Welcome!



ကျွန်မ တွေ့ကြုံ၊ ခံစား၊ လေ့လာဆည်းပူး ခဲ့သမျှကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး ရေးသားထားတဲ့ စာစုများတည်ရာ ...ကျွန်မဧ။် နှလုံးသွေးစက်များ စီးဆင်းရာ.... ကျွန်မဘ၀ ရုပ်ပုံလွှာ.....

Sunday 30 September 2012

ရင်ခွင်မဲ့ ဘ၀များ


လောကမှာ တရားအရိပ်ပြီးရင် မိဘမေတ္တာရိပ်ထက် လုံခြုံတဲ့အရိပ် မရှိနိုင်ဘူးဆိုတာ လူတိုင်းလက်ခံထားတဲ့ အမှန်တရားပါ။ မိခင်တွေကသာ သားသမီးတွေကို အသက်ပေးပြီး စောင့်ရှောက်ကြသလို၊ ဖခင်တွေက သားသမီးတွေကို ဘ၀တခုလုံးပေးဆပ်ပြီး ကျွေးမွေးစောင့်ရှောက် ကြသူတွေပါ။ မိဘအရိပ်နဲ့ကင်းကွာပြီး ရင်ခွင်မဲ့ဘ၀နဲ့ ကြီးပြင်းရတဲ့သူတွေ ဘ၀ကိုဘယ်လို အဓိပ္ပါယ်ဖွင့်ကြမှာပါလိမ့်။
ကျွန်မ သူနာပြူတက္ကသိုလ်တက်တုန်းက ရွှေဂုံတိုင် မိဘမဲ့ကလေးထိန်းကျောင်းကို လေ့လာရေးသွားခဲ့ ရပါတယ်။ အသက် (၅)နှစ်အောက် မိဘမဲ့ကလေးတွေကို စောင့်ရှောက်တဲ့ လူမှုဝန်းထမ်းဦးစီဌာန လက်အောက်က ဌာနတခုဖြစ်ပါတယ်။ ကျွန်မတို့ ရောက်သွားတော့ ဌာနအကြီးအကဲနဲ့ ၀န်ထမ်းအချို့က ကလေးထိန်းကျောင်းရဲ့ ဆောင်ရွက်ချက်တွေနဲ့ ကျွန်မတို့ သိချင်တာတွေကို ရှင်းပြပေးပါတယ်။သူတို့ရှင်းပြတာတွေ နားထောင်ပြီးတော့ ကျွန်မတို့ ကလေးတွေနဲ့တွေ့ရ ပါတယ်။ဆင်တူဝတ်စုံတွေနဲ့ ကလေးငယ်တွေ ကျွန်မတို့ကို အပြေးအလွှား ဆီးကြိုဖက်တွယ်ကြပါတယ်။ သူတို့လေးတွေ ယုယချီပိုးခံချင်လို့ ပြေးဖက်လာကြတာပါ။ ကျွန်မတို့သူငယ်ချင်းတစုလည်း တယောက်ကို ကလေးနှစ်ယောက်စီ ချီထားကြပါတယ်။ ကြာကြာမချီနိုင်တော့ ကြမ်းပြင်မှာ တင်ပလင်ခွေထိုင်ပြီး၊ ကလေးနှစ်ယောက်ကို ပေါင်တဖက်စီပေါ် တင်ထားကြပါတယ်။ ကြင်နာယုယမှုကို အငန်းမရ လိုချင်မွတ်သိပ်နေရှာတဲ့ ရင်ခွင့်မဲ့ကလေးတွေကို မြင်ရတာ ကြေကွဲစရာကောင်းပါတယ်။

Saturday 8 September 2012

ဆေးလိပ်သောက်သူတို့ဧ။် ရှူးဖိနပ်ကိုစီးကြည့်ခြင်း


ဆေးရုံမှာ အလုပ်လုပ်တဲ့ သူနာပြုတွေ ဆရာဝန်တွေအတွက် အမှာစကားတစ်ခွန်း ရှိပါတယ်။ သင်ကိုယ်တိုင် လူနာရဲ့ရှူးဖိနပ်ထဲ ၀င်နေကြည့်ပါတဲ့။ ကိုယ်ချင်းစာရမယ်လို့ ဆိုလိုတာပါ။ ကိုယ်ချင်းစာတယ် ဆိုတာ  တခြားတယောက်ရဲ့ နေရာမှာဝင်နေပြီး ခံစားသုံးသပ်ခြင်း၊ ထပ်တူခံစားပြီး စာနာနားလည်ပေးနိုင်ခြင်း ပဲဖြစ်ပါတယ်။
လူနာတစ်ဦး မှန်မှန်ကန်ကန် ပြောတာကို သဘောကျမိ ပါတယ်။ သူနာပြုတွေ ဆရာဝန်တွေက လူနာရဲ့ ရှူးဖိနပ်ထဲ ၀င်နေကြည့်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့လေ။ လူနာရဲ့ဖိနပ်ကို သူနာပြုသမားတော် တွေ စီးလို့မတော်နိုင်ပါဘူးတဲ့။ မှန်ပါတယ်။ ကျွန်မတို့ တခြားတယောက်၇ဲ့ ဖိနပ်ကိုစီးရင် တော်ဖို့ခဲယဉ်း ပါတယ်။ စီးတဲ့ဖိနပ် နံပါတ်တူရင်တောင်မှ နည်းနည်းချောင်နေတာ၊ ကြပ်နေတာမျိုးတွေ ရှိနေပါတယ်။ သို့ကလိုပဲ လူတွေကို ထပ်တူခံစား နားလည်နိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ပါတယ်။
ဆေးလိပ်သောက်သူတွေရဲ့ ဖိနပ်ကိုစီးပြီး ကျွန်မဒီစာကို ရေးပါတယ်။ မတော်တဲ့ ဖိနပ်ကိုစီးပြီးတော့လည်း လမ်းလျှောက်လို့ ရတာပဲလေ။ ကျွန်မ ဆေးလိပ်ကိုနှစ်ခြိုက်စွာ စွဲလန်းနေတဲ့သူဆိုပါစို့။ ဘာကြောင့်ဆေးလိပ် စွဲသွားသလဲ။ ငယ်ငယ်ကပေါ့။ ရွာမှာနေတော့ လူကြီးတွေက ဆေးလိပ်မီးညှိခိုင်းတယ်လေ။ ဘာရယ်ဟုတ်ဘူး၊ ဆေးလိပ်မီးညှိရင်းနဲ့ စမ်းဖွာကြည့်လိုက်တယ်။ အဲဒီလို စမ်းဖွာကြည့်ရင်းနဲ့ ဆေးလိပ်ကိုကြိုက်ပြီး စွဲသွားတယ်။


Wednesday 5 September 2012

အပျင်းရောဂါစွဲကပ်လာ မြန်စွာကုဖို့ပြင်...


မူလတန်းဖတ်စာမှာ သင်ရတဲ့ ပျင်းရိခြင်းအကြောင်း (၆)ပါးကို မှတ်မှိကြလားမသိဘူး။ စောသည်၊ဆာသည်၊ နောက်ကျသည်နှင့် အေးသည်၊ ပူသည်၊ ပြည့်အင့်သည်ဆိုတဲ့ ပျင်းရိခြင်းအကြောင်းတွေကို ကျွန်မတော့ အလွတ်ရနေသေးတယ်။ တခါတလေ ဘာအကြောင်းမှမရှိပဲ ပျင်းတာလည်းရှိသေးတယ်။ (Being lazy without reason) အကြောင်းမရှိပဲ ပျင်းရိခြင်းမျိုးပါ။
ကျွန်မရဲ့ အပျင်းကြီးတဲ့ ၀ါသနာဗီဇအကြောင်းကို ပြောပြချင်တယ်။ ပျင်းတာကို အားကျစေချင်လို့ မဟုတ်ဘူး။ ပြောပြစရာတွေရှိနေလို့။ ငယ်ငယ်က ကျွန်မအင်မတန် ပျင်းတယ်။ အပျင်းထူလွန်းတဲ့ ကျွန်မကို အစ်မက ဘာပြောလဲသိလား။ နင်တနေ့တနေ့ အပျင်းရည်ထွက်တာကို စုထားရင် တနေ့ရေတစ်ပုံးလောက်ရမယ်လို့ ပြောပါတယ်။ တခါတလေကျတော့ ချစ်စနိုးနဲ့ ကျွန်မကိုစာသားလေး တစ်ခုရွတ်ပြပါတယ်။ “အပျင်းရောဂါ စွဲကပ်လာ မြန်စွာကုဖို့ပြင်.. မကုစားပဲအပျင်းစွဲ ငမွဲငတေပင် “ ဆိုတဲ့ စာကိုရွတ်ပြတယ်။ ငယ်သေးတော့

Sunday 2 September 2012

သူငယ်ချင်းတွေမို့

အချစ်ဦးလို့ မဆိုချင်တော့ဘူး
သူငယ်ချင်းတွေပဲမို့......
....တကယ်ဆို ဒို့နှစ်ယောက်
အတူရွှင်ပျော် ရွှေလက်တွဲဖို့
ဖူးစာနတ်မရေးခဲ့တာကို
မသိနားမလည်စွာ
အဖြူရောင်စည်းကို ကျော်ခဲ့ကြတယ်။
 
ရင်ခုန်သံတွေထပ်တူ
နှလုံးသားချင်း နီးခဲ့ဖူးသူတွေ.....