Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Saturday 29 June 2013

မြေနိမ့်ရာလှံစိုက်...

အရှိန်အ၀ါ အားကောင်းတဲ့ တိုင်းမဂ္ဂဇင်းက အင်းအားချည့်နဲ့နေတဲ့ မြန်မာပြည်က ဗုဒ္ဒဘာသာတွေကို တဖက်စောင်း ဝေဖန်ရေးသားမှုဟာ မြေနိမ့်ရာ လှံစိုက်ခံရသလို ခံစားရပါတယ်။ မြေနိမ့်ရာ အရပ်မှာ စည်ပင်ထွန်းကားတဲ့ ကျွန်မတို့ရဲ့ သာသနာတော် လှံစူးခံနေရပြီ။ အမှန်ကို ရေးတာဆိုရင် နှစ်ဖက်စလုံးက လွန်တာတွေကို ရေးရမယ်မဟုတ်လား။ မကျေနပ်တဲ့ ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ တုန့်ပြန်မှုကို  မှုစရာမလိုတော့ မိမိလိုရာဆွဲ ရေးထားတာ ကျင့်ဝတ်ညီပါရဲ့လား။ မိမိသာသနာ လူမျိုးနဲ့ တိုင်းပြည်အကျိုး တစ်စုံတရာအတွက် အားနည်းသူ လူမျိုးစုကို စော်ကားရမဲ့ အလုပ်မျိုး ကျွန်မတို့ ဘယ်တော့မှ မလုပ်ကြစို့နဲ့။

Hannah Beech ရဲ့အရေးအသားကြောင့် ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပြီ။ သူပြောသလို ကျွန်မတို့ အကြမ်းဖက်သမားတွေ မဟုတ်ဖူးဆိုတာကို အလုပ်နဲ့ သက်သေပြဖို့ တစ်လမ်းပဲရှိပါတယ်။ စင်ကြယ်ဖြောင့်မတ်သော မြတ်စွာဘုရား အဆုံးအမတွေကို နှလုံးသားထဲမှာ အမြဲထည့်ထားပြီး၊ စည်းကမ်းရှိခြင်း ညီညွတ်ခြင်းတွေနဲ့ သိက္ခာပြန်ဆယ် ကြရအောင်ပါ။ လှံစိုက်ခံရလို့ နာကျင်တဲ့ ဝေနာကို ကြိတ်မှတ်သည်းခံရင်း၊ အနာကျက်အောင် မေတ္တာဆေးလုံး သောက်သုံးလိုက်ပါ။   မြတ်စွာဘုရားက ၇န်လိုမုန်းတီးမှု ကဲ့ရဲ့ဝေဖန်မှုတွေကို မေတ္တာနဲ့ တုန့်ပြန်ဖို့သာ ဆုံးမတော်မူတယ် မဟုတ်လား။



 ရေးတဲ့ လူတွေက ရေးတဲ့အလုပ်လုပ်မယ်။ စေတနာ မေတ္တာပါတဲ့ စာရေးတဲ့သူရှိမယ်။ အဆိပ်လူးထားတဲ့ စာမျိုး ရေချင်တဲ့လူက ရေးမယ်။ စာဖတ်တဲ့လူတွေက ဖတ်တဲ့အလုပ်လုပ်ကြမယ်။ ဆင်ခြင်ဥာဏ်နဲ့ ဖတ်ကြပြီး၊ မေတ္တာနဲ့ သာတုန့်ပြန်ကြမယ်။ စည်းကမ်းလိုက်နာတဲ့ အကျင့်တွေ ကိုယ်စီရှိရမယ်။ စည်းကမ်း လိုက်နာမှု မရှိတဲ့သူမှန်သမျှကို ကြောသားရင်သား မခွဲခြားပဲ အပြစ်ဒဏ်ပေးနိုင်တဲ့ စနစ်ရှိလာအောင် ကျွန်မတို့ ၀ိုင်းဝန်းကြိုးစား ရပါမယ်။ ကျွန်မတို့ မျိုးဆက် နေ၀င်ချိန်မရောက်ခင် ဗုဒ္ဓဘာသာဝင်တွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးသူတွေ ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်အောင် ကြိုးစားကြစို့လား။

၂၉၊၀၆၊၁၃
-------------------------------------------------------------------------------------------

လှံစူးခံရပြီး၊ ဗုံးဖောက်ခံရတယ်။ ဒီတစ်ခါတော့ စိတ်ထဲသိပ်မနာကျည်း မိဘူး။ တကယ်တမ်း အကြမ်းဖက်ခံရတာ ဘယ်သူတွေလည်းဆိုတာ ကမ္ဘာက မြင်လိုက်ရပြီ။ ကျွန်မတို့ ငြိမ်းချမ်းစွာ တုန့်ပြန်ကြဖို့ လိုပါတယ်။
ဗုဒ္ဓနံဇီဝိတသ နသက္ကာ ကေနစိ အန္တရာယောကာတုံ မြတ်စွာဘုရားရှင်ရဲ့ အသက်ကို သေအောင် တစ်စုံတစ်ယောက်သောသူကမှ ပြုခြင်းငှာ မတတ်နိုင်ဘူးလို့ ဓာရဏ ပုရိတ်မှာ ပြဆိုထားပါတယ်။ မြတ်စွာဘုရားကို ဘယ်သူမှ မလုပ်ကြံနိုင်ခဲ့ကြတာကို   အောင်ခြင်းရှစ်ပါးမှာ သာဓကအဖြစ် သိမြင်နိုင်ပါတယ်။  မြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာကိုလည်း ဘယ်သူတစ်စုံ တစ်ဦးကမှာ နောက်ဆုံးပေါ် လက်နက်တွေနဲ့ ပျက်စီးအောင် မလုပ်နိုင်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။ (ကမ္ဘာပျက်တဲ့နေ့ မရောက်သေးခင် အထိကိုသာ ဆိုလိုပါတယ်။) ပျက်စီးအောင် ကြိုးစားတဲ့သူတွေသာ သဘာဝတရားက ပေးတဲ့အပြစ်ကို သူတို့ခံရပါလိမ့်မယ်။ ကျွန်မတို့  ဒေါသဖြစ်နေစရာကို မလိုပါဘူး။

ဗုဒ္ဓဘာသာဝင်တွေဟာ အကြမ်းဖက်မှုကိုလည်း မေတ္တာနဲ့တုန့်ပြန်ကြတယ် ဆိုတာကို ကမ္ဘာက မြင်အောင် လက်တွေ့ပြကြရအောင်ပါ။ တရားကိုဆောင်၊ အဖျက်လက်နက် မှန်သမျှကိုရှောင်၊ နှုတ်ကလည်း မဆဲပါနဲ့၊ စာရေးပြီးလည်း ရန်များအောင် မလှုံ့ဆော်ပါနဲ့။
မီးကိုရေများများလောင်းနိုင်မှ မီးငြိမ်းမယ် မဟုတ်လား။ ကမ္ဘာမီးလောင်တာ မလိုလားရင် ကျွန်မတို့ မီးငြိမ်းအောင် ရေကူလောင်း ရမှာပါ။ မေတ္တာမိုးတွေ ဖြိုင်ဖြိုင်ရွာသွန်း နိုင်ပါစေ။ မေတ္တာ စိမ့်စမ်းရေတွေ တသွင်သွင်စီးဆင်း နေပါစေ။ အမုန်းမီးတွေငြိမ်းဖို့ မေတ္တာရေတွင်း တူးကြပါစို့။ အ၀ီစိတွင်းရေလို၊ မိုးရေအေးအေးလို စိမ့်စမ်းရေလို့ ကျွန်မတို့ မေတ္တာ အအေးဓာတ်တွေ ကမ္ဘာကို လွှမ်းခြုံအောင် ဆုတောင်း မေတ္တာပို့ကြရအောင်။

တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။

၀၈။၀၇။၁၃

No comments:

Post a Comment