လုပ်ရတဲ့ သူနာပြုတွေရဲ့ ဘ၀တစ်စိတ် တစ်ဒေသကို မြင်သာအောင် ဖွင့်ပြပါရစေ။ ငယ်ငယ်က
ကျွန်မရဲ့ စိတ်ကူးယဉ်အိမ်မက်တွေမှာ သူနာပြုဆရာမပုံရိပ်တွေ လုံးဝရှိမနေခဲ့ပေမဲ့ ကျွန်မ
သူနာပြုတစ်ယောက်ဖြစ် လာပါတယ်။ ရွေးချယ်ခွင့်တွေ မရှိသလောက်နည်းတဲ့ မြန်မာပြည်က ကျွန်မတို့မျိုးဆက်မှာ
အိပ်မက်နဲ့လက်တွေ့ ကွာဟမှုတွေဟာ ဘာမှမထူးဆန်းဘူးလို့ပဲ ပြောရမှာပါ။ လက်တွေ့ဘ၀နဲ့ သဟဇာတဖြစ်အောင်
ကြိုးစားနေထိုင်ရင်းက သူနာပြုတစ်ယောက် ဖြစ်ရတဲ့အပေါ် ကျေနပ်နေတတ်ခဲ့ပါတယ်။ ငယ်ငယ်က တစ်ညအိပ်ရေးပျက်ရင်
ညပေါင်းများစွာ အတိုးချပြီး အိပ်ခဲ့ဖူးပါရဲ့။ လက်တွေ့ဘ၀ကို သူနာပြုအလုပ်နဲ့ ရပ်တည်တဲ့အချိန်ရောက်လာတော့
မအိပ်ရတဲ့ ညပေါင်းများစွာကို တစ်ညလောက် နှစ်ခြိုက်စွာအိပ်ပြီး ကျေနပ်ခဲ့ရပါတယ်။
ကျောင်းပြီးခါစကညဂျူတီကျရင်
အော်ငိုချင်စိတ် ဖြစ်မိပါတယ်။ နောင်တော့လည်း အကျင့်ရသွားခဲ့ပါတယ်။ အထူးသူနာပြု
(Special nurse) လည်း လုပ်ခဲ့ရပါတယ်။ လူနာဘေးနားက ထိုင်ခုံမှာ ငုတ်တုတ်ထိုင်ပြီး အိပ်ပျော်ခဲ့ရတာတွေကို
ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ထိုင်ခုံ နောက်မှီကို ခေါင်းလေးမှီုပြီး၊ မှေးစက်ရာက နိုးလာရင်
ဇက်ကြောတွေ နာကျင်နေပါတော့တယ်။ ညတာဝန်ကျတာ အိပ်ဖို့မဟုတ်ဘူးလို့ ပြောချင်လား။
Sunday, 9 June 2013
FRIEND: သူငယ်ချင်း
A friend is someone who sticks with us not only during good times but especially so during difficult times. It is during bad times that will see who our real friends are! They will stand by us and give us the moral, spiritual and emotional support we need. Fair weather friends will leave as soon as they see us in trouble.
မိတ်ဆွေသူငယ်ချင်းဆိုတာ ကျွန်မတို့ရဲ့ သာယာလှပသော အချိန်တွေမှာသာမဟုတ်ပဲ
အထူးသဖြင့် အခက်အခဲ တွေ့နေချိန်များမှာပါ မခွဲမခွာ
အတူတကွရှိနေပေးသူ ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခရောက်နေချိန်ဟာ ဘယ်သူဟာဖြင့် မိတ်ဆွေသူငယ်ချင်း
အစစ်အမှန်လဲဆိုတာကို ကျွန်မတို့သိမြင်နိုင်တဲ့ အချိန်ဖြစ်ပါတယ်။ မိတ်ဆွေ အစစ်အမှန်တွေက
ကျွန်မတို့ အနားမှာရပ်တည်ပြီး၊ ကျွန်မတို့လိုအပ်တဲ့ စာရိတ္တပိုင်းဆိုင်ရာ၊ ဘာသာတရားနဲ့
စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှုတွေ ပေးပါတယ်။ သာမှပေါင်းတဲ့ သူငယ်ချင်းတွေကတော့ ကျွန်မတို့
ဒုက္ခရောက်နေတာကိုမြင်ရင် ချက်ခင်းဆိုသလို ရှောင်ခွာသွားကြမှာ ပါလိမ့်မယ်။
We will also know who our real friends are when the going is good. Real
friends will share our joy and happiness. Real friends will celebrate with us
sincerely. Others whom we thought to be genuine friends may instead be jealous
of our success and may try to avoid us or worse, malign us. Be very careful in
selecting friends. Wisdom and discernment are needed in seeking good friends.
မိတ်ဆွေစစ်တွေကို
ကျွန်မတို့ အဆင်ပြေအောင်မြင်နေချိန်မှာလဲ သိမြင်နိုင်ပါတယ်။ မိတ်ဆွေစစ်တွေဟာ ကျွန်မတို့ရဲ့
ပျော်ရွှင်မှု အောင်မြင်မှုကို အတူမျှဝေခံစားကြ ပါတယ်။ မိတ်ဆွေစစ်တွေက ကျွန်မတို့ကို
ရိုးသားဖြူစင်စွာ ဂုဏ်ပြုချီးမြှင့် ကြပါလိမ့်မယ်။ မိတ်ဆွေစစ်လို့ ကျွန်မတို့ထင်ထားတဲ့
လူအချို့ကတော့ဖြင့် ကျွန်မတို့ရဲ့ အောင်မြင်မှုအပေါ် မနာလိုဖြစ်ကြပြီး ရှောင်ဖယ်ကြမယ်၊
ဒီထက်ဆိုးနိုင်တာက ကျွန်မတို့ကို ဒုက္ခရောက်အောင် ချောက်တွန်းကြ ပါလိမ့်မယ်။ မိတ်ဆွေသူငယ်ချင်း
ရွေးချယ်ရာမှာ အလွန်ကိုပဲ သတိရှိ ရပါမယ်။ သူငယ်ချင်းကောင်းကို ရှာဖွေရာမှာ သတိဥာဏ်
ပညာရှိဖို့ လိုပါတယ်။
Wednesday, 29 May 2013
၂၁ ရာစုချွေတာရေး
ဆရာပီမိုးနင်းရေးတဲ့ အချိန်နဲ့ချွေတာရေး စာအုပ်ကို လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေ ဖတ်ဖူးကြပါလိမ့်မယ်။ ပြောင်းလဲတိုးတက်နေတဲ့ ၂၁ရာစုက မျိုးဆက်သစ်တွေအတွက် အသုံးဝင်ဆဲ စာအုပ်ဖြစ်ပါတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေနောက် မနားတမ်းလိုက်ကြပြီး၊ ပျော်ရွှင်မှုကို အပြင်လောကမှာ လိုက်ရှာနေကြတဲ့သူတွေ ချွေတာရေးလမ်းစဉ်ကို ကျင့်သုံးနိုင်မှသာ ပျော်ရွှင်မှု အစစ်အမှန်ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ချွေတာရေး ဆိုတဲ့နေရာမှာ အချိန်၊ ငွေကြေးနဲ့ သဘာဝအရင်းအမြစ်တွေ အားလုံးကို အလေအလွင့်မရှိအောင် သုံးစွဲကြဖို့ ဖြစ်ပါတယ်။
အရေးကြီးဆုံးဖြစ်တဲ့
အချိန်ရဲ့ အဖိုးတန်ပုံကို မသိတဲ့သူလူ ရှိမယ်မထင်ဘူး။ သိသိကြီးနဲ့ ကျွန်မတို့ အချိန်တွေ
ဖြုန်းနေကြပါတယ်။ ကျွန်မတို့ တခါတလေ ပျင်းနေကြတယ်၊ တွေဝေကြတယ်။ စိတ်လေလွင့်ပြီး အချိန်ဖြုန်းမိ
တာတွေရှိတယ်။ ဆရာပီမိုးနင်းက အချိန်အတိုအစလေးတွေကအစ အလဟသဖြစ်မသွားအောင် သုံးသင့် တယ်လို့
ရေးထားပါတယ်။ ဥပမာ ရထားစီးရင်း၊ ကားစောင့်ရင်း ဘာဝနာပွားနေမယ်ဆိုရင် အဲဒီအချိန် အတိုအစလေးတွေက
အကျိုးရှိရှိ ကုန်သွားပါတယ်။ အချိန်တိုင်း နေ့တိုင်း ကုသိုလ်၊ပညာ၊ဥစ္စာ တခုခုကို ရအောင်ယူမယ်လို့
သံဋိဓ္ဓာန်ချပြီး၊ မဖြစ်မနေ ရအောင်ကြိုးစား ကြဖို့လိုပါတယ်။ အကျိုးရှိရှိကုန်သွားတဲ့
နေ့ရက်မျိုးမှာဆိုရင် ကိုယ့်ကိုကိုယ် အားရကျေနပ်ပြီး၊ ယုံကြည်မှုတွေ တိုးလာပါတယ်။ အဲဒီလိုနေ့ရက်
တွေများလာရင် ယုံကြည်မှုတွေ ပြည့်လျှံလာပြီး၊ ကျေနပ်ပျော်ရွှင်ရတဲ့ နေ့တွေများလာမှာပါ။
ကုန်သွားတဲ့ အချိန်တိုင်းဟာ မိမိအတွက် သို့မဟုတ် တစုံတယောက်အတွက် အကျိုးရှိတာမျိုးဖြစ်အောင်
ကြိုးစားရင်း ကျွန်မတို့ ၀ီရိယပါရမီ ဖြည့်ကျင့်သင့်ပါတယ်။
အချိန်ကို
အသုံးချတဲ့ အခါမှာလဲ အိပ်ချိန်၊ နားချိန်၊ အလုပ်လုပ်ချိန်ကို မျှတအောင်သုံးဖို့လိုပါတယ်။
အထူးသဖြင့် အိပ်ချိန်မှန်ဖို့လိုပါတယ်။ ညဥ့်နက်သန်းခေါင်ကျော်တဲ့အထိ မအိပ်မနေ အင်တာနက်နဲ့
ဖေ့ဘွတ်ကို သုံးနေကြတာတွေဟာလည်း မလိုလားအပ်တဲ့ အချိန်ဖြုန်းခြင်းတွေ ဖြစ်ပါတယ်။ အင်တာနက်မှာ
စာဖတ်ချင်လို့၊ ပညာသင်ချင်လို့ဆိုရင်လည်း၊ လူတယောက်အတွက် လိုအပ်တဲ့အိပ်ချိန်ပြည့်အောင်
အိပ်စက် အနားယူ ရမှာဖြစ်ပါတယ်။ အိပ်ချိန်တန်အိပ်၊ နားချိန်တန်နားမှာသာ နောက်တနေ့ မိုးလင်းရင်
လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင်မှာဖြစ်လို့ အလုပ်တွင်ကျယ် ပါတယ်။ တခြားနည်းလမ်းတွေနဲ့
အချိန်ဖြုန်းတတ်တဲ့ အကျင့်တွေရှိနေရင် အဲဒီအကျင့်တွေကို ပျောက်အောင်ကြိုးစား ပြုပြင်သင့်ပါတယ်။
အချိန်ကို ကောင်းကောင်း အသုံးချတတ်သူတွေဟာ ဘ၀မှာ အနည်းနဲ့အများ အောင်မြင်မှုရကြသလို
ပျော်ရွှင်မှုကို အတိုင်းအတာ တခုလောက် ရရှိသူတွေ ဖြစ်ပါတယ်။
အချိန်ကို
အကျိုးရှိရှိသုံးဖို့ လိုအပ်သလို ငွေကိုချွေတာသုံဖို့လည်း အရေးကြီးပါတယ်။ လိုချင်စရာတွေ
များစွာရှိ နေတဲ့ ခေတ်အခါကြီးမှာ ငွေကိုချွေတာသုံးစွဲနိုင်တာတောင် တော်ရုံမကျပါဘူး။
ဝင်ငွေနဲ့မမျှလို့ အားမတန်ရင် လိုချင်ရချင်တဲ့ စိတ်ဆန္ဒကို ချိုးနှိမ်နိုင်ဖို့လည်း
လိုအပ်ပါတယ်။ တတ်နိုင်လို့ ပစ္စည်းတခု ၀ယ်တော့မယ်ဆိုရင် ကိုယ့်အတွက် တကယ်လိုအပ်သလား၊
ဝယ်ပြီးရင် တကယ်သုံးဖြစ်မှာလားဆိုတာကို သေသေချာချာ စဉ်းစား ပြီးမှ ၀ယ်သင့်ပါတယ်။ ၀ယ်ပြီးမှ
မကြိုက်လို့၊ အသုံးမ၀င်လို့ ချောင်ထိုးထားရင် ကုန်သွားတဲ့ငွေတွေ အလကား ဖြစ်သွားတာ နှမျောစရာကောင်းပါတယ်။
တရုတ်မိတ်ဆွေတယောက် အကြံပေးတဲ့ နည်းလမ်းကောင်းလေး ရှိပါတယ်။ ဈေးဝယ်ထွက်တော့မယ်ဆိုရင်
ထမင်းစားပြီး ဗိုက်ပြည့်တဲ့အချိန်ကို ထွက်ပါတဲ့။ ဗိုက်ပြည့်နေရင် လိုတဲ့ပစ္စည်းလောက်ပဲ
ဝယ်ဖြစ်တယ်။ ဗိုက်ဆာနေတဲ့အချိန် ဈေးဝယ်ရင် လိုတာရော မလိုအပ်တာတွေပါ ၀ယ်ဖြစ်သွားတယ်လို့
ဆိုပါတယ်။ သူအကြံပေးတဲ့အတိုင်း ကျွန်မစမ်းကြည့်တာ တကယ်မှန်ပါတယ်။ ဗိုက်ဆာနေတဲ့ အချိန်မှာဆိုရင်
စိတ်အလိုမပြည့်ဖြစ်နေတော့ တွေ့သမျှပစ္စည်းကို လိုချင်စိတ်ဖြစ်ပြီး ၀ယ်မိကြ ပါတယ်။ ဗိုက်ပြည့်နေရင်
စိတ်အလိုပြည့်နေတာမို့ အပိုဆာရပစ္စည်းတွေဝယ်ဖို့ စိတ်မ၀င်စားတော့ပါဘူး။ နည်းလမ်း ကောင်းလေးမို့
စမ်းကြည့်ကြပါလို့ စာဖတ်သူတွေကို တိုက်တွန်းချင်ပါတယ်။
Saturday, 18 May 2013
ကျွန်တော် ဘုံဆိုင်

ကျွန်တော်က
ဘုန်းကြီးကျောင်းသား၊ သူရင်းငှား။ ကျောင်းဆရာရဲ့ အဖေပေါ့ဗျာ။ ကျွန်တော့် နံမည်က ဘုံဆိုင်။
အမေက ကောက်စိုက်သမ၊ ကြုံရာကျပန်း အလုပ်လုပ်တယ်။ အမေ့ အရင်ယောက်ျားက လယ်ကွင်းထဲမှာ ပိုးထိပြီးဆုံးသွားလို့
ကျွန်တာ့်အမေ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့တယ်။
လင်မရှိတဲ့
မိန်းမကို လူမလေးစားဘူးဆိုတာ မှန်မလားတော့ မသိဘူးဗျ။ ကျွန်တော့်အမေဟာ ရွာက လူတကာရဲ့
အသုံးတော်ခံဖြစ်ခဲ့တယ် ဆိုလားပဲ။ ကျွန်တော့်ကို ကိုယ်ဝန်ရတော့ ဘယ်သူနဲ့ရတာလဲ ဆိုတာ
အမေကိုယ်တိုင်မသိရှာဘူး။ သူ့ဆီလာတဲ့ ယောက်ျားတွေအားလုံးနဲ့ဆိုင်လို့ ကျွန်တော့်ကို
မွေးတော့ ဘုံဆိုင်လို့ အမေကိုယ်တိုင် နံမယ်ပေးခဲ့တယ်။
ကျွန်တော့်အတွက်တော့
အဖေဘယ်သူလဲဆိုတာ သိရလို့လည်း ဘာမှထူးပါဘူးဗျာ။ အမေ့ကိုလည်း ကျွန်တော် အပြစ်မတင်ချင်ဘူး။
အမေ ကျွေးမွေးစောင့်ရှောက်ခဲ့လို ကျွန်တော်လူဖြစ်ခဲ့တာ။ အမေ့ကို ကျွန်တော်ချစ်တယ်။
ကျွန်တော်တို့ ဘေးအိမ်ကလူတွေ ဆန်မရှိလို့ ဗိုက်မှောက်နေရတဲ့ အချိန်မှာ အမေက သူ့နည်းသူ့ဟန်နဲ့
ကျွန်တော့်ကို ထမင်းနှပ်မှန်အောင် ကျွေးခဲ့တယ်ဗျ။
Sunday, 12 May 2013
စေတနာတွေ ဝေဒနာဖြစ်ရတဲ့အခါ
သူနာပြူ
မိခင်ကြီး ဖလော့ရန့်နိုက်တင်ဂေးရဲ့မွေးနေ့ မေလ (၁၂)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့
အထိမ်းအမှတ်အဖြစ် စာတစ်ပုဒ်ရေးလိုက်ပါတယ်။ အတွေ့အကြုံတွေကို စိတ်ဝင်စားစရာဖြစ်အောင်
စီကာပတ်ကုံးရေးပြီး၊ ကျန်းမာရေးဗဟုသုတတွေ ထည့်ထည့်ရေးတာ ကျွန်မရဲ့ ပညာပေးနည်းတစ်ခုပါ။
ကျန်းမာရေးဆောင်းပါး သီးသန့်ရေးရင် စိတ်ဝင်စားသူနည်းပြီး၊ အတွေ့အကြုံလေးတွေနဲ့ ယှဉ်ရေးရင်
စာဖတ်သူတွေအတွက် ကျန်းမာရေးအသိတွေနဲ့အတူ အရေးထားတွေစရာလေးတွေလည်း ရသွားမယ်လို့ မျှော်လင့်ပါတယ်။
ဘွဲ့လွန်အတွက်
ကျောင်းစရိတ်လိုလို့ တက္ကသိုလ်နဲ့ နီးတဲ့ဆေးခန်းမှာ ခဏ၀င်လုပ်နေပါတယ်။ ဆေးခန်းက အထွေထွေရောဂါ
ကုသမှုနဲ့အတူ Alternative medicine လို့ခေါ်တဲ့
အနောက်တိုင်းဆေးပညာနဲ့ မတူတဲ့ သီးခြားကုထုံးတွေနဲ့
ရောဂါကာကွယ်ကုသခြင်း ၀န်ဆောင်မှုတွေလည်းပေးပါတယ်။ အပ်စိုက်ကုထုံး Acupuncture
therapy၊ အိပ်မွေ့ချကုထုံး Hypnotherapy၊ သွေးကြောထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်သတ္ထုတွေနဲ့
အဆီတွေကို ဖြိုခွဲပေးတဲ့ကုထုံး Chelation therapy စတဲ့ကုထုံးတွေဖြစ်ပါတယ်။ အခြားအခြား
ထူးထူးဆန်း ဆန်းကုထုံးတွေလည်း အများကြီးရှိပါတယ်။ အချို့ ကုထုံးတွေက လူနာတွေအတွက် အကျိုးရှိပေမဲ့
အချို့ကုထုံးတွေက အန္တရာယ်ရှိပါတယ်။ စင်္ကာပူနဲ့ အနောက်နိုင်ငံ အချို့မှာတော့ ခိုင်မာတဲ့ သုတေသန အထောက်အထားတွေ ရှိမှသာ ဒီကုထုံးတွေကို
ခွင့်ပြုပါတယ်။ မလေးရှားမှာတော့ တင်းကြပ်တဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်မှ တော်တော်အားနည်းနေ
ပါတယ်။ ငွေလိုလို့ ဒီအလုပ်ကို အခိုက်အတန့် လုပ်နေရပေမဲ့ အချို့ကုထုံးတွေကို ကျွန်မတော်တော်လေး
ဘ၀င်မတွေ့ပါဘူး။
ပညာရေးနဲ့
ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းတွေမှာ ငွေမျက်နှာပဲကြည့်ပြီး လုပ်ကြရင် လူ့ပတ်ဝန်းကျင်
အတွက် အလွန်အန္တရာယ်များပါတယ်။ Chelation therapy လိုကုထုံးမျိုးဆိုရင် ရေရှည်မှာ ဘေးထွက်ဆိုးကျိုးတွေ
အများကြီးရှိပါတယ်။ ဆရာဝန်၊သူနာပြုနဲ့ ကျန်းမာရးစောင့်ရှောက်မှု လုပ်ငန်းမှာ ပါဝင်ပတ်သက်သူမှန်သမျှ
လူနာတွေရဲ့ကောင်းကျိုးကိုသာ အစဉ်ဆောင်ရွက်ပြီး၊ အန္တရာယ်ဖြစ်စေမဲ့ ဆောင်ရွက်ချက်မှန်သမျှကို
ရှောင်ကြည်ရမယ်ဆိုတဲ့ ကျင့်ဝတ်တွေကို စောင့်စည်းလိုက်နာ ကြဖို့လိုပါတယ်။ လူနာတွေရဲ့
ကျန်းမားရေး အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန်
အပြုအမူတွေ၊ ရောဂါကုထုံးနဲ့ ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို အမှန်အတိုင်း ပြောပြ
ရှင်းပြရမဲ့ ကျင့်ဝတ်တွေရှိတယ်။ ဝေဒနာ ခံစားနေရတဲ့လူနာတွေ ရောဂါကုသရေးနဲ့ ပတ်သက်ပြီး
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ကျန်းမာရေးဝန်ထမ်းတွေက ကူညီပေးနိုင်ရပါမယ်။
ဒီကျင့်ဝတ်တာဝန်တွေကို မဖောက်ဖျက်ချင်တဲ့ ကျွန်မအတွက် ယ္ခုဆေးခန်းက အလုပ်တွေဟာ တော်တော်လေး
သဟာဇာတ မဖြစ်ပါဘူး။
ရင်သားကင်ဆာ
ဖြစ်နေတဲ့ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ယောက် ခွဲစိတ်ကုသမှုကို ရှောင်နိုင်ဖို့
နည်းလမ်းရှာရင်း ကျွန်မလုပ်နေတဲ့ ဆေးခန်းက ဆရာဝန်ဆီ ရောက်လာပါတယ်။ သူမရဲ့ ရင်သားအကြိတ်က
ကင်ဆာဖြစ်စပဲ ရှိသေးတယ်။ တခြားနေရာတွေကို မပြန့်သေးဘူး။ အချိန်မှီခွဲစိတ်ကုသမှု ခံယူမယ်၊
ကင်ဆာဆဲလ်အခြေအနေ ပေါ်မူတည်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှု ခံယူမယ်ဆိုရင် လုံးဝပျောက် ကင်းနိုငိတဲ့အခြေအနေမှာ
ရှိပါတယ်။ ပြဿနာက ရင်သားကို မဖြတ်ချင်ဘူး ဖြစ်နေပါတယ်။ မြန်မာပြည်က လူတွေအများစု ကျန်းမာရေး
ဗဟုသုတအားနည်းလို့ ရောဂါကို သိတာနောက်ကျကြတယ်။ ငွေကြေးမတတ် နိုင်လို့ ထိရောက်တဲ့ ကုသမှုတွေ
မရကြဘူး။ ကင်ဆာကို နောက်ကျမှ သိရပြီး၊ အဆုတ်ထဲ၊ အရိုးထဲ ပျံ့သွားလို့ ဝေဒနာကို မချိမဆန့်ခံစား
နေရတဲ့လလူနာတွေကို မကြခဏ တွေ့ခဲ့ဖူးပါတယ်။အခုကျွန်မတွေ့ရတဲ့ လူနာကတော့ ရင်သားမဖြတ်ချင်
တာကြောင့် ဒုက္ခရောက်တော့မယ်။
Subscribe to:
Posts (Atom)



