၂ဝဝ၃ခုနှစ် ခရစ်စမတ်ကာလတုံးက ဗြိတိန်နိုင်ငံမှာ မျှော်လင့်မထားဘဲ ရောင်းအားအကောင်းဆုံး စာရင်းမှာ ပါဝင်သွားခဲ့တဲ့ စာအုပ်တစ်အုပ်ကတော့
Lynn Truss ရေးတဲ့
Eats, Shoots and Leaves (စားတယ်၊ ပစ်တယ်၊ ထွက်သွားတယ်) ဆိုတဲ့ စာအုပ်ဘဲ ဖြစ်ပါတယ်။
စာအုပ်အမည်ကို ဟာသတစ်ခုကနေ ရယူထားတာဖြစ်ပါတယ်။ ပန်ဒါဝက်ဝံတစ်ကောင်က ကော်ဖီဆိုင်တစ်ဆိုင်ထဲကို ဝင်သွားပါသတဲ့။ ပန်ဒါဝက်ဝံက အသားညှပ်မုန့်တစ်ခုကို စားတယ်။ သေနတ်ကို ထုတ်၊ လေထဲထောင်ပစ်ပြီး တံခါးပေါက်ကနေ ထွက်သွားမလို့ လုပ်ပါသတဲ့။ အဲဒီတော့ စားပွဲထိုးက နားမလည်တာနဲ့ ပန်ဒါဝက်ဝံကို ဒါက ဘာလုပ်တာလဲလို့ မေးပါတယ်။ ဝက်ဝံက တောရိုင်းတိရစ္ဆာန်တွေအကြောင်း ရေးသားထားတဲ့ စနစ်တကျ ပုဒ်ဖြတ်မထားတဲ့ စာအုပ်တစ်အုပ်ကို ပြပါသတဲ့။ စာအုပ်ထဲမှာ “Panda. Large black-and-white bear-like mammal, native to China. Eats, shoots and leaves”. (ပန်ဒါဝက်ဝံ။ အဖြူနှင့် အမဲ နှစ်ရောင်စပ် ဝက်ဝံနှင့်တူသော အရွယ်အစားကြီးသော နို့တိုက်သတ္တ၀ါ၊ တရုတ်နိုင်ငံမှာ ပေါက်ပွား။ စားသည်၊ ပစ်သည်၊ ထွက်ခွာသွားသည်။) လို့ ရေးထားတယ်။
(Eats shoots and leaves = ရွက်နုနှင့် သစ်ရွက်များ စားသည်) လို့ ဆိုရမယ့်အစား ကော်မာ ပိုထည့်မိလို့ အဓိပ္ပာယ် ပြောင်းသွားတာ ဖြစ်ပါတယ်။
shoot ကို noun အနေနဲ့ သုံးရင် ရွက်နု၊
verb အနေနဲ့ သုံးရင် ပစ်သည် လို့ အဓိပ္ပာယ် ပြောင်းပါတယ်။)
စာရေးသူက ပုဒ်ဖြတ်မမှန်ကန်ရင် နားလည်မှု လွဲမှားနိုင်ကြောင်း၊ ဒါမှမဟုတ် ရှုပ်ထွေးမှု ဖြစ်နိုင်ကြောင်း ပြတာဖြစ်ပါတယ်။ ပုဒ်ဖြတ်ရခြင်း ရည်ရွယ်ချက်ကတော့ အဓိပ္ပာယ် တတ်နိုင်သလောက် ရှင်းလင်းစေဖို့ ဖြစ်ပါတယ်။
Full-stop
ပြည့်စုံတဲ့ ဝါကျအဆုံးမှာ သုံးရပါတယ်။ ကော်မာလောက်နဲ့ မလုံလောက်ဘူး။ သီးခြားမရပ်တည်နိုင်တဲ့ အထူးပြုပုဒ်များအတွက်တော့ Full-stop ကို မသုံးရဘူး။ ဥပမာ if the outstanding amount is not paid. (ကျန်ရှိနေသော ငွေပမာဏကို မပေးချေပါက။) လို့ သုံးရင် မမှန်ဘူး။ အခုခေတ်