စရန်ဘန်း
(Seremban) မြို့က မာဝါကျောက်ကပ်ဆေးသောဌာန (Mawar Haemodialysis Center) မှာလုပ်ခဲ့တုန်းက
အတွေ့အကြုံ တချို့ကို ရေးသားဖော်ပြလိုပါတယ်။ ကျောက်ရောဂါ လူနာတွေအကြောင်း လည်းသိရ၊
မိမိတို့ရဲ့ ကျောက်ကပ်ကို ရောဂါမရအောင် ကာကွယ်ဖို့လည်း သတိရသွားစေဖို့ပါ။ မလေးရှားကို
ပထမအကြိမ်လာတော့ စရန်ဘန်း မှာ (၂)နှစ်လုပ်ခဲ့ပါတယ်။ ပျော်ခဲ့သလားလို့မေးရင်တော့ ချိုသောခါးသော
အတွေ့အကြုံများနဲ့အတူ ဘ၀ပေး အသိတချို့ ရလိုက်တယ်လို့ ဖြေချင်ပါတယ်။
ပုံမှန်အားဖြင့်
လူတိုင်းမှာ ကျောက်ကပ်(၂)ခု ရှိတယ်ဆိုတာ သိကြမှာပါ။ ကျောက်ကပ်တစ်လုံး မကောင်းရင် ကျန်တဲ့တစ်လုံးနဲ့
အသက်ရှင်နိုင်ပါတယ်။ (၂)ခုလုံး ပျက်စီးသွားရင်တော့ ကျောက်ကပ်အစားထိုးခြင်း သို့မဟုတ်
ကျောက်ကပ်ဆေးခြင်း (Dialysis) ဖြင့်သာ အသက်ရှင်နိုင်ပါတယ်။ ကျောက်ကပ်အစားထိုးဖို့ ဆိုတာအလှူရှင်ရှိဖို့လိုပြီး၊
ငွေကုန်များတာကြောင့် လူနာအများစုဟာ တစ်ပတ်ကို(၃)ကြိမ် ကျောက်ကပ် ဆေးပြီး အသက်ရှင်နေကြရပါတယ်။
မြန်မာပြည်မှာတော့ အပြင်ဆေးခန်းမှာ ကျောက်ကပ်တခါဆေးရင် ကျပ် ၅၀၀၀၀ (၂၀၀၇ခုနှစ်တုန်းကပါ)၊
တပတ် (၃)ကြိမ်ဆိုရင် တစ်သိန်းခွဲ၊ တစ်လကို ၆သိန်း၊ အခြားစရိတ် တွေနဲ့ပေါင်းလိုက်ရင်
၇သိန်း ၈သိန်းလောက် လစဉ်ကုန်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ချမ်းသာတဲ့ကျောက် ကပ်ရောဂါသည်တွေပဲ
အသက်ရှင်ဖို့အခွင့်အရေး ရှိကြပါတယ်။ပိုက်ဆံမရှိရင်တော့ နောက်ဆုံးအချိန်ကို စောင့်နေရုံပဲရှိပါတယ်။
အစိုးရဆေးရုံကြီးတွေမှာ ကျောက်ကပ်ဆေးရင် စရိတ်သက်သာပေမဲ့ စက်အရေ အတွက်လုံလောက်အောင်
မရှိပါဘူး။ ကျောက်ကပ်ဆေးဖို့ မတတ်နိုင်တဲ့အတွက် ဝေဒနာကို အလူးအလဲ ခံရင်း.....