ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ဖော်ပြချက်အရ ဒီနေ့ရင်ဆိုင်နေရတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာများအနက် ဆေးလိပ်ဟာအရေးကြီး ဆုံးဖြစ်နေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှစ်စဉ်လူ(၅)သန်းကျော်သေဆုံးနေပြီး (၆)စက္ကန့်တိုင်းမှာလူတစ်ဦးသေဆုံးနေရပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သူများနဲ့အတူအနီးကပ်နေထိုင်သူများ နှစ်စဉ်လူဦးရေ(၅)သိန်းထက်မကသေဆုံးနေတာကြောင့် ဆေးလိပ်ဟာနှစ်စဉ် စုစုပေါင်းလူဦးရေ (၆)သိန်းနီးပါးကို သေစေပါတယ်။ ဒီပြဿနာကို
Welcome!
ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....
Thursday, 25 August 2011
မုဒိတာ ဗီတာမင်
ဗြဟ္မစိုရ်တရားလေးပါးကို ဗီတာမင်အားဆေးအဖြစ်မှီဝဲကြဖို့တိုက်တွန်းထားတဲ့ ဆရာချစ်ဦးညိုရဲ့ဆောင်းပါးကိုအလွန် သဘောကျမိပါတယ်။ ကျွန်မတို့တွေအမိမြေနဲ့ဝေးတဲ့အရပ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနေနိုင်ဖို့တော့ ဗြဟ္မစိုရ် အားဆေးလေး များမှီဝဲပြီး နှလုံးသားမှာတရားကိန်းနေဖို့လိုပါတယ်။ နေ့စဉ်စားသုံးတဲ့အာဟာရမှာ ဗီတာမင်တစ်မျိုး ချို.တဲ့နေရင် ကျန်းမာရေးထိခိုက်တတ်သလိုပဲ မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးမှာ တစ်ပါး ချို.တဲ့နေရင် ကျွန်မတို့ရဲ.အတွင်းသဏ္ဍန်မှာအေးငြိမ်းမှုမရနိုင်တဲ့အတွက် ဓါတ်ကြီးလေးပါးဖေါက်ပြန်လာပြီး အနာ ရောဂါထူပြောတတ်ပါတယ်။
တာဝန်ကိုယ်စီ သိကြရင်ဖြင့်
လယ်ယာစိုက်ပျိုးရေးနဲ. ဆန်စပါးကုန်သွယ်ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ကျွန်မတို.ဧရာဝတီတိုင်းမှာ စိုက်ပျိုးရေးမန်နေဂျာများ၊ ဆန်ကုန်သယ်ပဲကုန်သယ်များချမ်းသာကြပါတယ်။ ဒါပေမဲ့ မြစ်ကြီးမြစ်ငယ်အသွယ်စီးဆင်းလို့ လယ်ယာမြေပေါတဲ့ကျွန်မတို့ဒေသက အခြေခံလူတန်းစားတွေရဲ့ ပညာရေး၊ကျန်းမာရေးနဲ့ လူမှုရေးစီးပွါးရေးအခြေအနေတွေကတော့ တနေ့တခြားဆုတ်ယုတ်လို့သာလာပါ တယ်။
ကျွန်မဘ၀ရဲ့ ပဲ့ကိုင်ရှင်
လူအများစု ရဲ့အဓိက ပဲ့ကိုင်ရှင် ကတော့ အမေ သို.မဟုတ် အဖေ ဖြစ်ကြမှာပါ။ ကျွန်မဘ၀ကို ကိုယ်တိုင်ရပ်တည်နိုင်ပြီး လောကဓံ အမျိုးမျိုးကိုရင်ဆိုင်ရဲအောင်ပဲ့ကိုင်ပေးခဲ့သူကတော့ အမေပါဘဲ။
တောရွာမှာကြီးပြင်းပြီး တောရွာမှာ ဘ၀နိဂုံးချုပ်ခဲ့ရတဲ့ အမေဟာခေတ်ပညာ မတတ်ပေမဲ့ လုံ့ဝီရိယနဲ့ တွေးခေါ်မြော်မြင်မှု မှာတော့ ခေတ်ပညာတတ်များထက် မနိမ့်ကျခဲ့ပါဘူး။ စနေသမီးဖြစ်တဲ့အမေဟာ ထက်မြက် ပြီးပါးနပ်သလို စိတ်လည်းကြီးပါတယ်။ ဒါကြောင့်ကျွန်မတို့ မောင်နှမတွေအားလုံး အမေ့ကိုကြောက်ကြရ ပါတယ်။
ရှေးဆန်တဲ့အမေဟာ ကျွန်မတို့ကို ရှေးမြန်မာလူကြီးများရဲ့ စည်းစနစ်အတိုင်း ထိန်းကျောင်းခဲ့ပါတယ်။ မနက်စာအဆာပြေ အဖြစ်ထမင်းကျန်ကို ငါးပိကြော် သို့မဟုတ် ငံပြာရည်ကြော်နဲ့ စားစေပြီး နေ့လည်စာနဲ့ညနေစာကိုတော့ သင့်တင့်မျှတ တဲ့ဟင်းလျာနဲ့ စားစေပါတယ်။ မူလတန်းကျောင်းတက်ချိန်အထိကျွန်မတို့ သားရေစာ မစား တတ်ခဲ့ပါဘူး။ သူများကလေး တွေလိုမုန့်သယ်လာရင် မပူဆာရဲခဲ့ပါဘူး။ (၁၉၈၄)မှာ ကျွန်မ သူငယ်တန်းစတက်တော့ နေ့လည်စာထမင်းဘူးထုတ်ပေးပြီးမုန်. ဖိုးတစ်မတ်ရတာကြောင့် ကျောင်းကရောင်းတဲ့ သားရစာတွေကို စားတတ်သွားပါတယ်။
ခြိုးခြံချွေတာတတ်တဲ့ အမေဟာ အကြီးမတော်တဲ့ အ၀တ်ကိုအငယ်က ၀တ်စေတာကြောင်. အငယ်ဖြစ်တဲ့ကျွန်မမှာ ပျိုဘော် ၀င်ချိန်ထိ အ၀တ်အသစ်မရှိခဲ့ပါဘူး။ နှစ်စဉ်ပညာရည်ချွန်ဆုပေးပွဲမှာ ဆုယူဖို.အတွက်ကျောင်းဝတ်စုံအသစ်ကို ချုပ်ခမကုန် အောင် အမေကကိုယ်တိုင် ချုပ်ပေးပါတယ်။ ငယ်ငယ်ကအမေ့စနစ်ကို ဘ၀င်မကျခဲ့ပေမဲ့ ဒီကျေးဇူးတွေကြောင့်သာ လယ် သမားကျွန်မ တို.အဖေရဲ့ချွေးနဲစာတွေဟာ ကျွန်မတို.ေ မာင်နှမတွေအတွက် ပညာသင်စရိတ်ဖြစ်လာခဲ့ ရတာပါ။
လာတ်မြင်တတ်တဲ့အမေဟာ ငွေ ရွှင်တဲ့အချိန်မှာ အာလူး၊ကြက်သွန်၊ဆပ်ပြာစတဲ့ စားသောက်ကုန်နဲ. အိမ်သုံးကုန်တွေကို ဈေးသက်သာတဲ့ ဖေါက်သယ်ဆိုင်တွေမှာ တစ်လစာနှစ်လစာ ၀ယ်ထားတတ်ပါတယ်။ ဆန်၊ဆီ၊ငရုတ်သီးစတဲ့ သိုလှောင်ကုန် တွေကိုနွေရာသီမှာ တစ်နှစ်စာဝယ်ထားပြီး စနစ်တကျသိမ်းလှောင်ထား ပါတယ်။ ဈေးတက်တဲ့မိုးရာသီမှာ ပိုလျှံတဲ့လှောင် ကုန်အချို.ကို ပြန်ရောင်းနိုင်တာကြောင့် မီးဖိုချောင်စရိတ်ပြန်ရ ပါသေးတယ်။ ငါးကိုအဓိက အားထားပြီးစားသုံးတဲ့ ကျွန်မ တို. ရွာမှာ ငါးဈေးပေါပြီဆိုရင် အမေကအများကြီးဝယ်ပြီး ငါးဆားနယ်၊ငါးပိ၊ငါးခြောက်၊ငံပြာရည် စုံအောင်လုပ်ထား တတ်ပါတယ်။ငါးဈေးကြီးတဲ့အချိန်မှာတော့ ငါးခြောက်နဲ.ပဲကိုစားပါတယ်။ ဖရဲသီး၊သရက်သီး စတဲ့ရာသီပေါ်သီးနှံတွေကို လှိုင်လှိုင်ပေါ်တဲ့ အချိန်ရောက်မှဈေးဈေးပေါပေါနဲ. ၀ယ်ကျွေးပါတယ်။ ပေါ်ဦးပေါ်ဖျား ဈေးကြီးတဲ့သီးနှံတွေကို အမေ၀ယ်မကျွေးပါဘူး။
သားသမီးငါးယောက်နဲ. ခင်ပွန်းဝေယျာဝေစ္စတွေကို အကူမပါမရှိဘဲ တစ်ယောက်ထဲလုပ်ရတဲ့ အမေဟာ နေ၀င်မိုးချုပ်မနားခဲ့ရ ပါဘူး။ မအားလပ်တဲ့ကြားက အမေဟာ အိမ်နောက်ဖေး ဈေးဆိုင်တည်ပါသေးတယ်။ ကျွန်မတို.ခြံထဲမှာ ချဉ်ပေါင်၊ ပင်စိမ်း၊ ဒန်.သလွန်စတဲ့ ဟင်းရွက်မျိုးစုံ အဆင်သင့်ခူးယူ ချက်စားနိုင်ပါတယ်။ အိမ်စားဖို.ထက်ပိုလျှံတဲ့အခါ ကျွန်မတို.ကိုရွာထဲလှည့် ရောင်းစေပါတယ်။ ရတဲ့ငွေကိုစုထားစေတာကြောင့် ဈေးရောင်းရတာ ကျွန်မပျော်ပါတယ်။
အမြော်အမြင်ကြီးတဲ့အမေဟာ တာဝန်သိတတ်ပြီး ကိုယ့်အားကိုယ်ကိုးစိတ်ရှိအောင် ကျွန်မတို.ကိုငယ်စဉ်ကတည်းကလေ့ ကျင့်ပေးခဲ့ပါတယ်။ ရေသယ်၊ ထမင်းချက်၊ အ၀တ်လျှော်စတဲ့ အိမ်အလုပ်တွေကို အရွယ်နဲ.လျော်ညီအောင်ခိုင်းပါတယ်။ ငယ်ငယ်ကအလုပ်ပျင်းတဲ့ ကျွန်မဟာ အမေခိုင်းတာကို မလုပ်ချင်ခဲ့ပါဘူး။ မငြင်းရဲတော့ခိုင်းတာလုပ်ခဲ့ရပြီး အရွယ်ရောက်တဲ့ အချိန်မှာ ကျွန်မအတွက် အလုပ်လုပ်ရတာကျင့်သားရပြီး အလုပ်ကိုတန်ဖိုးထား တတ်လာပါတယ်။
ရိုးရှင်းတဲ့အမေဟာ အပျော်အပါး ပွဲလမ်းသဘင်တွေကို မနှစ်သက်တတ်တာကြောင့်ကျွန်မတို.ကိုလည်း ပျော်ပါးသွားလာတာ အားမပေးခဲ့ပါဘူး။ ဒါပေမဲ့ ရပ်ရေးရွာရေး လူမှုရေးကိစ္စတွမှာ ကူညီပေးရင်တော့ အစအဆုံးလက်စသတ်အောင် ဆောင်ရွက် ပေးဖို. အမြဲသွန်သင်ပါတယ်။ အပေါ်ယံနှမ်းဖြူးတာမျိုး၊ နေရာတကာ လူတွင်ကျယ်လုပ်တာမျိုး အမေမနှစ်သက်ပါဘူး။ အပြိုင် အဆိုင် ကြွားဝါတတ်တဲ့အကျင့်ကို အမေမကြိုက်တဲ့အတွက် ကျွန်မတို.ငယ်ငယ်က စာမေးပွဲအမှတ်ကလွဲပြီး ကျန်တာတွေ ပြိုင်ရကောင်းမှန်းမသိခဲ့ပါဘူး။ ဘုန်းကြီးကျောင်းမှာ စာသင်ခဲ့ရတဲ့အမေဟာ ကျွန်မတို.ကို ဆိုဆုံးမရလွယ်ပြီး အောက်သက် ကျေအောင် လေ့ကျင့်ပေးခဲ.ပါတယ်။ အမေ့အရိပ်အောက်မှာ ဆယ်တန်းအောင်တဲ့ထိနေခဲ့ပြီး သူနာပြုတက္ကသိုလ်တက်တော့ အဆောင်စည်းကမ်းတွေဟာ ကျွန်မအတွက် တင်းကြပ်မနေပါဘူး။
ဗုဒ္ဓဘာသာ အမျိုးကောင်းသမီးဖြစ်တဲ့ အမေဟာ ကိုယ်ကျင့်တရားကို ကိုယ်တိုင်က ကောင်းအောင်စောင့်ထိန်းပြီး ကျွန်မတို. အတွက် စံနမူနာကောင်းဖြစ်အောင် နေပြသွားခဲ့ပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ. သူတပါး ဇနီးခင်ပွန်းနှင့်ရှုပ်ပွေခြင်း မျိုးကို အမေမနှစ်မြို.ဆုံးပါ။ လျပ်ပေါ်လျော်လီတာမျိုး အမေမကြိုက်တဲ့အတွက်ကျွန်မတို. ဣနြေ္ဒသိက္ခာနဲ. နေတတ်ခဲ့ပါတယ်။ ငွေကြေးနဲ. ဓနဥစ္စာအတွက် ကိုယ်ကျင့်သိက္ခာကို ထိခိုက်မခံစေတဲ့အမေကြောင့် ကျွန်မတို.ဆင်းရဲခဲ့ပေမဲ့ မသိမ်ငယ်ခဲ့ရပါဘူး။ တကယ့်လက်တွေ.ဘ၀မှာ ခါးသီးတဲ့လောကဓံကို အမျိုးမျိုးကိုရင်ဆိုင်ခဲ့ရပေမဲ့ မိမိကိုယ်ကိုကောင်းစွာ ဆောက်တည်နိုင်ခဲ့တာ ဟာ ပဲ့ကိုင်ကောင်းတဲ့ အမေ့ကျေးဇူးတွေကြောင့်ပါ။
သဒ္ဓါတရား ပြည့်ဝတဲ့အမေဟာ နည်းများမဆိုလှူးဒါန်းတတ်တဲ့ အကျင့်ကောင်းကိုလည်း မျိုးစေ့ချပေးခဲ့ပါတယ်။ အရင်ဘ၀ ကအလှူဒါနနည်းခဲ့လို. ဒီဘ၀ ဆင်းရဲပင်ပန်းရတာလို. နှလုံးသွင်းထားတဲ့အမေဟာ တတ်နိုင်သမျှ ဒါနပြုပါတယ်။ အမေ ဟာမနက်တိုင်း ကျွန်မတို.ကျောင်းထမင်းချိုင့်အမှီ၊ သံဃာတော်များ ဆွမ်းခံကြွချိန်မှီအောင် ထမင်းဟင်းပြီးအောင် ချက်ပါတယ်။ ဆွမ်းအလှည့်ကျတိုင်း အမေမပျက်ကွက်ခဲ့သလို၊ သီတင်းကျွတ် တန်ဆောင်တိုင်ပွဲမျိုးတွေမှာ ဆွမ်းဖိတ်ရင်အမေက အားတက်သရောချက်ပြီး ကျွန်မတို.ညီအစ်မကို ဆွမ်းပို.စေပါတယ်။ ပွဲတော်ရက်တွေမှာ ငွေကြေးချောင်လည်ရင် မုန်.ဆီ ကြော်၊မုန်.ကျွဲသဲ၊ မုန့်ဆိတ်ချေးစတဲ့မုန်.မျိုးစုံကို တစ်ရွာလုံးစားဖို.လုပ်ပါတယ်။ ကျွန်မတို. ထက်နွမ်းပါးသူများနဲ. ဆွေမျိုး ညီအစ်ကို မောင်နှမများအပေါ်လည်း ဆန်၊ဆီ၊ငွေကြေးစသဖြင့် တတ်နိုင်သလောက် အမေပေးကမ်းပါတယ်။ ကျွေးမွေး ရက်ရောတတ်တဲ့ အမေကြောင့် ကျွန်မတို.အိမ်ကျဉ်းကျဉ်းမှာ ဧည့်သည်များနဲ. အမြဲလိုစည်းကားခဲ့ပါတယ်။ ကျွန်မတို. မောင်နှမတွေကလည်း ဧည့်သည်လာရင်ပျော် နေတတ်ပြီး ဆွေမျိုးအသိုင်းအ၀ိုင်းနဲ. သိုက်သိုက်ဝန်းဝန်း နေတတ်ခဲ့ပါတယ်။
ခုချိန်မှာတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အမေ့အကြောင်းပြန်စဉ်းစားပြီး တခါတလေကျွန်မ လွမ်းမိပါတယ်။ တကယ်တော့အမေ နှလုံးသွင်းခဲ့တဲ့ မြတ်ဗုဒ္ဓရဲ.အဆုံးအမ တရားတော်တွေနဲ. အမေကျင့်သုံးခဲ့တဲ့ ရှေးမြန်မာလူကြီးများရဲ့ စည်းကမ်းစနစ်တွေဟာ ဒီနေ. နည်းပညာခေတ် အင်တာနက်ခေတ်မှာဆက်ပြီး လိုက်နာကျင့်သုံးနိုင်ရင် မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နဲ. လူသား အားလုံးအတွက် အကျိုးကျေးဇူးများလှပါတယ်။ ကျွန်မတို.မြန်မာပြည်ကြီးကို ဘက်ပေါင်းစုံကနေ ပြန်လည်ပြုပြင်တည်ဆောက် ကြတဲ့အခါမှာ ရှေးထုံးအချို.ကို ပြန်ယူကြဖို.လည်းလိုတယ်လို. ထင်မြင်မိပါတယ်။
ရွှင်လန်းချမ်းမြေ.ကြပါစေ
စံပယ်ဖြူ
Subscribe to:
Posts (Atom)