အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို
၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့
အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကို
နာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာ
အိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုး
ရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။
Welcome!
ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....
Wednesday, 18 January 2012
Tuesday, 17 January 2012
ဆရာဇော်ဂျီဧ။် ပစ္စည်းအလှ
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ပစ္စည်းကို ကြိုက်သနည်း။
မလိမ့်တပတ်၊ ခေါင်းပုံဖြတ်၍
အနပ်အပါး၊ မြတ်ကြီးစား၍
သနားကင်းမဲ့ ကိုယ်ကျိုးငဲ့၍
ရခဲ့ မသမာ၊ ထိုဥစ္စာ၌
မခွာမခွဲ၊အရိပ်မဲ။
ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အားသွန်၍
ဖြောင့်မှန်တရား၊ လက်ကိုင်ထား၍
သနားမေတ္တာ၊ အလေးသာ၍
ရှာရသမျှ၊ ထိုငွေစ၌
ဖိုးလ မုလေး စမ်းရေအေး။
ဇော်ဂျီ
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ပစ္စည်းကို ကြိုက်သနည်း။
မလိမ့်တပတ်၊ ခေါင်းပုံဖြတ်၍
အနပ်အပါး၊ မြတ်ကြီးစား၍
သနားကင်းမဲ့ ကိုယ်ကျိုးငဲ့၍
ရခဲ့ မသမာ၊ ထိုဥစ္စာ၌
မခွာမခွဲ၊အရိပ်မဲ။
ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အားသွန်၍
ဖြောင့်မှန်တရား၊ လက်ကိုင်ထား၍
သနားမေတ္တာ၊ အလေးသာ၍
ရှာရသမျှ၊ ထိုငွေစ၌
ဖိုးလ မုလေး စမ်းရေအေး။
ဇော်ဂျီ
Monday, 2 January 2012
အလွမ်းများအကြောင်း
လွမ်းတယ်ဆိုတာ အင်မတန်လှပတဲ့ ခံစားမှုလို့ဆိုကြပါတယ်။ ဒီလို နူးညံ့သိမ်မွေ့တဲ့ ခံစားမှုမျိုး လူတိုင်းခံစားဖူး ကြပါ လိမ့်မယ်။ ချစ်ခင်မြတ်နိုးတဲ့သူတွေကို လွမ်းကြတယ်။ ပျော်ရွှင်ကြည်နူးခဲ့ရတာတွေကို လွမ်းကြတယ်။ သာယာလှပတဲ့ အရပ်ဒေသကို လွမ်းကြတယ်။ တခါတလေ အမှတ်တမဲ့ အဖြစ်အပျက်လေးတွေကို ပြန်ပြောင်းသတိရ အောက်မေ့ တတ်ကြပါတယ်။ ကျွန်မငယ်ငယ်က ဆယ်တန်းအောင်ပြီးတဲ့ အချိန်ထိ လွမ်းစရာဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ ရွာမှာချို့ချို့တဲ့တဲ့ ပညာသင်ခဲ့ရပေမဲ့ မိစုံဖစုံ မောင်နှမတွေ စုံစုံလင်လင်နဲ့မို့ ဘ၀ဟာပြည့်စုံနေသလို ရှိခဲ့ပါတယ်။ မိဘအရိပ်ကို ခိုလှုံနေချိန်မို့ စားဝတ်နေရေး ဘ၀အရေးတွေ ဘာမှပူပင်စရာမလိုပဲ လွတ်လတ်ပေါ့ပါးခဲ့တဲ့ ငယ်ဘ၀ကို.....
Friday, 9 December 2011
မိမိကိုယ်ကို ချစ်ခြင်းမှသည် ...
မိမိကိုယ်ကိုချစ်ကြတယ် ဆိုတာလူသားတွေ အခြေခံသဘာဝလေးပါပဲ။ ကျွန်မတို့လူသားတွေ မိမိကိုယ်ကိုဘယ်ပုံ ဘယ်နည်းချစ်ကြတဲ့ နည်းလမ်းတွေကတော့ တယောက်နဲ့တယောက် မတူညီကွဲပြားကြပြန်တယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးစိတ်နဲ့ လူသားဆန်စွာ မိမိကိုယ်ကိုချစ်ကြတဲ့သူရှိသလို အတ္တမာန်မာနတွေနဲ့ တကိုယ်ကောင်းဆန်စွာ မိမိ ကိုယ်ကိုချစ်ကြသူတွေ ရှိတတ်ကြတာဟာလည်း လောကရဲ့သဘာဝလို့ဆိုရပါမယ်။ တိုင်းပြည်ချစ်စိတ်မျိုးချစ်စိတ် ဆိုတာ အဲဒီမိမိကိုယ်ကိုချစ်ကြတဲ့စိတ်က စရပါလိမ့်မယ်လို့ ဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်က နည်းပြဆရာ တယောက်ပြောခဲ့တာကို မှတ်သားခဲ့ဖူးပါတယ်။
Fables-4 (သင်ခန်းပေး ပုံပြင်)
တို့က ပုံပြင်လေးတွေ ဖတ်ရတာ ၀ါသနာပါသလို ဖတ်ပြီး ပြန်ပြောရတာလည်း ၀ါသနာပါတယ်။ ကိုယ့် ပတ်ဝန်းကျင်က ကလေးတွေကို သင်ခန်းစာပေး ပုံပြင်လေးတွေ ပြောပြောပြတတ်တော့ ဒါတွေကို အများလည်း သိအောင် post တင်လိုက်တာပါ ၊
Monday, 28 November 2011
ငါတို့သမိုင်း
သူငယ်ချင်းတို့ရေ....
၂၁ ရာစုရဲ့သမိုင်းကြောင်းတခေတ်မှာ
ငါတို့တတွေ အသက်ရှင်ခွင့်ရကြပြီ။
အရာအားလုံးကို ငါတို့တတွေမမှီခဲ့ပေမဲ့
ငါတို့လျှောက်လှမ်းခဲ့တဲ့ခြေလှမ်းတိုင်းအတွက်
သမိုင်းဆိုတာကျန်ကောင်းပါရဲ့။.....
ဒီထက်ကောင်းသော သမိုင်းကြောင်းတွေ
မနက်ဖြန်ဆိုတာရှိနေသ၍၊ ငါတို့တတွေ
ဆက်ရေးနေရမယ်၊
နောက်ထပ်....နောက်ထပ်....နောက်ထပ်
အခါမလပ်စကြေးပေါ့။...
သူငယ်ချင်းတို့ရေ....
ငါတို့နိုင်ငံ၊ ငါတို့တိုင်းပြည်
ချစ်ခင်ပါလျှက်၊မုန်းချင်ယောင်ဆောင်ခဲ့တယ်။
သူမကောင်းခဲ့လို့၊သူမကောင်းဘူးလို့
ငါတို့တတွေအငြင်းပွါးမနေကြပဲ၊
သမိုင်းတခေတ်ရဲ့ပြေးလမ်းပေါ်ကို
ငါတို့တတွေအတူတူတက်ကြမယ်။....
မျိုးဆက်တိုင်းအတွက်၊နောင်မျိုးဆက်က
လက်ကမ်းကြိုယူကြရင်း၊ငါတို့ဘ၀တွေအသက်ရှင်နေသ၍၊
သမိုင်းဆိုတာဆက်၍ ရှည်စေရဦးမှာပေါ့။
ငယ်ဆူး
အပြင်စီးမဂ္ဂဇင်း၊အမှတ် ၆၊ဇွန်လ ၂၀၁၁။
၂၁ ရာစုရဲ့သမိုင်းကြောင်းတခေတ်မှာ
ငါတို့တတွေ အသက်ရှင်ခွင့်ရကြပြီ။
အရာအားလုံးကို ငါတို့တတွေမမှီခဲ့ပေမဲ့
ငါတို့လျှောက်လှမ်းခဲ့တဲ့ခြေလှမ်းတိုင်းအတွက်
သမိုင်းဆိုတာကျန်ကောင်းပါရဲ့။.....
ဒီထက်ကောင်းသော သမိုင်းကြောင်းတွေ
မနက်ဖြန်ဆိုတာရှိနေသ၍၊ ငါတို့တတွေ
ဆက်ရေးနေရမယ်၊
နောက်ထပ်....နောက်ထပ်....နောက်ထပ်
အခါမလပ်စကြေးပေါ့။...
သူငယ်ချင်းတို့ရေ....
ငါတို့နိုင်ငံ၊ ငါတို့တိုင်းပြည်
ချစ်ခင်ပါလျှက်၊မုန်းချင်ယောင်ဆောင်ခဲ့တယ်။
သူမကောင်းခဲ့လို့၊သူမကောင်းဘူးလို့
ငါတို့တတွေအငြင်းပွါးမနေကြပဲ၊
သမိုင်းတခေတ်ရဲ့ပြေးလမ်းပေါ်ကို
ငါတို့တတွေအတူတူတက်ကြမယ်။....
မျိုးဆက်တိုင်းအတွက်၊နောင်မျိုးဆက်က
လက်ကမ်းကြိုယူကြရင်း၊ငါတို့ဘ၀တွေအသက်ရှင်နေသ၍၊
သမိုင်းဆိုတာဆက်၍ ရှည်စေရဦးမှာပေါ့။
ငယ်ဆူး
အပြင်စီးမဂ္ဂဇင်း၊အမှတ် ၆၊ဇွန်လ ၂၀၁၁။
Saturday, 5 November 2011
နုငယ်ရေးတဲ့ အချိန်တန်ရင် အိမ်ပြန်ကြတာပေါ့”
ဘယ်နှစ်ရာသီ ဘယ်နှစ်မိုးတိုင်ခဲ့ပီလဲ
ဇူးရေ
သိမ်းထုပ်ထားခံရတဲ့ ဆန္ဒချိုချိုတွေ
မှိုများလိုက်နေပီလားဟယ်
ဆောင်းမရှိတဲ့ကျွန်းမှာ
နင်ဘဝရော ချိန်သားကျရဲ့လား
သူငယ်ချင်းရေ.....
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ
အချိုးအစား ဘယ်တုန်းကမှ
မမျှတခဲ့ဘူးလေ။
ကံတရားက ငါတို့မှ
မွဲ မွဲနိုင်လွန်းတယ်ဟယ်
ဒီခေတ်တစ်ခုမှာမှ ငါတို့က
လူစဖြစ်ခဲ့ရတာကိုး
မိဝေးဖဝေးဆိုတာကိုက
ခေါက်ရိုးကျိုး ဘဝလေများလား။
ခေတ်တွေ စနစ်တွေ
ငါတို့နားမလည်တဲ့ဘာညာဗေဒတွေနဲ့
ခပ်ဝေးဝေးကသာနေလိုက်တော့
သေချာတာက
အချိန်တစ်ခု မှာ ငါတို့အိမ်ပြန်ကြမယ်ဆိုတာပဲ။
အနောက်ကိုလျှောက်ပါလို့ အရှေ့ကိုပဲမျှော်ရတော့မယ်
ဇူးရေ...............
ပိတောက်တွေ ခရေတွေ စိတ်ကူးလေးနဲ့
ခူးကြ ပန်ကြတာပေါ့
အခုချိန်မှာတော့ ဘဝပီသအောင်
ကိုယ့်စိတ်ကိုယ်ချိုး ရှေ့သို့ပဲရဲရဲတိုးကြရမယ်။
ဒါပေမဲ့.....
သူငယ်ချင်းရေ
ရွှေရောင်တောင်ပံနဲ့ ငါတို့အိမ်မက်တွေကို
ဘယ်လိုမျှားအစင်းစင်းနဲ့မှ ပစ်မချလိုက်ပါနဲ့
ဒို့တွေ အချိန်တန်ရင် အိမ်ပြန်ကြရမယ်လေ။
သူငယ်ချင်းရေ
မက်ဒေါနယ်နဲ့ ကိုကာကိုလာထက်
ကျစိမ့်တစ်ခွက်နဲ့ မုန်းဟင်းခါးကို
ငါတို့က ပိုချစ်တယ်...
ကမ္ဘာကျော် ဘယ်နေရာပဲဖြစ်စေ
ငါကတော့ TIME SQUARE ထက် အင်းယားကိုပိုချစ်တယ်
လွမ်းတယ်ဆိုတာ..ရင်မှာတမြေ့မြေ့လောင်တဲ့မီးတောက်ဆို
အဲ့သလို အလွမ်းတွေနဲ့
ငါရန်ကုန်ကိုလွမ်းတယ်.....
သူငယ်ချင်းရေ...
ဇူးရေ
မိုးတွေက မလိုတဲ့နေရာမှာ စွေလွန်းတယ်ဟာ
ခေတ်ကိုပဲအပြစ်တင်ရမလား စနစ်ကိုပဲအပြစ်တင်ရမလား
ဘဝဒိုင်သူကြီးရဲ့ ပွဲပီးခရာသံကိုပဲ
နားတစွင့်စွင့်နေလိုက်တော့တယ်။
အရုဏ်တစ်ခါလင်းတိုင်း
မှတ်မှတ်ရရရွတ်ဆို......
အချိန်တစ်ခုမှာ ငါတို့အိမ်ပြန်ကြရမယ်။
သူငယ်ချင်းရေ
"လဲနေသူထူပေးပါ အားငယ်သူအားပေးပါ"
ငါတို့ရင်နှီးခဲ့သမျှ စာသားတွေက
တချို့နေရာမှာ အသုံးချခွင့်မရရှာဘူး
အတ္တတွေ အရောင်ထူ လွန်းသကိုးကွဲ့။
နေညိုလာရင် ငါတို့မသိအောင်
ဆန္ဒတစ်ချို့တွေက အိမ်ခိုးခိုးပြန်ကြတယ်
တော်ရာမှာ ပျော်အောင်မနေနိုင်သူရဲ့
ဝဋ်နာကံနာ လို့သာဆိုကြပါစို့။
ဇူးရေ
သူငယ်ချင်းရေ
ချစ်ရေ...............
ခရီးကြမ်းမဟုတ်တဲ့ မာယာလမ်းမှာ
ငါတို့ယုံကြည်ချက်တွေ မျက်စိမလည်ကြေး
ငါတို့ ရင်မှာပျိုးထားတဲ့
အိမ်မက်တစ်ပွင့်ကို....ရှင်သန်ပါစေ
ကြီးထွားပါစေ....
ငါတို့တွေက
အချိန်တန်ရင် အိမ်ပြန်ကြရမယ်လေ...
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြ....
အိမ်ပြန်...
အိမ်.........
အိမ်.......
.........................
.............................
.............................................။
နုငယ်
Source: thuriya.org
ဇူးရေ
သိမ်းထုပ်ထားခံရတဲ့ ဆန္ဒချိုချိုတွေ
မှိုများလိုက်နေပီလားဟယ်
ဆောင်းမရှိတဲ့ကျွန်းမှာ
နင်ဘဝရော ချိန်သားကျရဲ့လား
သူငယ်ချင်းရေ.....
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ
အချိုးအစား ဘယ်တုန်းကမှ
မမျှတခဲ့ဘူးလေ။
ကံတရားက ငါတို့မှ
မွဲ မွဲနိုင်လွန်းတယ်ဟယ်
ဒီခေတ်တစ်ခုမှာမှ ငါတို့က
လူစဖြစ်ခဲ့ရတာကိုး
မိဝေးဖဝေးဆိုတာကိုက
ခေါက်ရိုးကျိုး ဘဝလေများလား။
ခေတ်တွေ စနစ်တွေ
ငါတို့နားမလည်တဲ့ဘာညာဗေဒတွေနဲ့
ခပ်ဝေးဝေးကသာနေလိုက်တော့
သေချာတာက
အချိန်တစ်ခု မှာ ငါတို့အိမ်ပြန်ကြမယ်ဆိုတာပဲ။
အနောက်ကိုလျှောက်ပါလို့ အရှေ့ကိုပဲမျှော်ရတော့မယ်
ဇူးရေ...............
ပိတောက်တွေ ခရေတွေ စိတ်ကူးလေးနဲ့
ခူးကြ ပန်ကြတာပေါ့
အခုချိန်မှာတော့ ဘဝပီသအောင်
ကိုယ့်စိတ်ကိုယ်ချိုး ရှေ့သို့ပဲရဲရဲတိုးကြရမယ်။
ဒါပေမဲ့.....
သူငယ်ချင်းရေ
ရွှေရောင်တောင်ပံနဲ့ ငါတို့အိမ်မက်တွေကို
ဘယ်လိုမျှားအစင်းစင်းနဲ့မှ ပစ်မချလိုက်ပါနဲ့
ဒို့တွေ အချိန်တန်ရင် အိမ်ပြန်ကြရမယ်လေ။
သူငယ်ချင်းရေ
မက်ဒေါနယ်နဲ့ ကိုကာကိုလာထက်
ကျစိမ့်တစ်ခွက်နဲ့ မုန်းဟင်းခါးကို
ငါတို့က ပိုချစ်တယ်...
ကမ္ဘာကျော် ဘယ်နေရာပဲဖြစ်စေ
ငါကတော့ TIME SQUARE ထက် အင်းယားကိုပိုချစ်တယ်
လွမ်းတယ်ဆိုတာ..ရင်မှာတမြေ့မြေ့လောင်တဲ့မီးတောက်ဆို
အဲ့သလို အလွမ်းတွေနဲ့
ငါရန်ကုန်ကိုလွမ်းတယ်.....
သူငယ်ချင်းရေ...
ဇူးရေ
မိုးတွေက မလိုတဲ့နေရာမှာ စွေလွန်းတယ်ဟာ
ခေတ်ကိုပဲအပြစ်တင်ရမလား စနစ်ကိုပဲအပြစ်တင်ရမလား
ဘဝဒိုင်သူကြီးရဲ့ ပွဲပီးခရာသံကိုပဲ
နားတစွင့်စွင့်နေလိုက်တော့တယ်။
အရုဏ်တစ်ခါလင်းတိုင်း
မှတ်မှတ်ရရရွတ်ဆို......
အချိန်တစ်ခုမှာ ငါတို့အိမ်ပြန်ကြရမယ်။
သူငယ်ချင်းရေ
"လဲနေသူထူပေးပါ အားငယ်သူအားပေးပါ"
ငါတို့ရင်နှီးခဲ့သမျှ စာသားတွေက
တချို့နေရာမှာ အသုံးချခွင့်မရရှာဘူး
အတ္တတွေ အရောင်ထူ လွန်းသကိုးကွဲ့။
နေညိုလာရင် ငါတို့မသိအောင်
ဆန္ဒတစ်ချို့တွေက အိမ်ခိုးခိုးပြန်ကြတယ်
တော်ရာမှာ ပျော်အောင်မနေနိုင်သူရဲ့
ဝဋ်နာကံနာ လို့သာဆိုကြပါစို့။
ဇူးရေ
သူငယ်ချင်းရေ
ချစ်ရေ...............
ခရီးကြမ်းမဟုတ်တဲ့ မာယာလမ်းမှာ
ငါတို့ယုံကြည်ချက်တွေ မျက်စိမလည်ကြေး
ငါတို့ ရင်မှာပျိုးထားတဲ့
အိမ်မက်တစ်ပွင့်ကို....ရှင်သန်ပါစေ
ကြီးထွားပါစေ....
ငါတို့တွေက
အချိန်တန်ရင် အိမ်ပြန်ကြရမယ်လေ...
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြရမယ်
အိမ်ပြန်ကြ....
အိမ်ပြန်...
အိမ်.........
အိမ်.......
.........................
.............................
.............................................။
နုငယ်
Source: thuriya.org
ကရင်ဈေးရောင်း
` ကရင်ဈေးရောင်း - င်ဟောင်းလောင်း`ဆိုတဲ့စကားကိုကြားဖူးကြမလားမသိဘူး။ ကရင်တွေဈေးရောင်းစားပြီ ဆိုရင် အမြတ်မထွက်တဲ့အပြင် လုံချည်ပုဆိုးတောင်ဝတ်စရာမကျန်အောင် တက်တက်ပြောင်အရှုံးပေါ် ရတဲ့အဖြစ်ကို စကားပုံ နှိုင်းထားတာပါ။ သဘောအလွန်ကောင်းပြီး ရိုးသားကြတဲ့ ကျွန်မတို့ကရင်လူမျိုးများဟာ ရောင်းဝယ်ဖေါက်ကား စီးပွါး ရှာကြတဲ့နေရာမှာတော့ အားနာတတ်ကြပြီး၊ တိကျပြတ်သားမှု မရှိကြတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြပါဘူး။
Subscribe to:
Posts (Atom)