Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Sunday 7 October 2012

မာနနှင့်အပြိုင်


လောကမှာ အချစ်မရှိရင် နေလို့ရပေမဲ့ ရေမရှိရင်တော့ နေလို့မရဘူး”
နီလာတယောက် မကျေမနပ်နဲ့ ရေရွတ်နေပြီ။ ဒီနေ့ အဆောင်မှာ ရေပျက်လို့ တဆာင်လုံး စိတ်ညစ်နေကြ တယ်။ စနေကျောင်းပိတ်ရက်မို့ တော်ပါသေးဧ။်။ ရည်းစားနဲ့ ချိန်းထားသူတွေတော့ အပြင်ထွက်ခါနီး ရေမချိုးရလို့ တော်တော်ဒှုက္ခရောက် ကြသည်။
ကျောင်းပိတ်ရက်မှာ လျှော်ဖို့စုထားတဲ့ အ၀တ်တွေတော့ ပုပ်စော်နံနေပြီ။ အိမ်သာတွေလည်း ရေမသုံးရတော့ တော်တော် အနံ့ထွက်နေတယ်။ အဆောင်မှူး မအီကတော့ ပြောပါတယ်။ တရက်ထဲပျက်မှာပါတဲ့။ အဆောင်သူတွေ စိတ်ညစ်ညစ်နဲ့ လူစုပြီး စကားဝိုင်းဖွဲ့ နေကြလေသည်။
“သယ်ရင်းတို့သိလား.. မနေ့ကတွေ့ခဲ့တဲ့ ကိုလူချောက သင်္ချာမေဂျာက ကင်းတဲ့”
“ဟုတ်လား တော်တော်ဖြောင့် တာနော်
မိန်းကလေးတွေ ဆုံကြပြီဆိုရင် ယောက်ျားတွေအကြောင်းနဲ့ အချစ်အကြောင်း ပြောတတ်ကြတာ သဘာဝပါ။ ဘယ်ငတိကတောဖြင့် ဘယ်လို၊ ကိုအ၀ှာက ဘယ်လိုကြောင်တယ် စသဖြင့်စုံလို့။ ချစ်ဖူးသူတွေက အချစ် အကြောင်းပြောပြတဲ့အခါ အချစ်ကို စူးစမ်းချင်သူတွေက စိတ်ဝင်တစား နားထောင်ကြဧ။်။

နီလာကတော့ တစ်မျိုး...
“ငါကတော့ အချစ်ဆိုတာကို အယုံအကြည်မရှိဘူး။ အချိန်တန်ရင် လူကြီးတွေက သင့်တော်သူနဲ့ ပေးစားရင် ယူမယ်”
နီလာပြောတာကို ကျန်တဲ့သူငယ်ချင်းတွေက သဘောမကျပါ။ အချစ်ရေး အိမ်ထောင်ရေးမှာ မိမိချစ်မြတ်နိုးသူကို လွတ်လပ်စွာ ရွေးချယ်သင့်တယ်လို့ ယူဆကြသည်။
ခင်မြန်မာကတော့ တစ်ပွင့်ပန်းကို ပန်ချင်ပါသည်။ နှစ်နှစ်ကာကာ ချစ်ရတဲ့သူကို ရာသက်ပန်လက်တွဲပြီး သစ္စာရှိရှိ ချစ်ချင်ပါသည်။ လူတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု သဘာဝအရ အသက် ၂၀ကျော် ၃၀အရွယ်မှာ ချစ်သူရည်းစား ရှိလာကြပြီး၊ ဘ၀အဖော်အဖြစ် အေးအတူပူအမျှ လက်တွဲစုံဖက်ချင် ကြသည်။ ပုထုဇဉ်မှန်ရင် ဒီသဘာဝကို မလွန်ဆန်နိုင် ကြပါ။
“ယောက်ျားတွေ ယောကျားတွေ အိုင်တွေ့ရင် ချေဆေးချင်ကြတယ်။”
ရောက်တတ်ရာရာတွေ ပြောကြရင်း ဥမ္မာတယောက် မဟုတ်တာတွေ ပြောနေပြီ။
“ ငါ့အဒေါ်လေးက ပြောဖူးတယ်။ ဘုန်းကြီးနဲ့ အခြောက်တွေကလွဲရင် ယောက်ျားတွေ အကုန်းလုံ နှာဗူးတွေချည်းပဲတဲ့ ”
ယောက်ျားတွေ အားလုံးကို အဲဒီလို မစွပ်စွဲသင့်ပါ။ သမာဓိရှိပြီး တည်ကြည်တဲ့ ယောက်ျားများလည်း ရှိပါသည်။ အဆောင်မှူး မအီရဲ့ရည်းစား စာရေးဆရာဆိုရင် လူငယ်တွေအတွက် စံပြယောက်ျားတစ်ဦး      ဖြစ်ပေသည်။ ယဉ်ကျေးသည်။  မအီကို တန်ဖိုးထားလေးစားသည်။ မြတ်နိုးကြင်နာသည်။
ဥမ္မာက သူ့အဒေါ် ပြောတဲ့အကြောင်းတွေကို ဆက်ပြောပြသည်။
“အိမ်ထောင်မရှိသေးတဲ့ ယောက်ျားတွေထက် အိမ်ထောင်သယ် ယောက်ျားတွေကို ပိုသတိထား ရမယ်တဲ့”
ကြည်ပြာက ချက်ချင်းထောက်ခံ လိုက်သည်။

“သိပ်မှန်တာပေါ့။ အိမ်ထောင်မရှိသေးတဲ့ ယောက်ျားတွေက သူတို့ရဲ့ လူပျိုဂုဏ်သိက္ခာကို ထိန်းကြတယ်။ အိမ်ထောင်သယ် ယောက်ျားတွေတချို့က သိက္ခာမထိန်းကြဘူး။ ပြီးတော့ မိန်းမ ကျန်းကျေ ကြတယ်”
မှန်ပါဧ။်။ တချို့ အသက်ကြီးပိုင်း အိမ်ထောင်သယ် ယောက်ျားတွေ သူတို့သမီး အရွယ်၊ တူမအရွယ်တွေကို နည်းနည်းလေးမှ အားမနာ။ ရမလားလို့ စမ်းချင်ကြတယ်။ ခုခေတ် အိမ်ထောင်သယ် အမျိုးသမီးတွေလည်း သူတို့ ယောက်ျားတွေကို ပညာစုံသုံးပြီး ထိန်းနေရတာ စိတ်ကုန် စရာတော့ ကောင်းသား။
အချစ်ဆရာမကြီး စကားဝါကတော့ ယောက်ျားတွေ ကြင်နာတတ်ကြတယ်လို့ အယူခံဝင်လိုက်သည်။
“မကောင်းတဲ့ ယောက်ျားတွေရှိသလို တကယ်ချစ်တတ် ကြင်နာတတ်ပြီး သစ္စာရှိတဲ့ ယောက်ျားတွေလည်း ရှိပါတယ်ကွာ”
“ငါတို့မိန်းမတွေဆီမှာ သူတို့နှစ်သက်မြတ်နိုးတဲ့ နူ စိတ်အလှတွေ၊ ရွှေပေးဝယ် မရတဲ့ နြေ္ဒသိက္ခာတွေ ရှိဖို့လိုတာပေါ့”
စကားဝါပြောတာကို ခင်မြန်မာ စိတ်ထဲမချင့်မရဲ ဖြစ်မိပါသည်။ စိတ်ထားလှပြီး နြေ္ဒသိက္ခာရှိတဲ့ မိန်းကလေး အချို့လည်း အသဲကွဲရ သစ္စာဖောက်ခံရတာတွေ ရှိတာပဲ။ ယောက်ျားတွေကို ခင်မြန်မာ နားမလည်တတ် သေးပါ။
ဥမ္မာက ခင်မြန်မာကို မေးခွန်းထုတ်လာပြီ။
“ ခင်မြန်မာ နင်ရောအချစ်ဆိုတာကို ဘယ်လိုသဘောရလဲ”
 “ငါလား တကယ့် အချစ်စစ်အချစ်မှန်နဲ့ တွေ့ချင်တယ်။ ငါ့နှလုံးသားက ဦးဦးဖျားဖျား ပွင့်လန်းလာတဲ့ မေတ္တာစစ်တစ်ခုကို တစ်ယောက်ထဲကိုပဲ တသက်တာ အပ်နှင်းချင်တယ်”
သူမရင်ထဲက ဆန္ဒအမှန်ကို ပြောလိုက်ပါတယ်။ ခင်မြန်မာသည် အချစ်ကို မကိုးကွယ်လိုပေမဲ့ အချစ်စစ်ကိုတော့ တန်ဖိုးထားချင်သူ။
ကံကြမ္မာက ခင်မြန်မာကို ဘယ်လိုအခွင့်ပေးမလဲ ဆိုတာကိုတော့ မသိနိုင်သေးပါ။
------------------------------------------  -------------------------------  --------------------------------

“ ဒီတမိုးအောက်မှာ
မောင်တစ်ယောက်ကိုသာ.....”
မေသန္တာတယောက် မေတ္တာဖွဲ့အလင်္ကာတွေ ရေးဖွဲ့ရင်းလောကကို ခဏမေ့သွားပြီ။ ကဗျာရူး စာရူး။ အခုချစ်သူ တွေ့သွားတော့ အချစ်ရူးမလေး ဖြစ်နေလေပြီ။
“ ချစ်မိုးတွေစွေ ဘယ်ခါမစဲ
မောင့်အနား တဖ၀ါးမခွာ
နေချင်တယ် တသက်လုံး”
မချစ်ဖူးလို့ ရူးနေရှာတဲ့ မေသန္တာ ဗညားကို စွဲစွဲလန်းလန်း ချစ်နေမိပြီ။ ဗညားကို ချစ်ပါတယ်လို့ အဖြေမပေး ရသေးပေမဲ့ ရင်ထဲမှာ အဖြေကရှိနေပြီးသား။ မိန်းကလေးတိုင်းလိုလို မျက်စိကျနေတဲ့ ဗညားတယောက် မိမိကို တကယ့်မေတ္တာစစ်နဲ့ ချစ်မြတ်နိုးမဲ့သူ ဖြစ်ပါစေလို့ မေသန္တာ ကြိတ်ပြီးဆုတောင်း နေရသည်။
“မောင်စိမ်းရင် မေ
ရူးသွားလိမ့်မယ်
မောင်က ကျွန်မဘ၀မို့ပါ
အဝေးမသွားနဲ့ကွယ်
မောင့်အပါးမှာ သက်ဆုံးတိုင်
ကြင်နာဖော် ဖြစ်ချင်တယ်။”
တကယ်ချစ်သူတွေ ဖြစ်သွားတဲ့အချိန်ကျရင် ဒီကဗျာတွေ ဗညားကို ပေးဖတ်ရမယ်။ မေသန္တာ စိတ်ကူးနဲ့ ကြည်နူးနေရှာတယ်။
သင်္ချာမေဂျာမှာ အလှဘုရင် (king) ဖြစ်တဲ့ ဗညားတယောက် မျက်နှာမများပါစေနဲ့ ဆုတောင်းနေရတာ ရင်မောစရာ ကောင်းလှပါဘိ။
အချစ်ဟာ ပူလောင်တဲ့ သောကမီး တစ်စလား။
ဟင့်အင်း..အချစ်က သိမ်မွေ့နက်နဲပါတယ်။ အချစ်ဟာ ဘ၀ကိုပိုပြီး လေးနက်လာစေတယ်။ ဗညားကိုချစ်မိတဲ့ မေသန္တာ အရာရာကို အရင်ကထက် လေးလေးနက်နက် စဉ်းစာတတ်လာတယ်။
စိတ်ကူးယဉ်အတွေးနဲ့ ရူးနေပေမဲ့၊ အတူနေကြတဲ့အခါ အိမ်ရှင်မကောင်းဖြစ်အောင် ဘယ်လိုနေမယ်။
ပျော်ရွှင်စရာတွေ ပူပင်စရာတွေကို မျှဝေခံစားကြမယ်။ စိတ်တူကိုယ်တူ အပြန်အလှန် ပါရမီဖြည့်ကြမယ်။
အချစ်ကြောင့် ဒီလိုလေးနက်တဲ့ အတွေးတွေကို မေသန္တာ တွေးတတ်လာတယ်။ အံ့သြစရာတောင်းသား။
ဂရေဟမ်ရဲ့ အေးအတူပူအမျှ သီချင်းထဲက စာသားတွေဟာ မေသန္တာရဲ့ ရင်ကိုထိရှ တိုက်ခတ်လိုက်ပါပြီ။
အချစ်ဟာ အနုပညာပစ္စည်း တစ်ခုလား။
-----------------------------  ----------------------------------------   ------------------------------------
စာအုပ်သရဲတွေဖြစ်တဲ့ ဥမ္မာနဲ့ခင်မြန်မာ တို့နှစ်ယောက် ပန်းဆိုးတန်းက စာအုပ်အဟောင်းတွေကို စိတ်ကြိုက် မွှေနှောက်နေပြီ။ အဟောင်းဆိုင်ဆိုပေမဲ့ ရှားပါးစာအုပ် အကောင်းတွေဆိုရင် ဈေးကမသက်သာလှဘူး။ လိုချင်တဲ့စာအုပ်တွေ့ရင် အာပေါက်မတတ် ဈေးဆစ်ပြီး ၀ယ်ရ
ကိုယ်တိုင်ငွေမရှာနိုင်သေးပဲ မိဘပိုက်ဆံနဲ့ ပညာသင်နေရတာမို့ ချွေတာသုံးစွဲကြသည်။ စာအုပ်ဝယ်ရင်လည်း တူးအင်ဝမ်းစနစ်နဲ့ ရှယ်လုပ်ပြီး ၀ယ်ဖတ်ကြတယ်။ တစ်အုပ်ဝယ်ရင် အဆောင်က သူငယ်ချင်းတွေအားလုံး ဖတ်လို့ရတယ်။ ဆိုးတော့မဆိုးဘူး။
မယ်ဥမ္မာဆိုတဲ့ မိန်းကလေး အင်မတန်ဖြတ်လတ်ပြီး၊ မျက်စိလျင်သည်။
“ခင်မြန်မာ ဟိုမှာလာနေတဲ့ အရပ်မြင့်မြင့် ကိုလူချောက မနေ့ကငါတို့ပြောတဲ့ သင်္ချာက ကင်းဆိုတာလေ”
ကိုလူချောကို ခင်မြန်မာ ကြည့်လိုက်မိသည်။
            “အို”
ကိုလူချောနှင့် အကြည့်ချင်းဆုံမိ သွားဧ။်။ ခင်မြန်မာ ရင်ထဲသိမ့်ကနဲ တုန်သွားတာကို သတိထားလိုက် မိသည်။ သူ့မျက်ဝန်းတွေက ဆွဲအားကောင်းလွန်း ပါဧ။်။
ခင်မြန်မာရင်ထဲ အမည်မသိ ဝေဒနာတစ်ခု ၀င်ရောက်လာပြီ။ ဒါဟာ အချစ်ရဲ့ နိဒါန်းလား။ 
            “သူ့နံမည်က ဗညားဦးတဲ့။ နံမည်နဲ့ လူနဲ့လိုက်တယ်နော်”
            “အင်း”
ဥမ္မာ့စကားကို အလိုက်သင့် ဖြစ်အောင် အင်းလို့ပြောလိုက်ပေမဲ့ ခင်မြန်မာတယောက် စိတ်နဲ့ကိုယ် တခြားစီဖြစ်နေသည်။
သူ့မှာ ရည်းစားရှိနေ ပြီလားမသိ။ ခင်မြန်မာ စိတ်တွေဂနာမငြိမ် ဖြစ်နေသည်။
တကယ့်ခန့်ချော။ မျက်နှာက ကြည်လင်ပြီး မျက်ဝန်းတွေက အရမ်းစိုတယ်။
သူ့အကြောင်းတွေကို ခင်မြန်မာ သိချင်ပါဧ။်။ သူဟာမေတ္တာစစ်ကို တန်ဖိုးထားသူ တယောက်လား။
မျက်နှာများမဲ့သူလား။ ဥမ္မာပြောသလို အိုင်တွေ့တိုင်း ချေဆေးမဲ့လူမျိုးလား။
တွေးရင်း ရင်ထဲမွန်းကြပ်လာသည်။
အချစ်ဟာ မွန်းကြပ်ခြင်းလား။
ဒီညတော့ ခင်မြန်မာ အိပ်ပျော်မည်မဟုတ်။ အိပ်မရမဲ့အတူတူ စာအုပ်ဖတ်ပြီး အာရုံပြောင်းလိုက်တာ ပိုကောင်းမည်။ ဒေါ်ခင်နှင်းယုရေးတဲ့ ဗညားရှိန်း ၀တ္ထုကို ဖတ်လိုက်မိသည်။
ဗညားဦးသည် ၀တ္ထုထဲက ဗညားရှိန်းနှင့် အသွင်များတူလေ မလား။ အဲဒီလိုမဖြစ်ပါစေနဲ့။
------------------------------   -----------------------------------   ----------------------------------------
စာအုပ်အဟောင်းဆိုင်မှာ တွေ့ခဲ့တဲ့ မိန်းကလေးကို ဗညားမျက်စိကျသွားသည်။ သူ့မသူငယ်ချင်း ဥမ္မာကိုတော့ မျက်မှန်းတန်းမိနေသည်။ ဥမ္မာနဲ့အတူတူ အီကို တက်နေတာများလား။
ယဉ်ယဉ်လေးနဲ့ တော်တော်ကြည့်ကောင်းတဲ့ မိန်းကလေး။ ထူးထူးခြားခြား ပြင်ဆင်မထားပဲနဲ့ကို ကြည့်ကောင်းနေတာ။ ဒီမိန်းကလေးကို ချစ်မိသလိုလို။
မေသန္တာကိုရော။ မေသန္တာကို ဗညားချစ်ပါသည်။ မေသန္တာဆိုသော မိန်းကလေးက ဖြူစင်ပြီး ချစ်စရာကောင်း ပါသည်။
ယောက်ျားကောင်း မောင်းမတစ်ထောင် ဆိုတဲ့စကားရှိသားပဲ။ ဒီမိန်းကလေးနှစ်ယောက် စလုံးကို ဗညားချစ်ခွင့် မရှိဘူးလား။
ဗညားစိတ်တွေ ဒွိဟဖြစ်နေပြီ။ စိတ်ထဲနေလို့ ထိုင်လို့မထိဖြစ်နေသည်။ စာအုပ်အထူကြီးဖတ်ပြီး ဈာန်ဝင် နေသော အခန်းဖော်သူငယ်ချင်း လမင်းကို လှမ်းနှောက်ယှက် လိုက်သည်။
နေ့လည်ကတွေ့ခဲ့သော ကောင်မလေးအကြောင်း၊ သူစိတ်ဂနာမငြိမ် ဖြစ်နေကြောင်းကို ဖွင့်ပြော တိုင်ပင် လိုက်မိသည်။
လမင်းက နိုင်ငံရေးပိုးဝင်နေသော ဖီလော်ဆိုဖီကျောင်းသား။ မြန်မာပြည်မှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ် မရှိတာကို မကျေမချမ်းဖြစ်နေသူ။ လမင်းဖတ်တဲ့ စာအုပ်အထူကြီးတွေကို ဗညားစိတ်မ၀င်စားပါ။ ဒါပေမဲ့ စိတ်သဘောထားပြည့်ဝသော သူငယ်ချင်းလမင်းကို ညီအကိုလို ချစ်သည်။
“မင်းပြောတာကို နားထောင်ပြီး ခုနှစ်တန်းတုန်းက သမိုင်းဆရာ ပြောပြတဲ့ ယောက်ျားသဘာဝကို သတိရသွားတယ် ဗညား”
“ဆိုစမ်းပါအုံးကွ”
“တချို့ ယောက်ျားတွေ မဖြူကိုတွေ့ရင် မဖြူကို အချစ်ဆုံးတဲ့။ မနီကိုတွေ့တော့ မနီက အချစ်ဆုံးဖြစ် သွားပြန်တယ်။ ဖြူပြာနဲ့တွေ့ပြန်တော့ ဖြူပြာကို အချစ်ဆုံးပါပဲတဲ့ကွာ”
“ဟားဟား.. မင်းက ဆရာ့စကားနဲ့ ငါ့ကိုနှိပ်ကွပ် လိုက်တာပေါ့”
“ဟုတ်တယ်။ မင်းဟာက မလွန်ဘူးလား။ ဖြူစင်တဲ့ မေသန္တာကို ချစ်လှပါချည်ရဲ့လို့ဆိုတယ်။ အခု မယ်ယဉ်ကျေးလေးကို တွေ့တော့ချစ်မိ သွားတယ်။ ”
“အချစ်ဆိုတာ သူ့အလိုလိုဖြစ်လာတာ။ အချစ်မှာ ကန့်သတ်ချက်တွေ မရှိဘူးလမင်း”
ဥစ္စာပေါ ရုပ်ချော ပွင့်လင်းသော ဗညားကို လမင်းချစ်ခင်ပါသည်။ လူ့ဘ၀ထဲကို လာခြင်းကောင်းစွာ ရောက်ရှိ လာသောဗညားကို မှန်ကန်သော ဘ၀အမြင် လောကအမြင်တွေ ရှိစေချင်မိသည်။ ပျော်ရွှင်စရာတွေ ရှာဖို့တစ်ခုထဲအတွက် တက္ကသိုလ်နယ်မြေကို ရောက်လာသူ မဖြစ်စေချင်။
မေတ္တာစစ်ကို တန်ဖိုးမထားပဲ မိန်းကလေးတွေကို ကစားတတ်သော လူတွေကို လမင်းမနှစ်မြို့ပါ။
            “အချစ်ဟာ ဖန်တီးယူလို့မရဘူး၊ သူ့အလိုလို ဖြစ်လာတယ် ဆိုတာတော့ ငါလက်ခံပါတယ်။
            ဒါပေမဲ့ အချစ်မှာ ကန့်သတ်ချက်တွေ စည်းကမ်းဘောင်တွေ ရှိရတယ်”
“အချင်းချင်းမို့ အားမနာတမ်း ပြောချင်တယ် သူငယ်ချင်း။ တို့များ ယောက်ျားကောင်းပီသစွာ မိန်းကလေးတွေကို ကြင်နာ စာနာကြ၇မယ်။ ချစ်သူမိန်းကလေးတွေ့ရင် တသက်တာလက်တွဲ ဖိုအဆင်ပြေနိုင်မလား အရင်စဉ်းစားရမယ်။
အဆင်ပြေမယ်ထင်ရင် သူ့သဘောထား ကိုယ့်သဘောထားတွေကို အပြန်အလှန်လေ့လာဖို့ လိုတယ်။ ဘ၀တသက်တာ လက်တွဲမယ်လို့ အခိုင်အမာဆုံးဖြတ်ပြီးမှ ဖွင့်ပြောသင့်တယ်။”
လမင်း အကြောင်ကို သိရဲ့နဲ့တိုင်ပင်မိတာ မိမိအမှားပင်။ ဖလော်ဆော်ဖာကြီး တရားဟောစရာရအောင် ဗညား အစဆွဲလိုက်မိသောကြောင့် တရားနာနေရပြီ။ လမင်း ပြောတာတွေမှန်ပါသည်။ ဒါပေမဲ့ တကယ်ကျင့်ဖို့ လိုအပ်သလား။
မိန်းကလေးတွေက ပန်းပွင့်တွေနဲ့ တူတယ်သူငယ်ချင်း။ ပန်းပွင့်တွေ လှပတင့်တယ်ဖို့ လူတွေ မေတ္တာနဲ့ သစ္စာတရားကို တန်ဖိုးထား စောင့်စည်းဖို့ လိုတယ်”
လူတွေတော်တော်များများ သစ္စာတရားကို စွန့်ပယ်ပြီး၊ မေတ္တာတရားတွေကို မျက်ကွယ်ပြုနေကြလို့ ငါတို့တွေ ဆုတ်ခေတ်မှာ လူလာဖြစ်ကြတယ်။ လူတွေ ဒုက္ခပင်လယ်ဝေကြတယ်။
မရှိ ဆိုတဲ့စကားကို မကြားဖူတဲမင်းက ဒုက္ခဆိုတာကို နားလည်မှာမဟုတ်ဘူး”
လမင်း ရဲ့စကားလုံးတွေက ကြီးကျယ်လွန်းတယ်လို့ ဗညားထင်သည်။ လူငယ်ဘ၀မှာ ပျော်ပျော်ပါးပါး နေချင်သည်။ ကျောင်းနေပျော်လို့ စာတော်တယ်ဆိုရင် လူလိမ်မာလို့ ပြောဖို့လုံလောက်တယ်လို့ ဗညားထင် သည်။
ဒီကိစ္စလမင်းကို ရှေ့ဆက်တိုင်ပင်လို့ မဖြစ်တော့။ မေသန္တာကို ဖွင့်ပြောတော့မည် ဆိုတုန်းက လမင်းက သဘောတူသည်။ ကောင်မလေးက လိမ္မာမဲ့ပုံပဲ မဆိုပါဘူးတဲ့။
အခုနှစ်ယောက်ပြိုင်တွဲဖို့ ကြံတာကိုတော့ လမင်းက ကန့်ကွက်သည်။
ဘယ်မိန်းကလေးကို လက်ထပ်မလဲ ဆိုတာ ခုနေစဉ်းစားစရာမှ မလိုသေးပဲ။
လမင်းကို အသိမပေးပဲ ခြေလှမ်းကြဲကြဲ လှမ်းဖို့ပြင်နေပြီ။
-------------------------------------   ------------------------------------  -------------------------------------
နံမယ်လေးက ခင်မြန်မာ
လူသိများသော သူမသူငယ်ချင်း ဥမ္မာမှတဆင့် ခင်မြန်မာနှင့် ခင်မင်ခွင့် ရလိုက်သည်။ တော်တော်လေး သိမ်မွေ့တဲ့ မိန်းကလေး။ ဒီကောင်မလေး ဗညားကို ခိုက်နေတယ်ဆိုတာကို သူမရဲ့ မျက်ဝန်းမှတဆင့် မြင်တွေ့ ရ
မေသန္တာနှင့် အတူရှိနေသော အချိန်များတွင် ဗညားကြည်နူးပါသည်။ အခု ခင်မြန်မာကို တွေ့ရတော့လည်း ဗညားပျော်ရွှင် မိသည်။
လူ့စိတ်ဆိုတာ နားလည်ရခက်သား။
ဒီမိန်းကလေး နှစ်ယောက်လုံးကို ဗညား မစွန့်လွှတ်ချင်ပါ။ ခက်ပြီ။
ခင်မြန်မာကို ဖွင့်ပြောဖို့ ချိန်းဆိုလိုက် လေ
-----------------------------  ------------------------------------   ----------------------------------------
မနက်ဖြန်တွေ့ဖို့ ဗညားက ချိန်းလိုက်သည်။
ခင်မြန်မာ ရင်ဖိုမိသည်။ သူဖွင့်ပြောတော့ မလို့လား။
သူပြောလာရင် ဘာတွေပြန်ပြောရမလဲ..။ တခါထဲ အဖြေပေးလိုက်လို့ တော့မဖြစ်။
စဉ်းစာဖို့ အချိန်ပေးပါလို့ ပြောရမယ်။
စိတ်လှုပ်ရှားလွန်းပြီး ညနေစားတောင် ကောင်းကောင်းစာလို့ မ၀င်ဘူး။
ခင်မြန်မာ ကိုယ့်အတွေးနဲ့ကိုယ် ရှိနေစဉ် မယ်ဥမ္မာရောက် လာသည်။
            “သူငယ်ချင်း ခင်မြန်မာ နင့်ကိုစိတ်မကောင်းစရာ သတင်းပြောပြရအုံးမယ်။ ပြောသင့်တယ်ထင်လို့”
            “အင်း ပြောလေ”
“နင့်ကို လိုက်နေတဲ့ ကိုဗညားက မြန်မာစာပေဌာနက ဂုဏ်ထူးတန်းတက်နေတဲ့ မေသန္တာဆိုတဲ့ မိန်းကလေးကို ပရိုပို့စ် လုပ်ထားပြီးသားတဲ့”
“ဘာရယ်”
ခင်မြန်မာရင်ထဲ မိုကြိုးသွား နစ်ဝင်သွားသလို ခံစားလိုက်ရတယ်။ မမျှော်လင့်ခဲ့သော မကြားချင်သော သတင်းစကားကိုမှ ကြားလိုက်ရသည်။
            “ဟုတ်တယ် သူငယ်ချင်း။ မေသန္တာက အဖြေမပေးရသေးပေမဲ့ ဗညားကို သိပ်ချစ်တာတဲ့”
“မင်းစဉ်းစားနိုင်အောင် တို့ကအသိပေးတာပါ။
အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ တရားသော ချစ်ခြင်းကမှ လူတွေကို အမှန်တကယ် ငြိမ်းချမ်းစေတာပါ။
ဥမ္မာကို ဘာရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုတာကို ခင်မြန်မာ ကောင်းကောင်း သဘောပေါက်ပါသည်။ မေသန္တာနှင့် ရည်းစားမဖြစ်သေးသော ဗညားကို ခင်မြန်မာ လက်ခံခွင့်တော့ရှိပါသည်။ သို့ပေမဲ့ သင့်တော်ပါ သလား။
ဖူးစာဆိုတာ ဦးရာလူလို့ ဆိုစတမ်းလား။ မေသန္တာစွန့်ပြီး ဗညားမိမိဘက် ပါလာအောင် သိမ်းသွင်းရမှာလား။ ဟင့်အင်း...ဒီလိုတော့ မဖြစ်သင့်ဘူး။
မေသန္တာရဲ့ အသဲနှလုံးတွေ ကြေမွသွားပြီးမှ ဗညားကို ပိုင်ဆိုင်ရမယ်ဆိုရင် ခင်မြန်မာ ပျော်နိုင်ပါ့မလား။ မေသန္တာကို သစ္စာမဲ့ခဲ့သလို ဗညားက ခင်မြန်မာအပေါ် သစ္စာမဖောက်ဖူးလို့ မပြောနိုင်ပါ။
မေသန္တာက မဖြူ၊ ခင်မြန်မာက မနီဆိုရင်၊ ဗညားတစ်ယောက်  ဖြူပြာနဲ့တွေ့ဖို့ အလားအလာတွေ အများကြီး ရှိနေပါသည်။
ပွင့်လန်းဖို့ အသင့်ဖြစ်နေတဲ့ သဲဦးပန်း အဖူးအငုံလေးကို တော့နှမျှော မိပါသည်။
ရက်စက်လိုက်တာ ကိုဗညားရယ်...
ခင်မြန်မာ မငိုချင်ပေမဲ့ မျက်ရည်တွေက တားမရဆီးမရ လှိမ့်ဆင်းလာ
မာနတွေ အငွေ့ပြန်ပြီး ကျလာတဲ့ မျက်ရည်ပူတွေ။
မနက်ဖြန် ဗညားနဲ့တွေ့ရင် အပြတ်ငြင်းလိုက်မယ်လို့ ဆုံးဖြတ်လိုက်
-------------------------------  ------------------------------------------   ------------------------------------
ဗညားတယောက် မိမိကိုယ်ကို ယုံကြည်ချက် အပြည့်နှင့်။ ခင်မြန်မာ သူ့အချစ်ကို ချက်ချင်းလက်မခံရင် တောင်မှ စဉ်းစားပါရစေဆိုတဲ့ တုန့်ပြန်မှုကို သေချာပေါက် ရလိမ့်မယ်လို့ တွက်ထားသည်။
သည်လိုဆိုရင် ချစ်သူဖြစ်ဖို့ တ၀က်သေချာသွားပြီ။
ခင်မြန်မာက တည်တည်ငြိမ်ငြိမ်ပင်။
            “ခင်မြန်မာကို ကိုယ်စတွေ့ ကတည်းကစိတ် ၀င်စားတယ်။ ရည်ရွယ်ထားသူ ရှိနေပြီလား”
            “ဟင့်အင်း..မရှိသေးပါဘူး ကိုဗညား”
“ဒါဆိုရင် ကိုယ့်ဆုတောင်းပြည့်တာပေါ့။ ကိုယ် ခင်မြန်မာကို ချစ်တယ်။ တသက်လုံး မြတ်မြတ်နိုးနိုး ချစ်ချင်တယ်။ ကိုယ့်အချစ်ကို လက်ခံနိုင်မလား”
တတ်လဲ တတ်နိုင်တဲ့ ကိုဗညား
            “ကိုယ်ဗညားက မေသန္တာကိုလည်း သိပ်ချစ်တာပဲလား”
ဗညားလုံးဝ မျှော်လင့်မထားသော တိုက်ကွက်ဝင်လာသည်။ မေသန္တာနှင့် ပတ်သက်သော အကြာင်းကို သူမ သိသွားပြီ။ ဗညား နြေ္ဒမပျက် တုန့်ပြန်လိုက်
“သြော် မေသန္တာအကြောင်း ခင်မြန်မာ သိနေတာကိုး။ ကိုယ် စိတ်ကစားမိခဲ့တာကို ၀န်ခံပါတယ်။ မေသန္တာနဲ့ ခင်မင်ရင်းနှီးခဲ့ရာက သူ့ကို ချစ်မိတယ်လို့ ထင်ခဲ့မိတယ်။ ခင်မြန်မာနဲ့ တွေ့မှတကယ့် အချစ်စစ်ကို ကိုယ်နားလည် သွားတယ်”
“တော်ပါတော့ ကိုဗညားရယ်။ အရင်က မေသန္တာနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ကျွန်မ မသိခဲ့လို့ ကိုဗညားကို အလိုက်သင့် ဆက်ဆံမိခဲ့ပါတယ်။
အခုအကြောင်းစုံ သိရပြီးပြီမို့ ကိုဗညားကို လက်မခံနိုင်ပါဘူး။ မသိဘူး မမြင်ဖူးပေမဲ့ ဘ၀တူမိန်းမသားချင်း ဖြစ်တဲ့မေသန္တာကို ကျွန်မ သစ္စာစောင့်သိ ပါရစေ”
စကားသစ္စာ မှန်သောခါက
သြဇာလေးနက် မြေဆီထက်က
နွယ်မြက်သစ်ပင် ဆေးဖက်ဝင် တဲ့ကိုဗညား
ကျွန်မရဲ့ သစ္စာစောင့်သိမှုကြောင့် ကိုဗညား အပါအ၀င် လူတွေ ချစ်ခြင်းမေတ္တာကို တန်ဖိုးထား ကြပါစေ၊ စောင့်စည်းအပ်သော သိက္ခာတွေကို စောင့်ထိန်းကြလို့ ကမ္ဘာမြေ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်။
ကျွန်မသွားတော့မယ် ကိုဗညား”
--------------------------------------  --------------------------------------  -----------------------------------
ဗညားတယောက် လှလှပပလေး ပညာပေးခံလိုက်ရပြီ။
ထင်မထားဘူး။ တော်တော်လေး ခံရခက်သွားသည်။
မာနကို စော်ကားခံလိုက်ရတာလား။ သိက္ခာကို ထိခိုက်သွားတာလား။ တကယ်တော့ မိန်းကလေးတွေကို ဗညားလျှော့တွက်ထားတာ။
ဒီခေတ်ကြီးထဲမှာ ခင်မြန်မာလို မိန်းကလေးတွေ ရှိနေသေးသလား။ အမေတို့၊ အဖွားတို့ခေတ်က ရှိဖူးတယ်ဆို တာကိုတော့ ဗညားယုံကြည်သည်။
နှစ်ဆယ့်တစ်ရာစု မိန်းကလေးတွေ သိပ်မခက်ဘူးလို့ ဗညားထင်ခဲ့သည်။
သူချွေရင် ကြွေမဲ့မိန်းကလေးချည်းလို့ အောက်မေ့ခဲ့သည်။
ခံရခက်လွန်းလို့ နေမထိ ထိုင်မထိဖြစ်နေသည်။ ဘယ်လိုမှနေလို့ မရတဲ့အဆုံး ချစ်သူငယ်ချင်း လမင်းကိုပဲ ရင်ဖွင့်ရတော့သည်။ သူဆဲရင်လည်း ခံရပါတော့မည်။
လမင်းက ပညာရှိပါသည်။ ဗညား ပြောသမျှကို လေးလေးနက်နက် နားထောင်သည်။ ဗညားကို အပြစ်တခွန်း မဆို။ သူမျက်နှာပေါ်မှာ ကြည်လင်သော အပြုံးရိပ်ကို တွေ့ရသည်။
            “ခင်မြန်မာဆိုတဲ့ မိန်းကလေးကို တကယ်လေးစားသွားပြီ။ အဲဒီလိုပဲ ဖြစ်သင့်တယ် သူငယ်ချင်း”
            “ခင်မြန်မာကို မင်းအငြိုးမထားသင့်ဘူး”
ထုံစံအတိုင်း လမင်းဟောတဲ့ တရားနာရလေပြီ။
“ပုခက်လွှဲသော လက်ပိုင်ရှင်သည် ကမ္ဘာကို အုပ်စိုးလေဆိုတဲ့စကားကို မင်းကြားဖူးမှာပေါ့။ ပုခက်လွှဲမဲ့ မိခင်လောင်းတွေ ခင်မြန်မာလို နှလုံးသားကြီးပြီး၊ လူ့စည်းကမ်းတွေ စောင့်စည်းတတ်ဖို့ လိုတယ်။ ဒီလိုမိခင်တွေဟာ သားသမီးတွေကို အကျင့်စာရိတ္တကောင်းပြီး၊ လောကကိုအကျိုးပြုမဲ့ သားကောင်းရတနာ ဖြစ်အောင်ပျိုးထောင် ကြလိမ့်မယ်
“လိမ္မာတဲ့ အမျိုးသမီးတွေများလာရင် သားကောင်းရတနာတွေ ပိုများလာပြီး လောကငြိမ်းချမ်းသာယာ လိမ့်မယ်”
“အစဉ်အလာအရ ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာမိန်းကလေးတွေ နြေ္ဒရှင်  မိန်းမမြတ်တွေ ဖြစ်အောင် ငါတို့ ယောက်ျားတွေကလည်း ကျင့်ဝတ်သိက္ခာတွေကို စောင့်ထိန်းဖို့ လိုတာပေါ့”
“မိန်းကလေးတွေကို သွေးဆောင်ဖျားယောင်းပြီး၊ နင်းချေဖျက်စီးတာတွေ မလုပ်သင့်ဘူး”
“ခင်မြန်မာက မင်းကိုပြတ်ပြတ်သားသား ငြင်းလိုက်ပြီဆိုတော့၊ မေသန္တာကို မင်းသစ္စာ ရှိရှိချစ် သွားပါလို့ ပြောချင်တယ် သူငယ်ချင်း”
ဗညား မေသန္တာကို ရင်ဆိုင်ဖို့ မလုံမလဲဖြစ်နေပါသည်။ ဒီမိန်းကလေးကို ချစ်ရေးဆိုထားပြီး အဖြေမတောင်းပဲ နေတာ တော်တော်လွန်နေသည်။ သူ့ခင်မျာ ဘယ်လိုနေရှာမလဲ။
တကယ်တော့ မေသန္တာသည် တကယ်အပြစ်ကင်းသော မိန်းကလေး။
ရှေ့အပတ်ကျရင်တော့ သူကလေးကို သွားတွေ့ပြီး အဖြေတောင်းလိုက်တော့မည်။
လောလောဆယ်တော့ စိတ်တည်ငြိမ်အောင် နေလိုက်အုံးမည်။
-----------------------------------  ------------------------------------  -------------------------------------
ခင်မြန်မာဆိုသော မိန်းလေးကို ဗညားလိုက်နေသည်ဟု ကြားတော့ မေသန္တာရင်ပူ ရပါသည်။
သို့သော် ဗညားကို မမုန်းနိုင်ပါ။
သူရက်စက်ရင် ရင်ဆီးခံဖို့သာရှိသည်။
သူတောင်းပန်ရင် ခွင့်လွှတ်မည်။
သူကြင်နာရင် ပျော်ချင်သည်။
သူတွဲခေါ်ရင် ကမ္ဘာကြီး အပြင်ဘက်ထိ လိုက်ရဲသည်။
            “မောင့်ကို ရင်ထဲနှလုံးသားထဲက
            မာနကင်းစွာ ချစ်ခဲ့ပါသည်
            အသဲဦးပန်းလေး မနွမ်းစေချင်”
ကဗျာရေးကောင်းနေတုန်း လက်ကိုင်ဖုန်းထဲ မက်ဆေ့ဝင်လာသည်။ ဗညားထံမှဖြစ်သည်။ ဒီတနင်္ဂနွေမှာ ဆုံရအောင်တဲ့။
ဗညားတစ်ယောက် မိမိကို မလှိမ့်တပတ်နဲ့ ဟန်ဆောင်ချစ်ပြ အုံးမလို့လား။
ဒါမှမဟုတ် ချစ်သူအသစ်တွေ့သွားပြီ၊ သူ့ကိုခွင့်လွတ်ပါလို့ ပြောမှာလား။
ရင်ထဲမှာ ဗလောင်ဆူနေပါပြီ။
အချစ်က ပူလောင်လိုက်တာ။
---------------------------------  ----------------------------------  ---------------------------------------
ဒီတခါ ဗညားရဲ့ အကြည့်တွေက ထူးခြားသည်။ အကြင်နာရိပ်တွေ ပါတယ်လို့ထင်မိသည်။ ဝေခွဲရခက်လိုက် ပါဘိ။ ဘယ်လိုပဲ ဖြစ်ဖြစ်မေသန္တာ ကြည်နူးမိပါသည်။
            “မေ ကဗျာတွေရေးသေးလား”
            “ရေးတာပေါ့”
            “တို့ကို ဘယ်တော့ပေးဖတ်မှာလဲ”
            “ဗညားက မေသန္တာရေးတဲ့ ကဗျာကို ဖတ်ချင်သေးတယ်လား”
            “တို့ကို ချစ်တယ်လို့ ပြောတဲ့ကဗျာတွေ ဖတ်ချင်ပြီ။ တကယ်ပြောတာပါ”
            “ခင်မြန်မာကိုရော ကဗျာရေးခိုင်းသလား”
“အဲဒီအတွက် တို့တောင်းပန်ပါတယ် မေ။ တို့တကယ် မကောင်းဘူးဆိုတာ ၀န်ခံပါတယ်။ ခင်မြန်မာက ငြင်းလိုက်ပါပြီ။ မေသန္တာကို သစ္စာစောင့်သိ ပါရစေတဲ့”
“သြော်”
ခင်မြန်မာကိုတော့ လေးစားပါသည်။ သို့သော်လည်း မေသန္တာရဲ့ မာနလေးများကတော့ ပဲ့ကြွေသွားရပြီ။ ခင်မြန်မာငြင်းလိုက်လို့ ဗညားသူ့ဆီ အဖြေတောင်းဖို့လာတာ။
မေသန္တာ ဗညားကို ငြင်းနိုင်တဲ့ အင်အားမရှိပါ။
ဗညားကို အသဲနစ်အောင်ချစ်မိခြင်းက သူမရဲ့ မာနတွေကို အနိုင်ယူလိုက်ပြီ
မာနနှင့်ပြိုင်ရင် ချစ်ခြင်းကနိုင်လေ။ ၄င်းသည် အချစ်စစ်ဖြစ်လေ
            မေသန္တာ ဗညားကို သိပ်ချစ်ပါတယ်။ မပြောဘဲလည်း ဗညားသိမှာပါ။
            တို့ ဗညားကို ချစ်တဲ့အချစ်မှာ မာနတွေ၊ ပကာသနတွေ၊ ယှဉ်ပြိုင်အနိုင်ယူချင်တာတွေ ဘာမှမပါဘူး။
            တို့ရဲ့အချစ်မှာ သစ္စာတွေ၊ မေတ္တာတွေ၊ ခွင့်လွတ်ခြင်းတွေပဲ ရှိတယ်။
            ဗညား တို့ကိုထားခဲ့ရင် နေခဲ့မယ်။ ပြန်လာရင် လက်ကမ်းကြိုနေမယ်။
            ဗညားရဲ့အနားမှာ တရားဝင်ဇနီးမယား မရှိသေးတဲ့အချိန်ထိ ဗညားအပေါ် သစ္စာရှိရှိချစ်နေမယ်”
မေသန္တာရဲ့ သစ္စစကားများကြောင့် ဗညားရဲ့ နှလုံးသားတွေ တုန်လှုပ်သွားရသည်။
ဘယ်လောက်ဖြူစင် လိုက်တဲ့မိန်းကလေးလဲ။
ဗညားရဲ့ အသဲနှလုံးတွေ အရည်ပျော်ကျသွားပြီ
ဒီလိုမိန်းကလေးကို ဗညားတို့လို ပုရိသတ်ယောက်ျားတွေ သစ္စာမရှိသင့်ပေဘူးလား။
နှလုံးသားကြီးတဲ့ ဒီမိန်းကလေးကို ဗညာမစွန့်လွတ် နိုင်တော့ပါ။
နူးညံ့သိမ်မွေ့ခြင်းသည် အရာရာကို အောင်မြင်
သိမ်မွေ့ အပြစ်ကင်းသော မေသန္တာ ချစ်ခြင်းမေတ္တာသည် ဗညား နှလုံးသားနှင့်အတူ ဘ၀တစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်
ဗညားသည် မေသန္တာ ဖခုံးလေးကို အသာအယာဖက်လိုက်ပြီး နှလုံးသားစကားများ ဆိုလိုက်တော့သည်။
            “မေ့ကို  မောင်တကယ် သိပ်ချစ်တယ်။
အမှားလုပ်ခဲ့မိလို့ မေ့ကိုသစ္စာရှိရှိ ချစ်ပါမယ်လို့ ကတိစကားမပြောလိုတော့ဘူး။
မောင် အချိန်ကိုပဲ သက်သေပြုချင်ပါတယ်။
မောင်နဲ့ မေတို့ရဲ့ချစ်ခြင်းခွန်အားတွေနဲ့ ကမ္ဘာမြေကို အလှဆင်ကြမယ်နော်”
ချစ်သူနှစ်ဦး နှလုံးသွေးများ မနှေးမမြန် စည်းချက်မှန်စွာ စီးဆင်းနေလေတော့
ချစ်တတ်သူတို့သည် နှလုံးခုန်မှန် သွေးလည်ပတ်မှု ကောင်းကြ
အချစ်စစ်ကို ပိုင်ဆိုင်ထားသူတို့သည် ကျန်းမာရေးကောင်းကြ
အချစ်ကံခေသူတို့သည် နှလုံးသွေးကြော မကျန်းမာကြပါ။
အချစ်စစ်သည် ဖြူစင်သန့်ရှင်း
သစ္စာမရှိသူတို့ကြောင့် အချစ်က အကြဉ်းတန် အရုပ်ဆိုးရ။ ပူလောင်တယ်၊ ကျဉ်းမြောင်းတယ်ဟု အပြစ်ဖို့လာကြ
ချစ်ခြင်းသည် မာနကို ယှဉ်ပြိုင်အနိုင်ရလေ၏။
ကျင့်ဝတ်သိက္ခာတို့နှင့် ယှဉ်ပြိုင်လာလျှင် ချစ်ခြင်းက အရှုံးပေးသင့်လေ၏။
မာနနှင့်ပြိုင်လျှင် ဂုဏ်သိက္ခာက အနိုင်ရသင့်လေသည်။
အချစ်စစ် မေတ္တာစစ်ကို ပိုင်ဆိုင်ကြပါစေ။

စံပယ်ဖြူ


No comments:

Post a Comment