တို့က ပုံပြင်လေးတွေ ဖတ်ရတာ ၀ါသနာပါသလို ဖတ်ပြီး ပြန်ပြောရတာလည်း ၀ါသနာပါတယ်။ ကိုယ့် ပတ်ဝန်းကျင်က ကလေးတွေကို သင်ခန်းစာပေး ပုံပြင်လေးတွေ ပြောပြောပြတတ်တော့ ဒါတွေကို အများလည်း သိအောင် post တင်လိုက်တာပါ ၊
ပုံပြင်တွေကတော့ ဘာစာအုပ် ထဲကဖြစ်ဖြစ် ဖတ်ပါတယ် ။ အခု ပြောပြောပြ နေတဲ့ ပုံပြင် အများစုကတော့ M.L.M . စံနစ်သုံး ကုမ္ပဏီ ဖြစ်တဲ့ Shine Hope Co. ရဲ့ လုပ်ငန်းသုံး စကားအလိမ္မာ များ စာအုပ်ကနေ share လုပ်ပေးထားတာပါ ။ ပုံပြင်လေးတွေ ဆက်ပြော ပြမယ်နော် ၊
( ၁၀ ) ပေါင်ချိန်စက်
တစ်ခါကတဲ့ ၊ မစ္စတာ ဘရောင်းဆိုတဲ့ လူဟာ ခရီးထွက်ဖို့ လေဆိပ်ကိုရောက်လာတယ်၊ လေဆိပ်ရဲ့ ပေါင်ချိန်စက် အရှေ့ကိုရောက်တော့၊ ပေါင်ချိန်ကြည့်ဦးမယ်လေဆိုပြီး၊ ပေါင်တက်ချိန်ပါတယ်၊ ဒီအခါမှာ ပေါင်ချိန်စက်ကြီးက
" ခင်ဗျား နာမည် မစ္စတာ ဘရောင်း ပါ၊ ခင်ဗျားရဲ့ကိုယ်အလေးချိန်ဟာ ၁၈၀ ပေါင်ပါ၊ ခင်ဗျား ဟာ ၉ နာရီလေယာဉ်နဲ့ ဘော်စတွန်ကို သွားမယ့်သူ ဖြစ်ပါတယ် " လို့ ပြောတယ်၊အဲဒီအခါမှာ မစ္စတာ ဘရောင်း က
" ဟာ - ပေါင်ချိန်စကနိုင်တဲ့ အကောင်ဘဲ ၊ ဒါကြောင့် လွယ်လွယ် လေးဘဲ မောင်းတုံး အဖြစ်ထုပေးလိုက်တယ်၊
နောက် သစ်သားတုံးကို ပန်းပုထုတော့ ဒုတိယသစ်သားတုံးက ချိန်စက်ကိုလှည့်ပတ်ကြည့်တယ်၊ ပြီးတော့ နောက်တစ်ခါ ထပ်ချိန်ပြန်တယ်၊ ဒီအခါမှာလည်း ပေါင်ချိန်စက်ကြီးက ခုနကပြောသလိုဘဲ ၊ ပြန်ပြောတယ်၊ ဒါနဲ့ မစ္စတာ ဘရောင်းဟာ မကျေနပ်ဘဲ၊ သန့်စင်ခန်းကိုသွားတယ် ၊ သူ့ရုပ်ကိုဖျက်လိုက်တယ်၊ နှုတ်ခမ်းမွေးတွေ ဘာတွေတပ်လိုက်တယ်၊ သူ့ကို ပေါင်ချိန်စက်ကြီးမမှတ်မိအောင်ပေါ့၊ ပြီးတော့ ပေါင်ချိန်စက်ပေါ် တက်ချိန်လိုက်တယ်၊ ဒီတစ်ခါမှာတော့ ၊ ပေါင်ချိန်စက်ကြီးက
"ခင်ဗျား နာမည် မစ္စတာ ဘရောင်း၊ ခင်ဗျားရဲ့ကိုယ်အလေးချိန်ကေုရင်လည်း ကိုယ် ဘာဖြစ်ချင်တာလဲ စဉ်းစားထားမှ ဖြစ်မယ်နော်၊
( ၁၂ ) ကျွမ်းကုံပြင်ကတော့ ဘာကိုပြောသလဲဆိုရင် ကိုယ်လုပ်ရမယ့်အလုပ်ကို ဦးတည်ချက်မထားဘူး၊ သံသယတွေ နဲ့ မယောင်ရာနနွင်းလူးနေရင် ရည်မှန်းချက်ပျောက်သွားနိုင်တယ်ဆိုတာပါဘဲ၊
အရေးကြီးတာက ကိုယ်ဘာလုပ်မှာလဲဆိုတာ ကိုယ်သိရမယ်ပေါ့၊ဒီလိုပါဘဲ ၊လောက ကြီးမှာ မစ္စတာ ဘရောင်းတွေအများကြီးပါ၊ ကိုယ်လည်း တစ်ခါတစ်ခါ မစ္စတာ ဘရောင်းဖြစ် သွားဖူးခဲ့ပါတယ်။
( ၁၁ ) ပန်းပု ရုပ်ထု
အခုပြောမဲ့ ပုံပြင်လေးကတော့ ၊ ဘ၀မှာ လူတွေ ဟာအောင်မြင်သူတွေကို အားကျကြတယ်၊ လွယ်လွယ်နဲ့ ရလာတယ်ဘဲ ထင်တတ်ကြတာများပါတယ်၊ တကယ်တော့ ဘယ်အရာမှ အလကားမရပါဘူး ၊ သူ့နေရာနဲ့ သူ ထိုက်သင့်တဲ့ ပေးဆပ်မှု ကိုတော့ ပြုခဲ့ရတာပါ။
ကဲ - ပြောပြတော့မယ်နော် ၊ တစ်ခါက ပန်းပုဆရာကြီးတစ်ယောက် ရှိပါသတဲ့၊ သူ့ဆီကို သစ်သားတုံး နှစ်တုံးရောက်လာတယ် ၊ သစ်သားတုံး နှစ်တုံး အနက် ပထမ သစ်သားတုံးကို ပန်းပုဆရာကြီးက ဆူး ဆောက် လက်နက်တွေ နဲ့ ပန်းပုထု တဲ့အချိန်မှာ အဲဒီသစ်သားတုံးက ရှုံ့မဲ့ ပြီး
" နာ တယ် နာတယ် တော်ပါတော့ " ဆိုပြီး ထအော်တယ် ၊ ပန်းပုဆရာ လည်း စဉ်းစားလိုက်တယ် ၊ဒီကောင် အနာ မခံ နိုင်တဲ့ အကောင်ဘဲ ၊ ဒါကြောင့် လွယ်လွယ် လေးဘဲ မောင်းတုံး အဖြစ်ထုပေးလိုက်တယ်၊
နောက် သစ်သားတုံးကို ပန်းပုထုတော့ ဒုတိယသစ်သားတုံးက နာပေမယ့် ကြိတ် မှိတ် သည်းညည်းခံတယ်၊ ဒါကြောင့် ပန်းပုဆရာကြီး က ဒုတိယသစ်သားတုံးကို ဘုရားဆင်းတုတော် ဖြစ် အောင် ထုပေးလိုက်တယ်၊ အဲ ဒီလိုနဲ့ မူလ သစ်သားတုံးနှစ်တုံးဟာ တစ်တုံးက မောင်းတုံးဖြစ်သွားပြီး နောက်တစ်တုံးက ဘုရားဆင်းတုတော်ဖြစ်သွားတယ်၊
သူတို့ဟာ ဘုရားကျောင်းတစ်ကျောင်းကိုရောက်သွားတယ် ၊ လူတွေက မောင်းတုံးကို ခေါက်ကြတယ်။ လူလာတိုင်း မောင်းတုံးက အခေါက်ခံရတော့ နာကျင်နေတာပေါ့လေ၊ သူ့မိတ်ဆွေ သစ်သားတုံးကတော့ ဘုရားဆင်းတု ဖြစ်သွားတော့ လူတွေက ဘုရားဆင်းတုတော်ကို ပူဇော်ပသ ၊ ပန်းရေ ဆီမီး ကပ် အမွေးနံ့သာတွေ နဲ့ ပက်ဖြန်းကြတယ်၊ အဲဒါကို လူလာတိုင်းအခေါက်ခံနေရတဲ့ မောင်းတုံး က သူ့သူငယ်ချင်း ကိုပြောတယ်၊
" သစ်သားချင်းအတူတူ ငါ့ကျတော့ အခေါက်ခံ ရပြီ။ မင်းကျတော့ ပူဇော်ပသ ခံရတယ် "
လို့ ငို ပြီးပြောတယ်၊ အဲဒီအခါ ဘုရားဆင်းတုတော်က မင်းကသည်းမှ မခံဘဲ လို့ ပြန်ပြောလိုက်တယ်၊
ဘ၀မှာတိုးတက်အောင်မြင် ချင်ရင် အနစ်နာ ခံရမယ်ဆိုတာ ပြတာပါ၊ သည်းညည်းခံပါ။နေရိပ်ကိုမရောက် ခင် နေပူကိုဖြတ်ရစမြဲဘဲလေ၊ သင်ကော ဘ၀အမောတွေကို သည်းခံတတ်ပါသလား။ ပညာ ရှာနေတဲ့ ကျောင်းသားတွေ ဆိုရင်လည်း ကိုယ် ဘာဖြစ်ချင်တာလဲ စဉ်းစားထားမှ ဖြစ်မယ်နော်၊
( ၁၂ ) ကျွမ်းကျင်မှု ရဲ့ တန်ဖိုး
ဂျပန် မှာ အလွန်နာမည်ကြီးတဲ့ စက်ပစ္စည်း ထုတ်လုပ်တဲ့ စက် ရုံတစ်ရုံ ရှိပါတယ်၊ အဲဒီ စက်ရုံမှာ အသက်ကြီး သွားလို့ ပင်စင်ယူတော့မယ့် အလုပ်သမားကြီးတစ်ယောက်ရှိပါတယ်၊ အဲဒီအလုပ်သမားကြီးက စက်ပစ္စည်း တိုလီမုတ်စ လေးတွေကို တပ်ဆင်ရတဲ့ သူဖြစ်ပါတယ်။ ဒီအလုပ်သမားကြီးက စက်ပစ္စည်းအသေးလေးတွေ ကို ကိုင်တွယ် ရသူဖြစ်ပေမယ့် ၊ စက်ရုံ တစ်ရုံ လုံးမှာ ရှိတဲ့ စက် ကရိယာ အားလုံး ကို နားလည်ကျွမ်းကျင်သူ ပါ။ လုပ်သက်ကလည်း ရင့် ၀ါသနာနဲ့ စူးစူးစိုက်စိုက် လုပ်တတ်သူ ဖြစ်လို့ ပညာရည်ပြည့်ဝ တဲ့ အလုပ်သမား ကြီးတစ်ယောက်ပေါ့၊
ဒီအလုပ်သမားကြီး ပင်စင်ယူပြီး အလုပ်နားသွားတဲ့နောက်မှာ ၊ သူလုပ်ခဲ့တဲ့ စက်ရုံက စက်နဲ့ပတ်သက်ပြီး ပြဿနာရင်ဆိုင်ရပါတယ်၊ ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့ အဆုံးမှာ စက်လည်ပတ်မှုလည်း ရပ်ဆိုင်းသွားပါတယ်၊ စက်ရုံမှာ ကျွမ်းကျင်လုပ်သား မရှိတော့ ဒီပြဿ နာကို မရှင်းတတ်ဖူးလေ၊ ဘယ်နေရာ ကမှားပြီး ဘာပျက်သွားတယ်ဆိုတာ လက်ရှိ အင်ဂျင်နီယာတွေက စစ်ဆေးပေမယ့် အဖြေရှာ မရကြဘူး၊ စက်ရုံ ကတာဝန်ရှိတဲ့သူတွေ လည်း ဥနှောက်ခြောက်ကုန်ကြတာပေါ့၊ အဲဒီ အချိန်မှာ သူတို့ ဟာ သူတို့စက်ရုံက ပင်စင်ယူသွားတဲ့ ကျွမ်းကျင်အလုပ်သမားကြီးကို သတိရလိုက်ကြတယ် ။ဟုတ်ပြီ ။သူက ဒီစက်ရုံမှာ သက်ပြည့် တာဝန်ထမ်းဆောင်ဘူးတော့ စက်တွေ နဲ့သူက ရင်းနှီးနေပြီ ၊ သူသာဆိုရင် သိမှာဘဲ ဆိုပြီး ၊ သူ့ကို စက်ရုံ အခြေအနေ လာစစ်ဆေးပေးဖို့ တာဝန်ရှိသူတွေက သွားပြောပြီး အကူအညီတောင်းကြပါတယ်၊
သူက စက်ရုံကိုရောက်လို့ စစ်ဆေး ပေးလိုက်တဲ့အခါ သူ့ပညာရဲ့ အတွေ့အကြုံအရ ဘယ်နေရာ မှာ ဘာချွတ်ယွင်းနေတယ်ဆိုတာ သူသိသွားတယ် ၊ ဒါနဲ့ သူက မြေဖြူ တစ်ခု ယူပြီး ၊ လိုအပ်တဲ့ နေရာကို မြေဖြူနဲ့ ကွင်း ပြလိုက်တယ်၊ သူပြတဲ့ နေရာကို ပြု ပြင်လိုက်တဲ့အခါ ၊ စက်တွေ က ပုံမှန်အတိုင်း ကောင်းကောင်းပြန်လည်ပတ်သွားကြတယ်၊ အားလုံး ၀မ်းမြောက် ၀မ်းသာ ကျေနပ်ပျော်ရွှင် သွားကြတာပေါ့၊
ဒီလိုနဲ့ တစ်ပတ်ကြာတဲ့ အခါ မှာ ၊ အဲဒီကုမ္ပဏီ ဆီကို တစ်သိန်းကျတဲ့ ငွေ တောင်းခံလွှာတစ်ခုရောက်လာပါတယ်၊ အငြိမ်းစားပင်စင်ယူသွားတဲ့ အလုပ်သမား ကြီး မှ စက်ပစ္စည်း စစ်ဆေးခ နဲ့ ပတ်သက်ပြီး ငွေတောင်းခံစာပါ။ ကြီးကြပ်သူက ငွေတောင်းခံလွှာကိုဖတ်ပြီး ၊
ဟ- သူ စက်ရုံကို လာစစ်ဆေးသွားတာ အလုပ်ချိန် မိနစ်ပိုင်းလောက်ဘဲ ရှိတယ်၊ ငွေ ယန်းတစ်သိန်းတောင် ယူရလားဆိုပြီး မကျေမနပ် ရေ ရွတ်နေပါတယ်၊ ဒါနဲ့  ဘာကြောင့် ငွေ ယန်းတစ်သိန်းတောင်းခံ ရသလဲဆိုတာ တစ်သိန်းနဲ့ တန်တဲ့ လုပ်ဆောင်ချက် အသေးစိတ်ကို ပြန်အစီရင်ခံ ပါဆိုပြီး စာပြန်လိုက်ပါတယ်၊
ငွေ ရှင်းတန်း ပြန်ရောက်လာပါတယ်၊
(၁) မြေဖြူ ခဲ တစ်ခဲ ရဲ့ တန်ဖိုး = ၁ ယန်း
(၂ ) နှစ်ပေါင်း ၃၀ အတွေ့အကြုံ မှရတဲ့ တတ်ကျွမ်းမှု နဲ့ အသိပညာရဲ့ တန်ဖိုး = ၉၉, ၉၉ ၉ ယန်း
စုစုပေါင်း = ၁၀၀, ၀၀၀ ယန်း
ဒီပုံပြင်လေး ရဲ့ သင်ခန်းစာကတော့ - ကျွမ်းကျင်သူဖြစ်အောင် နှစ်ပေါင်းများစွာ လေ့ကျင့် ရပါတယ်၊အတွေ့ အကြုံတွေ ရင့်ကျက် ရပါတယ်၊ နှစ်ပေါင်းများစွာ လေ့ကျင့် အပင်ပန်းခံ သင်ယူတတ်မြောက်ခဲ့ တဲ့ ကျွမ်းကျင်မှု ပညာတန်ဖိုး ဟာ အဖိုးမဖြတ်နိုင်ပါဘူး ဆိုတာပါဘဲ။
Myanmar network မှကူးယူးဖော်ပြသည်။ စာရေးသူအမည်ကို မသိရပါ။
Read more: Fables -4 - Myanmar Network http://www.myanmar-network.net/forum/topics/fables-4#ixzz1g6LvDWTF
အရမ်းကောင်းတဲ့ ပညာပေး ပုံပြင်လေးတွေဖြစ်လို share ပါရစေနော်။ (၃) ပုဒ်လုံးအရမ်းကောင်း ပါတယ်။
ReplyDelete